နိုင်ငံတစ်နိုင်ငံတွင် 
အခြေခံဥပဒေပေါင်း မြောက်များစွာရှိပေသည်။ အချို့သော ဥပဒေများသည် ပြင်းထန်၍ 
ပြည်သူများ သဘောတူရန် ခက်ခဲသဖြင့် လက်မခံနိုင်သကဲ့သို့ အချို့သော 
ဥပဒေများသည် ပြည်သူအများ လက်ခံကျင့်သုံးသဖြင့် ရှေးကာလမှ ယနေ့ထိတိုင် 
အသုံးပြုနေစဲ ဖြစ်သည်ကို တွေ့ရမည်ဖြစ်ပါသည်။ ဥပမာ - အရေးပေါ်စီမံမှု 
အက်ဥပဒေသည် 2008 အခြေခံဥပဒေတွင် ပြဌာန်းထာခြင်း မဟုတ်ပဲ ယခင်က 
ပြဌာန်းထားခြင်း ဖြစ်သော်လည်း ၎င်းဥပဒေအား ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း 
ဖျက်သိမ်းခြင်း မရှိသေးသဖြင့် ယနေ့အထိတိုင် အာဏာတည်နေသည်ကို 
တွေ့ရှိနိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့်ပင် ၎င်းဥပဒေအား ဖျက်သိမ်းရင် 
လွှတ်တော်တွင် အဆိုတင်သွင်းနေကြသော်လည်း အောင်မြင်ခြင်း မရှိသေးသည်ကို 
တွေ့နိုင်ပါသည်။
အခုဖြစ်နေတဲ့ ဘင်္ဂါလီကိစ္စမှာ 
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး မရှိဘူး ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုတော့ 
ကျွန်တော်လည်း ပြန်လှန်လေ့လာကြည့်လေတော့ 1982 ခုနှစ်တွင် ပြဌာန်းသည့် 
ပြည်သူ့လွှတ်တော် ဥပဒေ အမှတ် 4 ဆိုတာကို သွားတွေ့တယ်။ အဲ့ဒိဥပဒေရဲ့ အပိုဒ် 
(၁) တွင် ၎င်းဥပဒေအား မြန်မာနိုင်ငံသား ဥပဒေဟု ခေါ်တွင်သည်လို့ ရေးထားတာ 
တွေ့ရပါတယ်။ အထဲမှာ ပါတဲ့ အကြောင်းအရာတွေဟာ မြန်မာနိုင်ငံသား ဖြစ်ခွင့်၊ 
မြန်မာနိုင်ငံသားအဖြစ် လျှောက်ထားပိုင်ခွင့်၊ မြန်မာနိုင်ငံသားအဖြစ်မှ 
ရပ်စဲခြင်းတို့ ပါဝင်တဲ့အတွက် အခုဖြစ်နေတဲ့ ဘင်္ဂါလီအရေးအခင်းမှာ 
အများကြီးအထောက်အကူဖြစ်မယ်လို့ ယူဆလို့ လေ့လာကြည့်ပါတယ်။ 1982 ခုနှစ်က 
ပြဌာန်းထားတဲ့အတွက် အခုအချိန်မှာ အာဏာမတည်ဘူးလို့ ယူဆရင် မှားမှာ 
ဖြစ်ပါတယ်။ ၎င်းဥပဒေမှာ 2008 အခြေခံဥပဒေတွင် ဖျက်သိမ်းခြင်း မရှိခဲ့သလို၊ 
ယခုလွှတ်တော်မှာလည်း ဖျက်သိမ်းခြင်း၊ ပြင်ဆင်ခြင်း၊ 
ဖြည့်စွက်ခြင်းမရှိတဲ့အတွက် အဲ့ဒိဥပဒေဟာ 2008 ဖွဲ့စည်းပုံ အခြေခံ ဥပဒေ 
အခန်း (14) ကူးပြောင်းရေးကာလ ပြဋ္ဌာန်းချက်များ ပုဒ်မ 446၊ 447 အရ ဆက်လက် 
