Showing posts with label သတင်းရင်း (ရိုးရာလေး). Show all posts
Showing posts with label သတင်းရင်း (ရိုးရာလေး). Show all posts

Thursday, August 18, 2011

ခရီးသွားကုပ္မဏီတခုမှဝန်ထမ်းတဦး ငွေစာရင်းအတုဖြင့် အမေရိကန်ဒေါ်လာ(၈၀၀)ကျော် လိမ်လည်။

ခရီး သွား လုပ် ငန်း တစ် ခုမှ ဝန် ထမ်း တစ် ဦး အမေရိ ကန်ဒေါ် လာ (၈၀ဝ)ကျော် ငွေ စာရင်း အတုပြုလုပ် လိမ်လည်မှု ၂၀၁၁ ခုနှစ် ဩဂုတ် ၁၀ ရက်ကွက်   ကျောက်တံတားမြို့နယ်၌ ဖြစ်ပွားခဲ့ကြောင်း စုံစမ်း သိရှိရသည်။
ဖြစ်စဉ်မှာ မန်နေဂျာဖြစ်သူဦး......သည် ကျောက်တံတားမြို့နယ်...ရပ်ကွက်ရှိ....ခရီးသွား လုပ်ငန်းမှ ပြည်တွင်းပြည်ပ ခရီးသွား လုပ်ငန်းနှင့် လေယာဉ် လက်မှတ်ရောင်းချခြင်းများအား ဆောင်ရွက်ရာတွင် အရောင်းဝန်ထမ်းဖြစ်သူဒေါ်......သည် ကုမ္ပဏီမှ သတ်မှတ်သော ပုံစံဘောင်ချာများ အသုံးမပြုဘဲ အတု ပြုလုပ်ထားသော ကုမ္ပဏီငွေ စာရွက်ပြေစာများ အသုံးပြု၍ ရုံးသို့ပေးသွင်း ခဲ့သည့်အပြင် ငွေစာရင်းများအား စစ်ဆေးရာ အမေရိကန်ဒေါ်လာ (၈၀ဝ)နှင့်ငွေ(၃၃၀ဝ၀)တို့ အား အလွဲသုံးစားပြုလုပ်သွားသဖြင့် တိုင် တန်းခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဒေါ်.....အား ကျောက်တံတား ရဲစခန်းက (ပ)၂၆၀/၂၀၁၁၊ ပုဒ်မ(၄၀၈)ဖြင့် အရေးယူဆောင်ရွက် နိုင်ရန် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။