
တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံတွင် တရားဝင်မြှုပ်နှံထားမှုမှာ  အမေရိကန်ဒေါ်လာ ၁၄ ဘီလျံနီးပါး အထိ ရှိပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှု  စုစုပေါင်းပမာဏ၏ ၃၅ ရာခိုင်နှုန်းအထိ ရှိကြောင်း ထုတ်ပြန်ထားချက်များ အရ  သိရသည်။
မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအားကဏ္ဍတွင် နောက်ဆုံးမြှုပ်နှံထားသည့်  ပမာဏမှာ အမေရိကန်ဒေါ်လာ လေးဘီလျံကျော်ဖြစ်ပြီး ၂၀၁၁ ခုနှစ် နိုဝင်ဘာလအတွင်းက  လာရောက် မြှုပ်နှံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံအနေဖြင့်  မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁၄ ဘီလျံ နီးပါးမြှုပ်နှံထားသည်ဟုဆိုသော်  လည်း လျှပ်စစ်စွမ်းအားကဏ္ဍ၊ ရေနံ နှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍနှင့် သတ္တု တူးဖော်ရေး  ကဏ္ဍများတွင်သာ အများဆုံး မြှုပ်နှံခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များ၌ မြှုပ်နှံထားသည့်  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ထဲတွင်  တရုတ်နိုင်ငံ၏မြှုပ်နှံမှုအများဆုံး ပါဝင်ကြောင်းလည်း သိရသည်။
“ကချင်မှာတော့ ကျောက်စိမ်း ထုတ်တယ်၊ သစ်ထုတ်တယ်။ ရခိုင် မှာတော့  ရေနံနဲ့သဘာဝဓာတ်ငွေ့၊ အခြားဒေသမှာတော့ သတ္တုတူးဖော်ရေး လုပ်တယ်။ နိုင်ငံနေရာ  တော်တော်များများမှာတော့ ရေအားလျှပ်စစ် စီမံကိန်းတွေ အဓိကမြှုပ်နှံထားတယ်။  လက်ရှိ တရားဝင် ထုတ်ပြန်ထားချက်အရတော့ တရုတ်နိုင်ငံရဲ့ မြှုပ်နှံမှုဟာ  နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းရဲ့ ၃၄ ဒသမ ၅ ရာခိုင်  နှုန်းရှိတယ်။ နိုင်ငံပေါင်း ၃၀ ကျော် မြှုပ်နှံထားတဲ့ အထဲမှာပေါ့”ဟု  Rumfcci  မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် မြှုပ်နှံရာ၌ ၂၀၀၈ ခုနှစ်အ ထိ  အမေရိကန်ဒေါ်လာ ၁ ဘီလျံ ၀န်းကျင်နှင့် ၂၀၀၉၊ ၂၀၁၀၊ ၂၀၁၁ ခုနှစ်  သုံးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၂ ဘီလျံကျော် ၁၃ ဘီလျံနီးပါး  အလုံးအရင်းဖြင့် မြှုပ်နှံခဲ့ခြင်း ဖြစ်သည်။
“တရုတ်အနေနဲ့ သုံးနှစ်အတွင်း မှာ အလုံးအရင်းနဲ့မြှုပ်နှံပြီး ၁၄ ဘီလျံ  နီးပါးဖြစ်သွားတာပါ။ ၂၀၀၉ ခုနှစ် မကုန်ခင်အထိ တရုတ်နိုင်ငံအနေနဲ့  မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍမှာ နံပါတ်လေးအဆင့်ပဲ ရှိနေသေးတာ။  အခုတော့ သုံးနှစ်အတွင်းမှာ ထိုင်းကိုပါကျော်တက်ပြီး နံပါတ်တစ်  ဖြစ်သွားတာပေါ့”ဟု ၎င်းကရှင်းပြခဲ့ပါသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သည့် ထိပ်ဆုံးနိုင်ငံများ(အမေရိကန်ဒေါ်လာ၊ သန်း)| အချိန် | မြှုပ်နှံမှုပမာဏ | 
| ၃၁-၇-၂၀၀၉ | ၁၃၃၁ .၄၃၉ | 
| ၃၁-၃-၂၀၁၀ | ၆၃၆၄ .၃၄၉ | 
| ၃၁-၇-၂၀၁၀ | ၆၄၁၅ .၀၅၈ | 
| ၃၁-၁-၂၀၁၁ | ၉၆၀၃ .၁၆၈ | 
| ၃၀-၄-၂၀၁၁ | ၉၆၀၃ .၁၆၈ | 
| ၃၁-၈-၂၀၁၁ | ၉၆၀၃ .၁၆၈ | 
| ၃၀-၁၁-၂၀၁၁ | ၁၃၉၄၇ .၁၄၆ | 
No comments:
Post a Comment