Tuesday, August 28, 2012

ရွေဂုံတိုင်မီးပွိုင့်အနီ ဗုံး ဟုသံသယဖြစ်ဖွယ်ရှိသော ပစ္စည်းတွေ့ရှိ

တွေ့ရှိသောပစ္စည်းအား တာဝန်ရှိသူများမှ စစ်ဆေးနေစဉ်။
ဗဟန်းမြို့နယ်အရှေ့ ရွှေဂုံတိုင်ရပ်ကွက်အောင်ချမ်းသာ အိမ်ရာတိုက်အမှတ် ၉ရှေ့တွင်ဗုံး ဟု သံသယ ဖြစ်ဖွယ်ရှိ သောပေါက် ကွဲစေတက် သည့်အရာဝတ္တု တစ်ချို့ကို သြဂုတ်၂၈ ရက်နံနက် ၇နာရီ တွင်တွေ့ ရှိခဲ့ ကြောင်း

ရပ်ကွက် နေပြည်သူများက ပြောကြား သည်။
အဆိုပါပေါက်ကွဲစေတက် သောအရာဝတ္တုများကိုအောင် ချမ်းသာအိမ်ရာတိုက်အမှတ်၉ အရှေ့ ကားပါကင်တွင် ရပ်ထား သည့် ဆူဇူးကီးပစ်ကပ်ကားနောက် ခန်းတွင်တွေ့ရှိခြင်းဖြစ်ကြောင်း ယင်းတို့ကပြောကြားသည်။
““အဲဒါကိုတွေ့တော့ ကားမောင်းတဲ့သူကဘာတွေ လည်းမသိဘူးဆိုပြီး တော့ရဲစခန်းကို အကြောင်း ကြားကြ တယ်။ တာဝန်ရှိ သူတွေရောက်လာေ တာ့သံစတွေ၊ ရေသန့်ဘူး နဲ့ ဂဏာန်းပေါင်းစက် တစ်လုံးကို တွေ့တယ်။ အဲဒီအချိန် မှာ စစ်တပ်က ဗုံးရှာတဲ့ သူတွေ ရောက်လာပြီးတော့ စစ်ခွေးတွေ နဲ့ စစ်ဆေးတယ်””ဟု အောင်ချမ်း သာ အိမ်ရာတွင်နေထိုင်သည့် ကိုအောင်ကြီးကပြောသည်။
ပေါက်ကွဲစေတတ်သည့် ကားမှာ အောင်ချမ်းသာ အိမ်ရာရှိ င်္သမတမေိ ကုမ္ပဏီမှ ရုံးအသုံးပြု သည့် ကားဖြစ် ကြောင်း ကိုအောင် ကြီးကပြောသည်။
““ဖြစ်စဉ်ကို ရန်ကုန်တိုင်းမ် ကရဲမှူးကြီးဆင်းလာတာကိုတွေ့ ရတယ်။နယ်စပ်ဒေသလုံခြုံရေးက ဗိုလ်မှူးကြီး တစ်ဦးလည်း ပါတာတွေ့ရတယ်။ ဘာအန္တရာယ်မှမဖြစ် တော့ဘူးလို့တော့ မှတ်ချက်ပေး သွားတယ်””ဟု အဆိုပါဖြစ်စဉ် ကို တွေ့ရှိခဲ့သည့် အောင်ချမ်းသာ အိမ်ရာမှ ကိုကျော်အေးကပြော သည်။

““ပစ္စည်းတွေကို စစ်ဆေးတဲ့ အခါမှာ ယမ်းနဲ့ ဒီတိုနေတာမပါလို့အန္တရာယ်မရှိဘူးလို့ပြောတယ်။ ဂဏာန်း ပေါင်းစက် လည်းပါတော့ အဲဒါကို စစ်ဆေးသေးတယ်””ဟု ကိုအောင်ကြီးက ထပ်မံပြောကြား သည်။