အာဏာတည်နေပါတယ်။ အကယ်၍ 2008 ဖွဲ့စည်းပုံ အခြေခံဥပဒေကို 
လက်မခံသူများအတွက်လည်း ၎င်းဥပဒေဟာ ပင်ကိုပကတိအတိုင်းကို အာဏာတည်နေဆဲပါပဲ။
စပြီးတော့
 ရှင်းလင်းမယ်ဆိုရင် အဲ့ဒိဥပဒေရဲ့ နောက်ဆုံးအပိုဒ်ကိုပဲ 
အရင်ထုတ်နှုတ်တင်ပြပါရစေ။ မလိုလားအပ်တဲ့ အငြင်းပွားမှုတွေ 
မဖြစ်စေချင်တဲ့အတွက်လည်း ပါပါတယ်။ ၎င်းဥပဒေ၏ အခန်း (8) အထွေထွေ၏ အပိုဒ် 76 
အပိုဒ်ခွဲ (က) နှင့် (ခ) 1948 ခုနှစ်တွင် ပြဌာန်းခဲ့သည့် 
မြန်မာနိုင်ငံသားအဖြစ် (ရွေးချယ်ရေး) အက်ဥပဒေ၊ မြန်မာနိုင်ငံသားဖြစ်မှု 
အက်ဥဒေများအား ယခုဥပဒေဖြင့် ရုတ်သိမ်းလိုက်သည်ဟု ဖော်ပြထားပါသည်။ 
သို့ဖြစ်သည့်အတွက် ယခင်ရှိခဲ့သည့် ဥပဒေများအစား ယခု အာဏာသက်ဝင်နေသည့် 
ဥပဒေဖြင့်သာဆက်လက် ဖြေရှင်းဖော်ပြသွားမည် ဖြစ်ပါသည်။
၎င်းဥပဒေ 
အခန်း (2) နိုင်ငံသားဖြစ်ခြင်း၏ အပိုဒ် (3) တွင် နိုင်ငံတော်တွင်ပါဝင်သော 
နယ်မြေတစ်ခုခု၌ မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၈၂၃ ခုနှစ် 
မတိုင်မီကာလမှစ၍ ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခဲ့သော ကချင်၊ ကယား၊ ကရင်၊
 ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်သားများနှင့် 
မျိုးနွယ်စုများသည် မြန်မာနိုင်ငံသားများဖြစ်သည် ဟု ပြဌာန်းထားပါသည်။ 
သို့ဖြစ်သည့်အတွက် ချင်းလူမျိုးများအား ရှေးယခင် 1823 ခုနှစ်ကပင် 
ရှိခဲ့သည့် တိုင်းရင်းသား မျိုးနွယ်စုများဟု သတ်မှတ်ဖော်ပြထားသည့်အတွက် 
ဒေါက်တာဇာနည်၏ ချင်း လူမျိုးများသည် 1900 ပြည့်နှစ် မတိုင်မှီက 
မြန်မာပြည်တွင် ချင်း လူမျိုးများမရှိဟု ရန်းတုတ်ထားသည်ကို 
ချေဖျက်ပြီးသားဖြစ်ပါသည်။ အပိုဒ်ခွဲ (၄) တွင် မည်သည့် မျိုးနွယ်စုသည် 
တိုင်းရင်သားဖြစ်သည် မဖြစ်သည်ကို နိုင်ငံတော်က ဆုံးဖြတ်နိုင်သည်ဟု 
ဖော်ပြထားသည့်အတွက် လက်ရှိ နိုင်ငံတော် အာဏာပိုင်များကသာ 
နိုင်ငံသားဖြစ်ခွင့်အား ဆုံးဖြတ်နိုင်သည့်အတွက် လ-၀-က ညွှန်ကြားရေးမှူးချုပ်
 ဦးမောင်မောင်သန်းမှ ဘင်္ဂါလီ ရိုဟင်ဂျာ များသည် မြန်မာတိုင်းရင်းသားများ 
မဟုတ်ဟုပြောကြားခြင်းမှာ ဤအခြေခံဥပဒေအရ အစိုးရမှ တရားဝင်ဖြေရှင်းသည်ဟု 
