Showing posts with label သတင်းရင်း(သျှမ်းသံတော်ဆင့်). Show all posts
Showing posts with label သတင်းရင်း(သျှမ်းသံတော်ဆင့်). Show all posts

Monday, October 17, 2011

ဗိုလ်ချုပ်ဆေထဲန်အား ထောက်လှမ်းရေးများ နောက်ယောင်ခံလိုက်နေ၊ မီဒီယာများနှင့်လည်း စကားမပြောလို။

သီတင်းကျွတ်လပြည့်နေ့က ထောင်ဒဏ် ၁၀၆ နှစ်မှ လွတ်မြောက်လာသူ ဗိုလ်ချုပ်ဆေထဲန်အားအစိုးရ သစ် ထောက် လှမ်းရေးများနောက်ယောင်ခံလိုက် နေကြောင်းနီးစပ်သည့်အသိုင်းအဝိုင်းကပြောပါ သည်။
-

သီတင်းကျွတ်လပြည့်နေ့က ထောင်မှ လွတ်မြောက်လာသူ ဗိုလ်ချုပ်ဆေထဲန့်
-
“လေယာဉ်ကွင်းကနေ အိမ်ရောက်တဲ့အထိ ကားတစီးက နောက်လိုက်လာတာ။ အိမ်ရောက် ခါနီး ကျော်တက် သွားပြီး ဗိုလ် ချုပ်အိမ်ရှေ့မှာ ကားပျက်သလိုလို လုပ်တယ်။ စစ်အစိုးရလက်ထက်က အတိုင်းဘဲ။ ဘာလုပ်လုပ် ထောက်လှမ်းရေး မျက်စိ အောက်ကမလွတ် နိုင်ဘူး။ ထောင် ကနေ လွတ် လာတဲ့ သူတယောက်ကို  ဘာကြောင့် အခုလို လိုက်ကြည့်နေရတာလဲဆိုတာ နားမလည် ဘူး” - အမည်မဖေါ်လိုသူ  တပည့်တဦးက ပြောပါသည်။

အောက်တိုဘာ ၁၂ ရက် မနက်ပိုင်း၌ ထောင်မှ လွတ်မြောက်လာသော ဗိုလ်ချုပ်ဆေထဲန် အားရန် ကုန်ရောက် ပြီး ကျန်းမာ ရေးစစ်ဆေး မှုခံယူနေစဉ်က တည်းက ထောက် လှမ်းရေးများ မျက်ခြေမပြတ်စောင့်ကြည့်ကြောင်း၊ ထိုနေ့ ၌ပင် လားရှိုးနေ အိမ်တွင်လည်း ထောက်လှမ်းရေးများ သွားရောက်ထောက်လှမ်းသေး ကြောင်း၊ အောက်တို ဘာ ၁၄ ရန်ကုန်မှ လားရှိုးသို့ လေယာဉ်အဆင်း လေယာဉ်ကွင်းမှ နေအိမ်အထိထောက်လှမ်းရေး များလိုက်လံကြည့် ရှု နေခြင်းဖြစ်ကြောင်း နီးစပ် သည့် အသိုင်းဝိုင်းတဦးကလည်းပြောပါသည်။

ထို့အတူ ဗိုလ်ချုပ်ဆေထဲန့်ကိုယ်တိုင်အားလည်း မီဒီယာများနှင့်စကားပြောချင်စိတ်မ ရှိသေးကြောင်း မိသားစုဝင် တဦး က ယခုကဲ့သို့ တုန့်ပြန် ပြောဆိုပါသည်။

“အဖေမပြောချင်တော့ ကျမတို့လဲ မတတ်နိုင်ဘူးလေ၊ အဓိကကတော့ အပြောအဆိုဆင်ခြင်ရမယ့်ကာလ မဟုတ် လား။ ပြောမှား ဆိုမှားရှိပြန်ရင်လဲ မကောင်းဘူး လေ” - ဟုဆို၏။

အောက်တို ၁၄ ရက် ( လော်ရှင်းဟန်ပိုင်ဆိုင်သော)  Air Asia Wing လေကြောင်းဖြင့် ဦးခမ်းမောဝ်(ပြည်သူ့ စစ် အသွင် ပြောင်း) နှင့် အတူ ဗိုလ်ချုပ်ဆေထဲန့် လားရှိုးသို့ ပြန်လည် ရောက်ရှိစဉ်အ သွင်ပြောင်းပြည်သူ့စစ် ခေါင်း ဆောင် ဦး(စဝ်) လွယ်မောဝ်၊ ဦး(စဝ်)ကိုင်ဖ၊ ဦး(စဝ်) ကောင်တိုင်း၊ ဦး(စိုင်း) အွန်၊ ဦး(စိုင်း)စံညွန့်၊ ဦး(စိုင်းလိန်ဇင့် တို့ ဦးဆောင်သော အကြီးအကဲများက လာရောက်ကြို ဆိုခဲ့ကြောင်း လည်း သိရပါသည်။

