မန်း စက်သုံးဆီ နှစ်ဆိုင် တစ်နေ့တည်း မီးလောင်။
မန္တလေးတိုင်းဒေသကြီးရှိစက်ဆုံးဆီဆိုင်၂ဆိုင်တွင် ဇန်န၀ါရီ၂၈ရက်ကမီးလောင်မှု့ဖြစ်ပွားခဲ့ကြောင်း သိရသည်။ တံတားဦးမြို့နယ်၊ ဥမှင်ရွာ၊ တံတားဦး-ကျောက်ဆည်ကားလမ်းရှိ  ကျော်ကြားသူ စက်သုံးဆီဆိုင်တွင်  ဓါတ်ဆီပေပါဆီလှယ်ထည့်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ အခြားသို့ ကူးစက်မှုမရှိဘဲ  မီးငြိမ်းသွားခဲ့သည်။ 
 မီးလောင်မှုကြောင့်  သွပ်မိုးတိုက်ခန်း တန်ဘိုးငွေကျပ်(၄၀၅၀၀၀ိ/-)မှာ မီးလောင်ဆုံးရှုံးခဲ့သဖြင့် လေဆိပ်ရဲစခန်း(ပ)၃/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။
  ထိုနေ့ ညနေ၅နာရီ အချိန်က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၇၈ 
လမ်း၊ ၄၀x၄၁ လမ်းကြားရှိ စက်သုံးဆီအရောင်းဆိုင်တွင်  ၉ခ/xxxx 
ဆီဘောက်ဆာယာဉ်မှ  ၆ဂ/xxxx ဆီဘောက်ဆာယာဉ်သို့ ဆိုင်ဝန်ထမ်းနှစ်တို့ ၂ ဦးမှ ဆီဖြည့်စဉ် မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ၅း၁၅ အချိန် မီးငြိမ်းသွားခဲ့သည်။
  မီးလောင်မှုကြောင့် ၆ဂ/xxxx ဆီဘောက်ဆာယာဉ်၏နောက်ပိုင်းနှင့် ကားတာယာ(၈)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး တန်ဘိုးငွေကျပ် (၉၀၃၀၀၀ိ/-) မီးလောင်ဆုံးရှုံးခဲ့သည့်အပြင်လူ၃ဦး မီးလောင်ဒဏ်ရာများရရှိခဲ့သဖြင့် မန္တလေးဆေးရုံကြီးသို့ တင်ပို့ကုသခဲ့သည်။ 
  ပေါ့ဆစွာဆောင်ရွက်သူ  ၄ ဦးအား မန္တလေးအမှတ်(၉)ရဲစခန်း(ပ)၆၆/၂၀၁၃၊
 ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားပြီး ယာဉ်မောင်း-----မှာ 
ထွက်ပြေးတိမ်းရှောင်နေသဖြင့် ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်းရဲဇာနည်မှသိရသည်။t
 
 
 
          
      
 
  
 
 
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment