ကိုရီးယား၊ ဇန်န၀ါရီ ၂၈။
ဇန်န၀ါရီ ၂၈ ရက် ကိုရီးယားစံတော်ချိန် ညနေ ၄း၃၀တွင် ဒေါ်အောင်ဆန်းစုကြည် ကိုရီးယားနိုင်ငံ အင်ချွန်းနိုင်ငံတကာ လေဆိပ်သို့ ရောက်ရှိ မည်ဖြစ်သဖြင့် လေဆိပ်လုံခြုံရေးများ တိုးမြှင့်ထားကြောင်း သိရသည်။
၂၀၀၄ခုနှစ်တွင် ကိုရီးယားနိုင်ငံမှ ချီးမြှင့်ထားသော ဂွမ်ဂျူး လူ့အခွင့်အရေးဆုကို လက်ခံရန် ဒေါ်အောင် ဆန်းစုကြည်သည် ကိုရီးယားနိုင်ငံသို့ သွားရောက်ခြင်းဖြစ်ပြီး ၅ရက်ကြာနေထိုင် မည်ဖြစ်သည်။ မြန်မာ့ဒီမိုကရေစီခေါင်းဆော
“ဒီမှာတော့ တော်တော်တက်ကြွနေကြတယ်။ လေဆိပ်ရှေ့မှာ လာကြိုတဲ့သူတွေကတော့ အများကြီးပဲ နေရာမရမှာစိုးလို့ အစော ကြီးတည်းက လာတဲ့သူတွေလည်းရှိတယ်။ လေဆိပ်လုံခြုံရေးကို လည်းလွန်ခဲ့ တဲ့ ၂ရက်လောက်တည်းကတိုးထားတယ်။ အမေစု သွားမယ့် တခြားမြို့က လေဆိပ်တွေမှာလည်း လုံခြုံရေးတွေ တိုးထားတယ်။ ကြိုဆိုရေးအဖွဲ့တွေကတော့ အစီအစဉ်တွေ ကြေညာပေးထားတယ်” ဟု ကိုရီးယား နိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေသူ ကိုစည်သူက ပြောကြားသည်။
ကိုရီးယားနိုင်ငံရှိ မြန်မာလူမျိုးများ ဒေါ်အောင်ဆန်းစုကြည်ကို လေဆိပ်တွင် သွားရောက်ကြိုဆိုရာတွင် အဆင်ပြေနိုင်စေရန် ဘူဖျောင်းဘူတာ မှ ကားတစ်စီး၊ ဘူချွန်း အန်အယ်ဒီရုံးမှ ကား တစ်စီးကို စီစဉ်ပေးထားကြောင်းနှင့် လုံခြုံရေး တိုးမြှင့်ထားသည့် အတွက် လေဆိပ်တွင် တစ်ဖွဲ့၊ ဒေါ်အောင်ဆန်း စုကြည် တည်းခို မည့် ဆိုးလ်မြို့ ဂျိုဆောန်အနောက်ဟိုတယ် ရှေ့ တွင်တစ်ဖွဲ့ လူစုခွဲကာ ကြိုဆိုကြရန် ဒေါ်အောင်ဆန်းစုကြည် ကိုရီးယားခရီးစဉ် ပူးပေါင်းဆောင်ရွက်မှု ကော်မတီ မှ တင်းထုတ်ပြန်ထားကြောင်း
သိရသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် ကိုရီးယားနိုင်ငံသို့ သွားရောက် စဉ်တွင် အခြားသောမြို့များသို့လည်း လေယာဉ်ခရီးစဉ်ဖြင့် သွားရောက်မည် ဖြစ်သဖြင့် အင်ချွန်းနိုင်ငံတကာလေဆိပ်၊ ကင်ပိုလေဆိပ်၊ ဂွမ်ဂျူးလေဆိပ် တို့တွင်လည်း လေဆိပ်လုံခြုံရေး တိုးမြှင့်ထားကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည် ကိုရီးယားနိုင်ငံတွင်ရောက်ရ
No comments:
Post a Comment