မှတ်ယူနိုင်ပါတယ်။ ထို့အတူ 2009 ဖေဖော်ဝါရီလ 9 ရက်နေ့မှာ ဟောင်ကောင်ရှိ 
မြန်မာကောင်စစ်ဝန် ဗိုလ်ချုပ် ရဲမြင့်အောင်၏စာနှင့် 2009 ဧပြီလ 15 
ရက်နေ့မှာ မြန်မာနိုင်ငံရဲချုပ် (ယခု ပြည်ထဲရေးဝန်ကြီး) ဗိုလ်မှူးချုပ် 
ခင်ရီ၏ ဘာလီ အစည်းအဝေးမှာ ပြောကြားချက်များအရလည်း ဘင်္ဂါလီ ရိုဟင်ဂျာများသည် 
မြန်မာတိုင်းရင်းသားများ မဟုတ်တာကို အထင်အရှားသိရှိနိုင်ပါတယ်။
ထို့အတူပင်
 အပိုဒ် (15) အပိုက်ခွဲ (ခ) မှာ နိုင်ငံခြားသားတစ်ဦးသည် နိုင်ငံသားနှင့် 
အိမ်ထောင်ပြုကာမျှဖြင့် နိုင်ငံသားအဖြစ် အလိုအလျောက်မရရှိစေရ 
လို့ဖော်ပြထားပါတယ်။ အဲ့ဒိအတွက် မြန်မာနိုင်ငံသူ / သား အားယူရုံမျှနဲ့ 
နိုင်ငံသားဖြစ်ပီဆိုပီးတော့ အော်ဟစ်နေလို့ မရတာကို နားလည်မှာပါ။ 
မည်သည့်နိုင်ငံမဆို အဲ့ဒိနိုင်ငံသား ဒေသရင်းလူမျိုးကို ယူရုံမျှဖြင့် 
နိုင်ငံသားအလိုအလျောက်ဖြစ်သည်ဟူ၍ မရှိသည်ကိုလည်း သတိထားသင့်ပါတယ်။ 
နိုင်ငံသားအဖြစ်မှ ရပ်စဲမှုအနေနဲ့ကတော့ အပိုဒ် (16) တွင် နိုင်ငံသားတစ်ဦးသည်
 နိုင်ငံတော်မှ အပြီးအပိုင်ထွက်ခွာလျင်ဖြစ်စေ၊ အခြားနိုင်ငံ၏ 
နိုင်ငံကူးလက်မှတ် သို့မဟုတ် အလားတူလက်မှတ်ကို ထုတ်ယူလျင်ဖြစ်စေ 
နိုင်ငံသားအဖြစ်မှ ရပ်စဲသည်ဟု ဖော်ပြထားပါတယ်။ အဲ့ဒိအတွက် တိုင်းတပါးမှာ 
နှစ်ပေါင်းမြောက်များစွာ အခြေချနေထိုင်နေတဲ့ Exile တွေဟာ မြန်မာနိုင်ငံသား 
အဖြစ်ဆက်လက်ရှိသေးလားဆိုတာ သံသယရှိစရာဖြစ်လာပါတယ်။
အပိုဒ် 
(18) တွင် ဖော်ပြထားသည့် နိုင်ငံသားတစ်ဦးသည် မဟုတ်မမှန်ဖော်ပြခြင်း 
သို့မဟုတ် ဖုံးကွယ်ခြင်းဖြင့် နိုင်ငံသားအဖြစ်ကို ရရှိပါက 
နိုင်ငံသားအဖြစ်မှ ရုတ်သိမ်းခြင်းခံရမည့်အပြင် ထောင်ဒဏ်တဆယ်နှစ်နှင့် 
ငွေဒဏ်ကျပ် ငါးသောင်းကိုလည်းကောင်း ကျခံစေရမည် ဟု ဖော်ပြထားသည်ကို 
တွေ့ရပါတယ်။ ဒီနေရာမှာ ပြောစရာရှိလာသည်ကတော့ 2011 အောက်တိုဘာ 28 ရက်နေ့ 
ရွေးကောက်ပွဲ ကော်မရှင် ကြေငြာချက် (58/2011) တွင် ဘူးသီးတောင်မြို့နယ် 
ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (1) နှင့် (2) လွှတ်တော်ကိုယ်စားလှယ်များကို
 ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိလို့ ကြေငြာခဲ့ပါတယ်။ အဲ့ဒိမတိုင်ခင်မှာ 
