Showing posts with label သတင်းရင်း(သန့်ကိုကိုမောင်). Show all posts
Showing posts with label သတင်းရင်း(သန့်ကိုကိုမောင်). Show all posts

Monday, September 19, 2011

မြစ်စုံ ရေကာတာအရေး ကချင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တို့၏ ပြောဆိုချက်

ရေကာတာ ကျိုးပေါက်လျှင် မြစ်ကြီးနားမြို့တွင် ရေလှိုင်းအမြင့် ပေ ၄၀၀၊ ဗန်းမော်မြို့တွင် ရေလှိုင်းအမြင့် ပေ ၃၀၀၊စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်း ဒေသကြီးများတွင် ရေလှိုင်းအမြင့် ပေ ၂၀၀ မှ ၁၅၀၊ ပဲခူး ဧရာဝတီ၊ ရန်ကုန်တိုင်းဒေသကြီးများတွင် ရေလှိုင်းအမြင့် ပေ ၁၀၀ မှ ၅၀ ရှိနိုင်သဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ခုနစ်ခုသာ လွတ်နိုင်ပါသည်။

တရုတ် ကုမ္မဏီများသည် မလိခနှင့် မေခမြစ်၏ ပတ်ဝန်းကျင် မိုင် ၄၀ စီ စုစုပေါင်း မိုင် ၁၈၀ ကျော်ခန့် အတွင်းရှိရေဝပ် ဧရိယာ အားလုံးမှ သစ်၊ ဝါး၊ မြေပေါ်၊ မြေအောက် အဖိုးတန် သယံဇာတ သတ္တုအားလုံး ရှင်းလင်း ထုတ်ယူ၍တရုတ်ပြည်သို့ ယူဆောင် သွားသည်မှာ နှစ်နှစ်မြောက်ရှိပြီ ဖြစ်ပါသည်။

ကျွန်တော်တို့ နိုင်ငံသည် ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော် သစ်ကြီးဆီသို့ တက်လှမ်းနေပြီဖြစ်ပါသဖြင့် အထက်ပါ အကျိုး သက်ရောက်မှုများ ဖြစ်ပေါ်စေသော ရေကာတာကြီး ဆက်လက် တည်ဆောက်ရန်သင့်မသင့် ဆန္ဒ ခံယူသင့်ကြောင်း တင်ပြအပ်ပါသည်။

(ကချင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဂျေယောဂူ မှ ၁၇.၉. ၁၁အလုပ်ရုံ ဆွေးနွေး ပွဲတွင် ပြော ကြား ချက်)

-----------------------------------------------------------------------------------------------------------------------

ကျွန်မတို့ မြစ်ဆုံဒေသမှာ နေတဲ့သူ ဖြစ်တဲ့အတွက် မြစ်ဆုံက လူထုနဲ့ နီးစပ်ပါတယ်။ မြစ်ဆုံနဲ့ ပတ်သက်ပြီးတော့တကယ် ကျွန်မတို့ ကချင်ပြည်နယ်ထဲက လူထုက စိုးရိမ်နေတာ အမှန်ပါပဲ။ ကျွန်မလည်း လွှတ်တော်ကိုယ်စားလှယ်တစ်ယောက် အနေနဲ့ကလည်း လူထုထဲကပါပဲ။ ကျွန်မတို့ ကချင်လူမျိုးတွေအနေနဲ့လည်း ဒီအင်မတန် ရှားပါးတဲ့မြစ်တစ်ခု ဆုံတာကို  ဒီအတိုင်းပဲ ထာဝရ စီးဆင်း နေချင်ပါတယ်။

ဒါပေမယ့် ကျွန်မတို့ရဲ့ တိုင်းပြည်နဲ့ ပြည်သူလူထုရဲ့ လိုအပ်ချက်အရ ဒီဟာကို တိုင်းပြည်နဲ့ ပြည်သူ လူထုအတွက်အမှန်တကယ် အကျိုးရှိမယ် ဆိုတဲ့ကိစ္စ အသုံးပြုမယ်ဆိုရင် ကျွန်မတို့က တစ်ခု လိုချင်ရင် တစ်ခုကို ဆုံးရှုံးရမယ်ဆိုတာ ကျွန်မတို့ နားလည်ပါတယ် လောလောဆယ်မှာ ကျွန်မတို့ စိုးရိမ်နေတာ ကတော့ ဒီ Dam ကြီး ပေါက်ကွဲလာလို့ရှိရင် ကျိုးပဲ့သွားလို့ရှိရင် ကျွန်မတို့ မြစ်ကြီးနားက လူတွေ အရင်သေမယ်။ ဒါကိုပဲ အကြီးအကျယ် စိုးရိမ်နေကြပါတယ်။

(ကချင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူ မှ ၁၅.၉.၁၁ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားသတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားချက်)