အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(ပုသိမ်ခရိုင်/ပုသိမ်မြို့နယ်) ၏ စုပေါင်းနှုတ် ထွက်ပွဲနှင့် ဆိုင်းဘုတ်ပေးအပ်ပွဲ
အခမ်းအနားကို ယနေ့ အောက်တိုဘာ ၂၇ ရက် အချိန် နံနက်နံနက် ၁၁း၀၀ နာရီက
ပုသိမ်မြို့တွင် ကျင်းပ ခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့ နှုတ်ထွက်သူ အရေအတွက်မှာ စုစုပေါင်း ၁၃၂ ဦး ရှိပြီး နောက်ထပ်
လည်း နှုတ်ထွက်မည့်သူ အများအပြား ရှိနေကြောင်း သိရသည်။
ဗဟိုဦးစီး စနစ်ဖြင့် အဏာရှင်ဆန်မှု၊ ခေါင်းဆောင်များမှ အသက်အိုမင်း ရင့်ရော်ချိန်ထိ နေရာဖယ်မပေးမှု ၊ ပါတီတွင်း လိင်ပိုင်းဆိုင်ရာ ရှုတ်ထွေးမှု၊ ပြည်ပအထောက်အပံ့များကို အညီအမျှ မရရှိမှု နှင့် တိကျသည့် မူဝါဒ မရှိမှု များကြောင့် နိုင်ငံတဝှမ်းမှ NLD ပါတီဝင် အများအပြားမှ နှုတ်ထွက်ရန် ကြိုးစားလျှက် ရှိကြောင်း သိရသည်။
ပါတီတွင်း ဒီမိုကရေစီ မရှိမှု၊ နီးစပ်သူများကသာ နေရာယူထားမှုများကြောင့် မြောင်းမြ၊ ပုသိမ်၊ ကော့သောင်း နှင့် တွံတေး အပါအဝင် အခြား မြို့နယ်များမှ NLD ပါတီဝင်များမှ ကိုယ့်ပါတီကိုယ် ဆန္ဒပြခြင်းများကို ယခုနှစ်အတွင်း ပြုလုပ်ခဲ့ကြသည်။

NLD
ပါတီသည် ရခိုင်အရေး ကိစ္စတွင် သေဆုံးသူ ရခိုင်တိုင်းရင်းသားတို့အတွက် တစုံတရာ
လုပ်ဆောင်ပေးခြင်း မရှိသလို၊ ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှလည်း မွတ်ဆလင်
များဖက်မှ ဘက်လိုက်မှုများ ရှိကြောင်း ဝေဖန်မှု များ ရှိသည့်အပြင် ရခိုင်အရေး
ကြညာချက်တွင်လည်း မွတ်ဆလင် အနည်းစုသာ ရှိပြီး ပြဿနာ မဖြစ်သော အမ်းမြို့ ကို
မှားယွင်း ထည့်သွင်းဖော်ပြ မှုကြောင့် လူထု က စိတ်ပျက်လျှက် ရှိကြောင်း
သိရသည်။
No comments:
Post a Comment