ရခိုင်အမတ်များက ၎င်းလွှတ်တော် ကိုယ်စားလှယ်နှစ်ဦးဟာ မြန်မာနိုင်ငံသား မဟုတ်ပဲ 
ရွေးကောက်ပွဲကို ငွေလမ်းခင်းပြီး ၀င်ခဲ့တယ်လို့ ဆိုပါတယ်။ သို့သော် အဆိုပါ 
ရခိုင် အမတ်များ၏ စကားသည် Exile Media များ၏ အခြားသော 
အကြောင်းအရာများအောက်မှာ နစ်မြုပ်သွားခဲ့ပြီး ယခုမှ လွှတ်တော်က အရေးတယူ 
ဆောင်ရွက်လာခြင်းကို တွေ့ရပါတယ်။ သို့ဖြစ်သောကြောင့် ဤဥပဒေ အပိုဒ် (18) 
ပါအချက်များနှင့် ၎င်းဘူးသီးတောင်မြို့နယ် လွှတ်တော်အမတ် နှစ်ယောက်ဟာ 
ငြိစွန်းခြင်း ရှိမရှိကို ဆက်လက်စစ်ဆေးသင့်ပြီး ထိုက်သင့်သည့် အရေးယူမှု 
ပြုသင့်တယ်လို့ တင်ပြလိုပါတယ်။
ဘူးသီးတောင်၊ မောင်းတော၊ 
မြောက်ဦး၊ ကျောက်ဖြူသို့ စစ်တွေမှတစ်ဆင့် သွားရပါတယ်။ ထိုသို့သွားသည့် 
သူများဟာ ၎င်းတို့မှတ်ပုံတင် ပျောက်ဆုံးသွားပါက မြန်မာပြည်သို့ ပြန်လာခွင့် 
ဆုံးရှုံးပါတယ်။ အချို့သောနေရာတွေမှာ မှတ်ပုံတင်ရရန်အတွက် လူကိုပင် 
အသတ်အန္တရာယ်ပြုခြင်းများ ရှိပါတယ်။ မှတ်ပုံတင်မရှိပါက မြန်မာပြည်သို့ 
လာရောက်ရန် အခက်အခဲရှိသည်ကို သိရှိကြတဲ့အတွက်လည်း မှတ်ပုံတင် 
အတုပြုလုပ်ကြပါတယ်။ အဲ့ဒါကို ဤဥပဒေ အပိုဒ် (20) အပိုဒ်ခွဲ (ဂ) တွင် 
မည်သူမဆို ပယ်ဖျက်ထားသော နိုင်ငံသားလက်မှတ်ကိုဖြစ်စေ၊ သေဆုံးသူနိုင်ငံသား၏ 
လက်မှတ်ကိုဖြစ်စေ ကိုင်ဆောင်အသုံးပြုလျင် ထောင်ဒဏ် ၁၀ နှစ်နှင့် ငွေဒဏ် 
ကျပ်နှစ်သောင်းကို ကျခံစေရမည် နှင့် အပိုဒ် (21) တွင် မည်သူမဆို 
နိုင်ငံသားလက်မှတ် အတုပြုလုပ်လျင်ဖြစ်စေ၊ ထိုသို့ပြုလုပ်ရန် 
အားပေးကူညီလျင်ဖြစ်စေ၊ ထောင်ဒဏ် တစ်ဆယ့်ငါးနှစ်နှင့် ငွေဒဏ် 
ကျပ်ငါးသောင်းကို ကျခံစေရမည်ဟု ဖော်ပြထားပါတယ်။ သို့ဖြစ်သောကြောင့် လ-၀-က 
အနေဖြင့် စနစ်တကျ စစ်ဆေးမည်ဆိုပါက ပိုင်ရှင်သေဆုံးသည့် မှတ်ပုံတင်များ၊ 
အတုများကို အသုံးပြု၍ မြန်မာပြည်သို့ ပြန်လာရန် ကြိုးစားအားထုတ်မှုများကို 
စနစ်တကျ ပိတ်ဆို့တားမြစ်သင့်ပါတယ်။ လာဘ်ငွေရရှိရန်အတွက်သာ ဦးစားပေး၍ 
ပြုလုပ်ခြင်းကြောင့် အမျိုးသားရေးအား သစ္စာဖောက်ခြင်း ဖြစ်သကဲ့သို့ 
တိုင်းပြည်၏ အခြေခံဥပဒေအား ချိုးဖောက်ခြင်း ဖြစ်သည့်အတွက် ဖော်ထုတ်သိရှိပါက
