Sunday, August 26, 2012

(စရဖ) များ (လဝက) ရုံးများနှင့် မြို့နယ်စည်/ပင် ရုံးများအား ရှောင်တခင်စစ်ဆေးနေ။

စစ်ဖက်နှင့် အရပ်ဖက်လုံခြုံရေး အဖွဲ့(စရဖ) တပ်ဖွဲ့တွေဟာ လူဝင်မှု့ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ရုံးအချို့နဲ့ မြို့နယ်စည်ပင် သာယာရုံး အချို့ကို ရှောင်တခင်ဝင်ရောက်စစ်ဆေး နေတယ်လို့ အင်တာနက် သတင်းအချို့မှာ ဖေါ်ပြထားပါတယ်။
အတည်မပြုနိုင်တဲ့ သတင်းတွေအရ (စရဖ) ညွန်ကြားရေးမှူး ဗိုလ်မှူးကြီး အောင်ဇေယျဟာ လက်ရှိအစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့ရဲ့ ပိုင်ဆိုင်မှု့တွေကို စာရင်းပြုစုနေတာ ဖြစ်တယ်လို့လဲ ဆိုပါတယ်။ ဒါပေမဲ့ (လဝက)ဝန်ထမ်းအချို့ကတော့ ဒီကိစ္စဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အရေးအခင်းနဲ့လဲ စပ်ဆက်မှု့ရှိနိုင်တယ်လို့ ၎င်းတို့ရဲ့ ထင်မြင်ချက်ကို ပြောပါတယ်။ ဒါပေမဲ့ ဒီစစ်ဆေးမှု့တွေသာ မှန်ကန်ခဲ့မယ်ဆိုရင် ဒါဟာ လက်ရှိဒီမိုကရေစီအစိုးရ အာဏာရလာပြီးနောက်ပိုင်း စစ်တပ်က လက်ရွေးစင် တပ်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ လျှို့ဝှက် စစ်ထောက်လှမ်းရေးအဖွဲ့ဟာ အာဏာ(၃)ရပ်ရဲ့ အထက်ကနေပြီး သိသိသာသာ လုပ်ဆောင်ချက်တရပ်ဖြစ်တယ်လို့ အမည်မဖေါ်လိုသူ (လဝက)ဝန်ထမ်းက ဆက်လက်ပြောပြခဲ့ပါတယ်။

No comments:

Post a Comment