ကိုရီးယား၊ ဇန်န၀ါရီ ၂၈။
ဇန်န၀ါရီ ၂၈ ရက် ကိုရီးယားစံတော်ချိန် ညနေ ၄း၃၀တွင် ဒေါ်အောင်ဆန်းစုကြည် ကိုရီးယားနိုင်ငံ အင်ချွန်းနိုင်ငံတကာ လေဆိပ်သို့ ရောက်ရှိ မည်ဖြစ်သဖြင့် လေဆိပ်လုံခြုံရေးများ တိုးမြှင့်ထားကြောင်း သိရသည်။
၂၀၀၄ခုနှစ်တွင် ကိုရီးယားနိုင်ငံမှ ချီးမြှင့်ထားသော ဂွမ်ဂျူး
လူ့အခွင့်အရေးဆုကို လက်ခံရန် ဒေါ်အောင် ဆန်းစုကြည်သည် ကိုရီးယားနိုင်ငံသို့
သွားရောက်ခြင်းဖြစ်ပြီး ၅ရက်ကြာနေထိုင် မည်ဖြစ်သည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် လာရောက်မည်ဖြစ်သဖြင့် ကိုရီးယားနိုင်ငံတွင် ရောက်ရှိ နေသော မြန်မာလူမျိုးများမှ ကြိုဆိုရေးအခမ်းအနားများဖြင့် ကြိုဆိုရန် စီစဉ်ထားကြောင်း သိရသည်။
“ဒီမှာတော့ တော်တော်တက်ကြွနေကြတယ်။ လေဆိပ်ရှေ့မှာ လာကြိုတဲ့သူတွေကတော့
အများကြီးပဲ နေရာမရမှာစိုးလို့ အစော ကြီးတည်းက လာတဲ့သူတွေလည်းရှိတယ်။
လေဆိပ်လုံခြုံရေးကို လည်းလွန်ခဲ့ တဲ့ ၂ရက်လောက်တည်းကတိုးထားတယ်။ အမေစု သွားမယ့် တခြားမြို့က လေဆိပ်တွေမှာလည်း လုံခြုံရေးတွေ တိုးထားတယ်။ ကြိုဆိုရေးအဖွဲ့တွေကတော့ အစီအစဉ်တွေ ကြေညာပေးထားတယ်” ဟု ကိုရီးယား နိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေသူ ကိုစည်သူက ပြောကြားသည်။
ကိုရီးယားနိုင်ငံရှိ မြန်မာလူမျိုးများ ဒေါ်အောင်ဆန်းစုကြည်ကို လေဆိပ်တွင် သွားရောက်ကြိုဆိုရာတွင် အဆင်ပြေနိုင်စေရန် ဘူဖျောင်းဘူတာ မှ ကားတစ်စီး၊ ဘူချွန်း အန်အယ်ဒီရုံးမှ ကား တစ်စီးကို စီစဉ်ပေးထားကြောင်းနှင့် လုံခြုံရေး တိုးမြှင့်ထားသည့် အတွက် လေဆိပ်တွင် တစ်ဖွဲ့၊ ဒေါ်အောင်ဆန်း စုကြည် တည်းခို မည့် ဆိုးလ်မြို့ ဂျိုဆောန်အနောက်ဟိုတယ် ရှေ့ တွင်တစ်ဖွဲ့ လူစုခွဲကာ ကြိုဆိုကြရန် ဒေါ်အောင်ဆန်းစုကြည် ကိုရီးယားခရီးစဉ် ပူးပေါင်းဆောင်ရွက်မှု ကော်မတီ မှ တင်းထုတ်ပြန်ထားကြောင်း
သိရသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် ကိုရီးယားနိုင်ငံသို့ သွားရောက် စဉ်တွင် အခြားသောမြို့များသို့လည်း လေယာဉ်ခရီးစဉ်ဖြင့် သွားရောက်မည် ဖြစ်သဖြင့် အင်ချွန်းနိုင်ငံတကာလေဆိပ်၊ ကင်ပိုလေဆိပ်၊ ဂွမ်ဂျူးလေဆိပ် တို့တွင်လည်း လေဆိပ်လုံခြုံရေး တိုးမြှင့်ထားကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည် ကိုရီးယားနိုင်ငံတွင်ရောက်ရှိစဉ် ဖေဖော်ဝါရီ၁ရက် နံနက် ၉း၀၀ နာရီ တိတိ ဆိုးလ်မြို့၊ မာဖိုဂူ၊ သမ္မတဟောင်း ကင်မ် ဒဲဂျုံး စာကြည့်တိုက်နှင့် ပြတိုက် အဆောက်အဦးတွင် ကိုရီးယားနိုင်ငံတွင် ရောက်ရှိနေသော မြန်မာမိသားစုများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ ဇန်န၀ါရီ ၂၆၊
နိုင်ငံခြားမှတင်သွင်းသောကားများကို အကောက်ခွန်ဌာနမှ အနာဂတ်တွင် အကောက်ခွန်ကောက်ခံမှု ပုံစံအသစ်ဖြင့် ကျင့်သုံးသွားရန် အစီအစဉ်ရှိကြောင်း သိရသည်။
အကောက်ခွန်ဌာနမှ အနာဂတ်တွင် ကားရောင်းသူနှင့်ဝယ်သူနှစ်ဖက်စလုံးမှ ကားတန်ဖိုးစာရင်းမှန်ကို ဖော်ပြရ မည်ဖြစ်သည်။ အကောက် ခွန်ဌာနမှ တင်ပြသောကား တန်ဖိုးမှာ ပြင်ပပေါက်ဈေးတွင် မှန်ကန်မှုရှိမရှိကို စစ်ဆေး မှုများပြုလုပ်ပြီး မှန်ကန်မှုမရှိလျှင် အရေးယူမှု ဆောင်ရွက်မည့် ပုံစံဖြစ်ကြောင်း အကောက်ခွန်ဌာန ထုတ်ကုန်သွင်းကုန် ကြီးကြပ်ရေးဌာနမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသိန်းဆွေက
ဇန်နဝါရီလ ၂၆ရက်နတွင် အကောက် ခွန်ဦးစီးဌာန၌ ကျင်းပ ပြုလုပ်သည့် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင်ပြောကြားသည်။
“ကားရောင်းသူကလည်း မညာတမ်း ကားဝယ်သူကလည်း မလိမ်တမ်း အမှန်တကယ် ရောင်းအဝယ်ဖြစ်တဲ့ တန်ဖိုး ကိုပြမှ အမှန်တကယ် အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါ
တယ်။ ကားတန်ဖိုးကို မှန်တကယ်ပြလား မပြလားဆိုတာ ကို ပြင်ပမှာပေါက်တဲ့
ပေါက်ဈေးနဲ့ ညီမညီကို နောက်ပိုင်းမှာ စာရင်းစစ်တဲ့သူတွေနဲ
့ လိုက်စစ်မယ်။”ဟု ဦးဆောင်ညွှန်ကြား ရေးမှူး ဦးသိန်းဆွေက ပြောကြားသည်။
လက်ရှိတွင် ထိုစနစ်ကိုကျင့်သုံးနိုင်ခြင်းမရှိသေးခြင်းမှာ
အကောက်ခွန်စည်းကြပ်မှုနှင့် ပတ်သတ်သော စည်းမျဉ်း များကို ပြင်ဆင်မှု
ပြုလုပ်နေ ခြင်း ကြောင့် ဖြစ်ကြောင်း၊ ပြင်ဆင်မှုပြီးစီးပါက Expoter ၊ Importerများအနေဖြင့် တန်ဖိုးအမှန်ကို တင်ပြရန် လိုအပ်ကြောင်း သိရသည်။