 ပြင်းထန် ကြီးလေးသည့် ပြစ်ဒဏ်များ ကျခံရမယ်ဆိုတာကို သိသင့်ပါတယ်။
နိုင်ငံသားအဖြစ်
 လျှောက်ထားနိုင်ရန်အတွက် အခန်း (4) နိုင်ငံသားပြုခွင့်ရသူဖြစ်ခြင်း ၏ 
အပိုဒ် (42) တွင် 1948 ခုနှစ် ဇန်န၀ါရီလ (4) ရက်နေ့မတိုင်မှီကာလတွင် 
နိုင်ငံတော်အတွင်း ရောက်ရှိနေသည့် နိုင်ငံသားအဖြစ် လျှောက်ထားရန် 
ကျန်ရှိနေကြောင်း ခိုင်လုံသည့် သက်သေအထောက်အထားဖြင့် 
လျှောက်ထားနိုင်သည်လို့ ပါရှိပါတယ်။ သို့ဖြစ်သည့်အတွက် 1948 
ခုနှစ်နောက်ပိုင်းမှ မြန်မာနိုင်ငံသို့ ရောက်ရှိလာသူများသည် 
မြန်မာတိုင်းရင်းသားများ မဟုတ်သည်ကို သိရှိနိုင်ပါတယ်။ နိုင်ငံသားအဖြစ် 
လျှောက်ထားရန် ပြည့်စုံရမည့် အရည်အချင်းများတွင် အပိုဒ် (44) အပိုဒ်ခွဲ (ဂ)
 တွင် လျှောက်ထားသူသည် တိုင်းရင်းသား ဘာသာစကားတစ်မျိုးမျိုးကို 
ကောင်းမွန်စွာ ပြောတတ်ခြင်းလို့ ပါရှိပါတယ်။ ယခု မြန်မာတိုင်းရင်းသား 
ဖြစ်ကြပါသည်ဟု ကျွေးကျော်နေသည့် စစ်တကောင်းဒေသ တစ်ဝိုက်တွင် အသုံးပြုသည့် 
ဘင်္ဂါလီ ဘာသာစကားပြောဆိုသုံးနှုန်းရေး နေကြသည့် ဘင်္ဂါလီ ရိုဟင်ဂျာများသည် 
ဒေသခံ ရခိုင်စကား၊ မြန်မာစကားပင် လည်လည်ဝယ်ဝယ် ပြောဆိုတတ်ခြင်း မရှိသည်ကို 
အဆိုပါဒေသများတွင် သုတေသနပြု၍ လေ့လာသိရှိနိုင်ပါသည်။
နိုင်ငံသားအဖြစ်
 ဒီအတိုင်းလျှောက်ထား၍မရပဲ နိုင်ငံသား / ဧည့်နိုင်ငံသား / 
နိုင်ငံသားပြုခွင့်ရသူ နှင့် လက်ထပ်ထားမှသာ 
နိုင်ငံသားအဖြစ်လျှောက်ထားနိုင်ပြီး အဆိုပါဥပဒေ၏ အပိုဒ် (45) အပိုဒ်ခွဲ (ဃ)
 အရ တစ်လင်တစ်မယား ဖြစ်ရပါမယ်။ မိန်းမပေါင်း မြောက်များစွာယူပြီးမှ 
နိုင်ငံသားအဖြစ် လျှောက်ထားမည်ဆိုပါက မလိုလားအပ်သော အရှုပ်အထွေးများ 
ဖြစ်ပေါ်လာနိုင်တဲ့အတွက်လည်း ဖြစ်နိုင်ပါတယ်။ ဤတွင် ဒီမိုကရေစီ 
ထွန်းကားပါသည်ဆိုသည့် အမေရိကန်နိုင်ငံတွင်ပင် ကြင်ယာဖက် တစ်ယောက်ထက်ပိုပြီး
 လက်ထပ်ခြင်းအား တားဆီးပိတ်ပင်ထားခြင်းကိုလည့် မမေ့အပ်သည်ကို 
ဖော်ပြလိုပါတယ်။ အပိုဒ် (70) တွင် အပိုဒ်ခွဲ (က) တွင်ဖော်ပြထားချက်အရ 
ဗဟိုအဖွဲ့၏ ဆုံးဖြတ်ချက်ကို မကျေနပ်လျင် စည်းကမ်းသတ်မှတ်ချက်အတိုင်း 