ယင်းဖြစ်ကြောင့် ရွှေဂုံတိုင် မှ တာမွေသို့ သွားသည့် ကားလမ်းကို ခေတ္တခဏပိတ်ထားခဲ့ကြောင်း ရပ်ကွက် နေပြည်သူများ ကိုပြော သည်။

““အဲဒီပေါက်ကွဲစေတတ်တဲ့ ပစ္စည်းက ဘယ်လိုပစ္စည်းမျိုးဖြစ် တယ်ဆိုတာကို ကျွမ်းကျင်ရဲတပ် ဖွဲ့ဝင်တွေက စစ်ဆေးတယ်။ လိုအပ် ရင် ဘီအီးတပ်ကို အကြောင်းကြား တယ်။ဘီအီးတပ်က ကျွမ်းကျင် သူတွေအနေနဲ့ ဘယ်လို လက်နက် ခဲယမ်းမျိုး၊ ဘယ်လိုပေါက်ကွဲစေ တတ်တဲ့ပစ္စည်းမျိုးတွေပါဝင်လဲ ဆိုတာကို အသေးစိတ် စစ်ဆေး ပါတယ်””ဟု အရှေ့ပိုင်းခရိုင်(ဒ /န) မှတာဝန်ရှိသူတစ်ဦးကပြောသည်။(သန်းနိုင်ဦး၊ကျော်မြတ်ဇံ)

Monday, August 27, 2012

ပြည်ထောင်စုဝန်ကြီး ၉ ဦး ပြောင်းလဲခန့်အပ်


ပြည်ထောင်စု မြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၃၂ နဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၂ တို့အရ ပြည်ထောင်စု ဝန်ကြီး ၉ ဦးကို ဌာနတွေ ပြောင်းလဲ ခန့်အပ်လိုက်တယ်လို့ နိုင်ငံတော် သမ္မတရုံးက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၇ ရက်က ပြည်ထောင်စု ဝန်ကြီးများ ဌာနပြောင်းလဲ ခန့်အပ်ကြောင်း သတင်း ထုတ်ပြန်ချက်ကို နိုင်ငံတော် သမ္မတရုံး အင်တာနက် စာမျက်နှာတွင် ဖော်ပြထားပုံ။

ဒီပြောင်းလဲ ခန့်အပ်မှုမှာ စက်မှုဝန်ကြီး ဦးစိုးသိန်း၊ ရထားဝန်ကြီး ဦးအောင်မင်း၊ အမျိုးသားစီမံကိန်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဦးတင်နိုင်သိန်းနဲ့ ဘဏ္ဍာအခွန်ဝန်ကြီး ဦးလှထွန်းတို့ကို သမ္မတရုံး ဝန်ကြီးတွေအဖြစ် ပြောင်းလဲ တာဝန်ပေးလိုက်ပါကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက RFA ကိုပြောပါတယ်။
လူမှုဝန်ထမ်းနဲ့ ကယ်ဆယ်ရေး ဝန်ကြီးအဖြစ် တာဝန်ယူထားတဲ့ ဦးအောင်ကြည်ကို ပြန်ကြားရေး ဝန်ကြီးအဖြစ် ထပ်မံ တာဝန်ပေးလိုက်ပြီး ယခင်ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဋ္ဌာန ၂ ခုရဲ့ ဝန်ကြီး ဦးကျော်ဆန်းကိုတော့ သမဝါယမ ဝန်ကြီးအဖြစ် ပြောင်းလဲ ခန့်အပ်လိုက်ပါတယ်။
မွေးမြုရေးနဲ့ ရေလုပ်ငန်းဝန်ကြီးနဲ့ သမဝါယမဝန်ကြီး ဌာနနှစ်ခုကို ကိုင်တွယ်တာဝန်ယူထားတဲ့ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ကိုတော့ မွေးမြုရေးနဲ့ ရေလုပ်ငန်း ဝန်ကြီးဌာန တစ်ခုကိုသာ ကိုင်တွယ်ဖို့ ပြောင်းလဲ တာဝန်ပေးလိုက်ကာ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ဝန်ကြီး ဦးအေးမြင့်ကိုတော့ စက်မှုဝန်ကြီးအဖြစ် ပြောင်းလဲ တာဝန်ပေးလိုက်ပါတယ်။
ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးနဲ့ အာကစားဝန်ကြီးဌာန နှစ်ခု တာဝန်ယူထားတဲ့ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းကတော့ အားကစားဝန်ကြီးဌာန တစ်ခုတည်းကိုသာ တာဝန်ယူ ကိုင်တွယ်ရတော့မှာ ဖြစ်ပါတယ်။
တစ်ဆက်တည်းမှာပဲ ပြည်ထဲရေး၊ ပြန်ကြားရေး၊ စွမ်းအင်၊ လူဝင်မှုကြီးကြပ်ရေးစတဲ့ ဝန်ကြီးဌာန ၁၅ ခုရဲ့ ဒုတိယဝန်ကြီးတွေကို အသစ်ရွေးချယ် ခန့်အပ်လိုက်ပြီး သမ္မတရဲ့ စီးပွားရေး အကြံပေး တစ်ဦးဖြစ်တဲ့ ဒေါက်တာ ဆက်အောင်နဲ့ မကြာမီက ဖွဲ့စည်းလိုက်တဲ့ နိုင်ငံတော် သမ္မတရဲ့ လူမှု စီးပွား အကြံပေးကောင်စီမှာ ပါဝင်တဲ့ ဒေါက်တာ ဒေါ်ခင်စန်းရီတို့ နှစ်ဦးကိုတော့  အမျိုးသားစီမံကိန်းနဲ့ ဖွံဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှာ ဒုတိယ ဝန်ကြီးတွေအဖြစ် တာဝန်ပေးလိုက်ပါတယ်။

