![]() |
ရွေလုပ်သားများသတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်။ |
ရမည်းသင်း
မိုးထိမိုးမိရွှေလုပ်သားများက အမျိုးသားအကျိုးစီးပွားရေး တိုးတက်ရေး
ကုမ္ပဏီရုံးချုပ်ရှိရာ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း ၌ အောက်တိုဘာ ၂၉ ရက်နေ့
နံနက် ၉နာရီတွင်ငြိမ်းချမ်းစွာစုဝေး ဆန္ဒထုတ်ဖော်မည်ဟု သိရသည်။
“အဲ့ဒီကုမ္ပဏီ ရောက်လာပြီးမှ ရွှေလုပ်သား ၅သိန်းလောက်ကနေ့ အခု ၁သောင်းတောင်မပြည့်တော့ဘူး။အရမ်းနစ်နာနေပါပြီ” ဟုအလုပ်သမားခေါင်းဆောင် ဦးရဲရင့်အောင်က ပြောသည်။
အောက်တိုဘာ ၂၆ ရက်နေ့၌ ၃၆ လမ်းရှိ MJNရုံးခန်း၌ ပြုလုပ်သော ရွှေအလုပ်သမားများ နှင့်အသေးစား လုပ်ငန်းရှင်များ၏ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခြင်းဖြစ်သည်။
ရွှေလုပ်သားများ၏ နစ်နာချက်များနှင့် နှစ်ဦးသဘောတူစာချုပ်အား ကုမ္ပဏီဘက်မှ ချိုးဖောက်မှုများအတွက် အဓိကထား၍ ရွှေလုပ်သား ၁၀၀ခန့် ဆန္ဒထုတ်ဖော်ကြမည်ဟု သိရသည်။

No comments:
Post a Comment