ဝန်ကြီးအဖွဲ့သို့ အယူခံဝင်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
အပိုဒ် (58) တွင် အောက်ပါ အချက်အလက်များကို ကျူးလွန်ဖောက်ဖျက်ပါက နိုင်ငံသားပြုခွင့် အဖြစ်မှ ရုတ်သိမ်းခံရမည်လို့ ပါရှိပါတယ်။
(က)
 နိုင်ငံတော် ပါဝင်နေသော စစ်မက်ကာလအတွင်း ရန်သူနိုင်ငံများနှင့်ဖြစ်စေ၊ 
ရန်သူနိုင်ငံကို အထောက်အကူပြုသည့် နိုင်ငံများနှင့် ဖြစ်စေ၊ 
ထိုနိုင်ငံများ၏ နိုင်ငံသားများ၊ အဖွဲ့အစည်းများနှင့်ဖြစ်စေ၊ ကုန်သွယ်ခြင်း
 သို့မဟုတ် ဆက်သွယ်ခြင်း သို့မဟုတ်၊ ထိုသို့ပြုလုပ်ခြင်း တစ်ရပ်ရပ်ကို 
အားပေးကူညီခြင်း၊
(ခ) နိုင်ငံတော်ကို ဆန့်ကျင်နေသည့် 
အဖွဲ့အစည်းနှင့်ဖြစ်စေ၊ ထိုအဖွဲ့အစည်း၊ အဖွဲ့ဝင်နှင့်ဖြစ်စေ ကုန်သွယ်ခြင်း၊
 သို့မဟုတ် ဆက်သွယ်ခြင်း၊ သို့မဟုတ် ထိုသို့ပြုလုပ်ခြင်း တစ်ရပ်ရပ်ကို 
အားပေးကူညီးခြင်း။
(ဂ) နိုင်ငံတော် အချုပ်အခြာအာဏာနှင့် နိုင်ငံတော်၏
 လုံခြုံရေးကိုဖြစ်စေ၊ အများပြည်သူတို့၏ အေးချမ်းသာယာရေးကိုဖြစ်စေ 
ထိပါးစေမည့် အန္တရာယ်တစ်ခုခုကို ပြုလုပ်နေသည်၊ ပြုလုပ်တော့မည်ဟု 
ယုံကြည်လောက်သော အကြောင်းရှိခြင်း
(ဃ) နိုင်ငံတော်ကို 
အကြည်ညိုမဲ့ကြောင်း သို့မဟုတ် သစ္စာမဲ့ကြောင်းကို ကိုယ်အမူအရာဖြင့် ဖြစ်စေ၊ 
နှုတ်အမူအရာဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ ပြသခြင်း၊
(င) 
နိုင်ငံတော်၏ လျှို့ဝှက်ကိစ္စတစ်ရပ်ရပ်ကို သူတစ်ဦးကိုဖြစ်စေ၊ 
အဖွဲ့အစည်းတစ်ခုခုကိုဖြစ်စေ၊ အခြားနိုင်ငံတစ်နိုင်ငံကိုဖြစ်စေ၊ 
အခြားနိုင်ငံများကို ဖြစ်စေ သတင်းပေးခြင်း၊ ထိုသို့ပြုလုပ်ခြင်းကို 
အားပေးကူညီခြင်း၊
(စ) အကျင့်စာရိတ္တပျက်ပြားခြင်းနှင့် စပ်လျင်းသည့် 
ပြစ်မှုတစ်ခုခုကို ကျူးလွန်သောကြောင့်အနည်းဆုံး ထောင်ဒဏ် တစ်နှစ် သို့မဟုတ် 
အနည်းဆုံး ငွေဒဏ် ကျပ်တစ်ထောင် အပြစ်ပေးခံရခြင်း။
ယခုလက်ရှိတွင်
 မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ဟာ ရေပိုင်နက်အငြင်းပွားမှုအား
 ကုလသမဂ္ဂတွင် တရားဝင် စစ်ဆေးနေပီ ဖြစ်ပါတယ်။ ထိုသို့ တရားဝင် မစစ်ဆေးခင်က 
စစ်ဖြစ်လုနီးပါး နှစ်နိုင်ငံ ရေတပ်များ ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားခဲ့တာ 