Sunday, August 26, 2012

(စရဖ) များ (လဝက) ရုံးများနှင့် မြို့နယ်စည်/ပင် ရုံးများအား ရှောင်တခင်စစ်ဆေးနေ။

စစ်ဖက်နှင့် အရပ်ဖက်လုံခြုံရေး အဖွဲ့(စရဖ) တပ်ဖွဲ့တွေဟာ လူဝင်မှု့ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ရုံးအချို့နဲ့ မြို့နယ်စည်ပင် သာယာရုံး အချို့ကို ရှောင်တခင်ဝင်ရောက်စစ်ဆေး နေတယ်လို့ အင်တာနက် သတင်းအချို့မှာ ဖေါ်ပြထားပါတယ်။
အတည်မပြုနိုင်တဲ့ သတင်းတွေအရ (စရဖ) ညွန်ကြားရေးမှူး ဗိုလ်မှူးကြီး အောင်ဇေယျဟာ လက်ရှိအစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့ရဲ့ ပိုင်ဆိုင်မှု့တွေကို စာရင်းပြုစုနေတာ ဖြစ်တယ်လို့လဲ ဆိုပါတယ်။ ဒါပေမဲ့ (လဝက)ဝန်ထမ်းအချို့ကတော့ ဒီကိစ္စဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အရေးအခင်းနဲ့လဲ စပ်ဆက်မှု့ရှိနိုင်တယ်လို့ ၎င်းတို့ရဲ့ ထင်မြင်ချက်ကို ပြောပါတယ်။ ဒါပေမဲ့ ဒီစစ်ဆေးမှု့တွေသာ မှန်ကန်ခဲ့မယ်ဆိုရင် ဒါဟာ လက်ရှိဒီမိုကရေစီအစိုးရ အာဏာရလာပြီးနောက်ပိုင်း စစ်တပ်က လက်ရွေးစင် တပ်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ လျှို့ဝှက် စစ်ထောက်လှမ်းရေးအဖွဲ့ဟာ အာဏာ(၃)ရပ်ရဲ့ အထက်ကနေပြီး သိသိသာသာ လုပ်ဆောင်ချက်တရပ်ဖြစ်တယ်လို့ အမည်မဖေါ်လိုသူ (လဝက)ဝန်ထမ်းက ဆက်လက်ပြောပြခဲ့ပါတယ်။