Saturday, October 27, 2012

ဗဟိုတရားရုံးချုပ်အဆောက်အအုံအား ပုဂ္ဂိုလိကသို့ လွဲပြောင်းငှားရမ်းမည် မဟုတ်ကြောင်းပြောကြား။

ဗဟိုတရားရုံးအဆောက်အဦး
 
ဗဟိုတရားရုံးချုပ်အား ပုဂ္ဂလိက သို့လွှဲ ပြောင်းငှားရမ်းမည် မဟုတ်ဟု သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ယနေ့ ရန်ကုန်တိုင်းလွှတ်တော်၌ ရှေ့နေများကွန်ယက်အဖွဲ့နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း တရားလွှတ်တော် ရှေ့နေဦးကိုနီ က ပြောသည်။

" Hight Court (ဗဟိုတရားရုံး)ကို ပြုပြင်ထိန်းသိမ်းဖို့ငွေက လိုအပ်တဲ့အတွက် အပေါ်ဆုံးထပ်ကိုပဲ အငှားချပေးမယ်။အဆောက်အအုံ တစ်ခုလုံးငှားတာမဟုတ်ပါဘူး၊ခုငှားလိုက်တဲ့
နေရာမှာ စာကြည့်တိုက်နဲ့ပြတိုက် လုပ်သွားမယ်၊အောက်ထပ်မှာ တရားရုံးတွေ ဆက်ရှိနေပြီး နိုင်ငံခြားသားတွေ လာရင် ပြတိုက် စာကြည့်တိုက် အပြင် တရားရုံး၊ တရားခွင်
တွေမှ တရားစီရင်နေတာတွေကို လေ့လာနိုင်အောင် ရည်ရွယ်ပြီးဆောင်ရွက်တာပါ၊ဒီအတိုင်းတော့အဆောက်ဦကြီးကို ဘယ်သူ့ကိုမှ လွှဲပြောင်းပေးဖို့မရှိဘူး"ဟု
ဦးစိုးသိန်းက ပြောကြားခဲ့ကြောင်း အထက်ပါ ပုဂ္ဂိုလ်က တဆင့်ပြန်လည်ပြောပြသည်။

ထို့ပြင် ကမ်းနာလမ်းနှင့် ဘဏ်လမ်းထောင့်ရှိ စုပေါင်းရုံးအဆောက်အအုံအား ဟိုတယ်လုပ်ငန်းတစ်ခုသို့ လွှဲပြောင်း ငှားရမ်းလုပ်ကိုင်ခွင့် ပြုလိုက်ကြောင်း၊ထိုသို့ ငှားရမ်းသည့် အတွက် ငှားရမ်းခ အဖြစ် တစ် နှစ်လျင် ၁၄ ဒဿမ ၄ သန်း ရရှိမည် ဖြစ်ကြောင်းသိရသည်။

ယင်းငွေဖြင့် တရားရုံးများအား တစ်မြို့နယ်လျင် တစ်ရုံး တည်ဆောက်သွားရန် ရည် ရွယ် ထားကြောင်း ၀န်ကြီးက ထပ်မံပြောကြားခဲ့ကြောင်း၎င်းက ထပ်လောင်းပြောသည်။

No comments:

Post a Comment