အားလုံးအသိပဲ ဖြစ်ပါတယ်။ နှစ်နိုင်ငံ ရေပိုင်နက် အငြင်းပွားမှုအား 
ဆုံးဖြတ်ပေးမည့် ဆုံးဖြတ်ချက်သည် မကြာမှီ အတည်ဖြစ်လာတော့မှာပါ။ ဤနေရာတွင် 
ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ကို မလိုက်နာနိုင်ပါက နှစ်နိုင်ငံတင်းမာမှု 
ဖြစ်ပွားလာနိုင်သည့် အခြေအနေရှိပါတယ်။ ထိုအခြေအနေမှာ ဘူးသီးတောင် မောင်းတော
 Buffer Zone မှာရှိနေတယ့် ဘင်္ဂါလီ ရိုဟင်ဂျာများရဲ့ အနေအထားဟာ 
အတိုင်းအတာတစ်ခုထက်မက အရေးပါလာတဲ့ အင်အားစုဖြစ်နေပါတယ်။ သို့ဖြစ်သောကြောင့်
 အပိုဒ် (58) ပါအချက်အလက်များမှာ သတိထားသင့်တဲ့ အချက်များဖြစ်ပါတယ်။
ဒါတွေကတော့
 မြန်မာနိုင်ငံသား ဖြစ်ခွင့်၊ 
မြန်မာနိုင်ငံသားအဖြစ်လျှောက်ထားပိုင်ခွင့်နဲ့ ပါတ်သက်တဲ့ ဥပဒေပဲ 
ဖြစ်ပါတယ်။ လွတ်လပ်သည့် အချုပ်အခြာ အာဏာပိုင်သည့် မည်သည့်တိုင်းပြည်မှာမဆို
 သူ့တိုင်းပြည်ရဲ့ အခြေခံဥပဒေနဲ့ သူရှိကြပါတယ်။ ဆော်ဒီ အာရေဗျတွင်လည်း 
၎င်းနိုင်ငံ၏ နိုင်ငံသားဖြစ်ခွင့် ဥပဒေရှိပါတယ်။ ဘင်္ဂါလီ ရိုဟင်ဂျာတွေဟာ 
ဆော်ဒီမှာ နိုင်ငံသားဖြစ်ခွင့် အမိန့်ဒီကရီကို ရဖို့ နှစ် 20 ကျော်ကြာ 
စောင့်စားခဲ့ရတာတွေ၊ စောင့်စားနေစဉ်အတွင်း ကလေးတွေဟာ အစိုးရကျောင်းမှာ 
ကျောင်းတက်ခွင့်မရတာတွေ၊  ဆော်ဒီမှာ မမွေးတဲ့ 18 နှစ်အထက်တွေဟာ Non-Saudi 
Passport ပဲရတာတွေ၊ နိုင်ငံသားအဖြစ် ခွင့်ပြုတာကိုတောင် လူပေါင်း 
မြောက်များစွာထဲမှာမှ အယောက် 2,000 ၀န်းကျင်ပဲ ခွင့်ပြုတာတွေကို 
လေ့လာတွေ့ရှိနိုင်ပါတယ်။ ဤနေရာတွင် ဆော်ဒီအစိုးရသည် ၎င်းတို့၏ 
အချုပ်အခြာအာဏာနှင့် အခြေခံဥပဒေအရ ဆုံးဖြတ်သည်ကို ကန့်ကွက်ရန်မရှိပါ။ 
သို့သော် မြန်မာအစိုးရအား ဘင်္ဂါလီ ရိုဟင်ဂျာများကို Abuse လုပ်နေပါသည်ဟု 
ကြွေးကျော်နေကြသည့် လူ့အခွင့်အရေးသမားများသည် ယခုကဲ့သို့သော ဆော်ဒီအစိုးရ၏ 
ဆုံးဖြတ်ချက်များကို ဆော်ဒီ သံရုံးရှေ့တွင်သွားရောက်၍ ဆန္ဒပြခဲ့ကြသည်ကို 
စိုးစင်းမျှ မတွေ့ခဲ့ရပေ။ သို့ဖြစ်သောကြောင့် လူ့အခွင့်အရေးအား လေးစားရန် 
၎င်းတို့ကြွေးကျော်နေသည်မှာ ဘက်လိုက်နေသည်ကို အထင်အရှားတွေ့နိုင်ပါသည်။
သို့ဖြစ်သောကြောင့်
 အထက်ပါ ပြည်သူ့လွှတ်တော်ဥပဒေအရ လ၀က မှ စနစ်တကျစစ်ဆေးခြင်းများ မဖြစ်မနေ 
ပြုလုပ်သင့်ပေသည်။ ဘူးသီးတောင် မဲဆန္ဒနယ်မှ ပယ်ဖျက်ခံရသည့် 
လွှတ်တော်အမတ်များအားလည်း စနစ်တကျ စစ်ဆေးသင့်ပြီး ပြစ်မှုထင်ရှားပါက 
ထိုက်သင့်သည့် ပြစ်ဒဏ်အား ချမှတ်သင့်ပါသည်။ ထို့အတူပင် နိုင်ငံသားကဒ် 
အတုပြုလုပ်မှုများအား ကာကွယ်ရန်အတွက်၎င်း၊ ယခုလက်ရှိ ဖြစ်နေသည့် ပြဿနာများအား 
စနစ်တကျဖြေရှင်းရန်မှာ ၎င်းဘင်္ဂါလီများ၏ ကျန်ခဲ့သည့် မျိုးဆက် (4) ဆက်အား 
နောက်ကြောင်းပြန်လိုက်ခြင်းဖြင့် မှတ်ပုံတင်များ အစစ်ဖြစ်သည် မဖြစ်သည်၊ 
မြန်မာနိုင်ငံတွင် ယခင်ကပင် နေထိုင်သည် မနေထိုင်သည်ကို ဥပဒေနဲ့အညီ 
ဆုံးဖြတ်နိုင်မည် ဖြစ်ပါသည်။ ပြည်ပြေးများနှင့် နိုင်ငံသားဖြစ်ခွင့် 
ပျက်ပျယ်သွားပြီဖြစ်သည့် ဒေါက်တာဇာနည်ကဲ့သို့သော ပုဂ္ဂိုလ်များသည်လည်း 
တိုင်းပြည်ချစ်စိတ် မရှိတော့ပြီဖြစ်သည့်အတွက် ပြည်ပြေးသည် ပြည်ပြေးစကားသာ 
ပြောမည်ဖြစ်ပါသည်။ မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာအား လေးစားတော့မည် 
သို့မဟုတ် တိုင်းပြည်အတွက် ကောင်းကျိုးကို ဆောင်ရွက်တော့မည် မဟုတ်တော့ပါ။
 အဆုံးသတ်အနေဖြင့်
 လွတ်လပ်သည့် နိုင်ငံတစ်နိုင်ငံတွင် ပြဌာန်းထားသည့် ဥပဒေသည် ထိုနိုင်ငံ၏ 
အချုပ်အခြာအာဏာပင် ဖြစ်ပေသည်။ တိုင်းတစ်ပါးသားတို့သည် ထိုလွတ်လပ်သည့် 
နိုင်ငံ၏ဥပဒေအား ပြင်ဆင်ရန်ကြိုးပန်းခြင်း၊ ပြောင်းလဲရန် အားထုတ်ခြင်း၊ 
ဖိအားပေးခြင်းသည် ၎င်းနိုင်ငံ၏ အချုပ်အခြာအာဏာအား စော်ကားခြင်းပင်ဖြစ်သည်။ 
လွတ်လပ်သော နိုင်ငံမှန်သမျှသည် ၎င်းတို့နိုင်ငံနဲ့ ကိုက်ညီသည့် ဥပဒေအား 
ပြဌာန်းနိုင်သည်။ ဒီမိုကရေစီ ကျင့်စဉ်အရ အဆိုပါဥပဒေအား လက်ခံရန် 
လက်မခံရန်မှာ ၎င်းနိုင်ငံနေ ပြည်သူများသာ လွှတ်တော်သို့ တင်ပို့၍ 
ဆုံးဖြတ်နိုင်သည်။ အခြားသော နိုင်ငံ၊ အဖွဲ့အစည်း များမှ 
ဝင်ရောက်စွက်ဖက်ခြင်းသည် ၎င်းအချုပ်အခြာအာဏာအား လိုက်နာကျင့်သုံးနေသည့် 
အဆိုပါနိုင်ငံနေ ပြည်သူများ၏ လူ့အခွင့်အရေးအား စော်ကားခြင်း၊ 
လျစ်လျူရှုခြင်းလည်း ဖြစ်ပေတော့သည်။
No comments:
Post a Comment