Thursday, October 6, 2011

KIA ဝင်ရောက်ပစ်ခတ်ပြီးနောက် လားရှိုးလူထု လုံခြုံရေးစိုးရိမ်။

အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ရှိ ခမရ ၅၀၇ အား ကချင် လွတ်လပ်ရေး တပ်မတော် KIA ဝင်ရောက် ပစ်ခတ်ပြီးနောက် လားရှိုးမြို့အတွင်းလုံခြုံရေး စိုးရိမ် နေရကြောင်း သိရသည်။
“၈ နာရီခွဲနောက်ပိုင်းဆိုရင် တိတ်ဆိတ်လွန်းလို့ လားရှိုးက မြို့ပျက်ကြီးကျနေတာဘဲ။ ဒါတောင် လားရှိုးက မြို့ကြီးနော်။ မြို့ခံတော်တော်များများ အပြင်မထွက်ရဲကြဘူး” ဟု လားရှိုးမြို့ခံတစ်ဦးက ပြောပါသည်။
-

               လားရှိုးမြို့မြင်ကွင်း (en.wikipedia.org)
-
စက်တင်ဘာ ၂၉ ရက် မနက် ၁၁:ဝဝ နာရီခန့် လားရှိုးမြို့ ဆင်ခြေဖုံးရပ်ကွက် ဝမ့်အိုင်နေကျေးရွာရှိ ခမရ ၅၀၇ တပ်ရင်း အား KIA က ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် ကင်းစောင့်တပ်သား ၂ ဦး ဒဏ်ရာရကြောင်း လားရှိုး ဒေသခံ နောက်တစ်ဦးကလည်း ဤကဲ့သို့ ပြောပါသည်။

“ခမရ ၅၀၇ က စစ်သားအားလုံးနီးပါး SSA မြောက်ပိုင်းဘက်နဲ့ ကွတ်ခိုင်ဘက်ကို ရှေ့တန်းထွက်သွားကြပြီ။ တပ်ထဲမှာ ဘယ်သူမှမရှိတော့ဘူးလို့ KIA က သတင်းရတော့ အဲဒီတပ်ကို သွားတိုက်တာ။ အခြေအနေအရ ကင်းစောင့်တပ်သား ၂ ယောက်ဘဲ ဒဏ်ရာရတယ်။ တပ်ထဲကိုတော့ ဝင်မစီးလိုက်ဘူး။”

ထို့နောက်ပိုင်း လားရှိုးမြို့ပေါ် ကားအသွားအလာ ခရီးသည်များအား အာဏာပိုင်က တင်းကြပ်စွာ စစ်ဆေးကြောင်း၊ လူ နေရပ်ကွက်ရှိမသင်္ကာသည့် နေအိမ်များ အား ရှောင်သခင်စစ်ဆေးကြောင်း၊ ဒေသ ခံများကလည်း စစ်ရေးအခြေ အနေ ကြောင့် မိမိလုံခြုံရေးအတွက် ညအပြင်မထွက်ရဲဘဲ ညပိုင်း မြို့တစ်ခုလုံး ဆိတ်ငြိမ်နေကြောင်းလားရှိုး ဒေသခံများ ပြော ပြချက်အရ သိရသည်။

ထို့အတူ သျှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ ၄ ထိန်းချုပ်နယ်မြေအတွင်း၌ မြန်မာအစိုးရတပ် ထိုးစစ်ဆင် တိုက်ခိုက် နေ သောကြောင့် ပြည်ထောင်စုလမ်းမ (မူစယ်-လားရှိုး-မန္တလေးလမ်း) ပေါ် ရှိ လမ်းတံတားများ အဖျက်ဆီးမခံရစေရန် အစိုးရ တပ်က လုံခြုံရေး အထူးတင်းကြပ်ကြောင်း ကားဆရာတစ်ဦးက လည်းဤသို့ ပြော ပြပါသည်။

“လားရှိုး-မူစယ်လမ်းတလျှောက် တမိုင်စီခြားပြီး စစ်သားအယောက် ၄၀ ကနေ ၆၀ အထိလုံခြုံရေးချထား တယ်။ တနေရာ မှာဘဲ မနေဘူး။ လျှောက်သွားလျှောက်လာနဲ့ နေရာချင်း အဖွဲ့ချင်းလဲပြီး စောင့်နေတာ”

ထို့အတူ လွန်ခဲ့သည့် စက်တင်ဘာ ၃၀ ရက်က မူစယ်မြို့မှ မုံးကိုးမြို့နယ်ခွဲသို့မှတ်ပုံတင်လုပ်ပေးရန်ဒေသခံ ပြည်သူ့ စစ် တို့၏ကားဖြင့်သွားသည့် ခရိုင်လဝကမှူး ဦးရဲဝင်း၊ မုံးကိုးမြို့နယ်ခွဲ လဝကမှူး ဦးရဲဝင်(နာမည်တူ) တို့အား KIA တပ်ဖွဲ့ က ခြုံခိုတိုက်ခိုက်ရာ ကားဆရာတစ်ဦးသာ ဒဏ်ရာရ သေဘေးမှလွတ်မြောက်သွား ကြောင်း၊ မူစယ်ခရိုင် လဝကမှူး ဦးရဲဝင်း ရုပ်အလောင်းအား ပြီးခဲ့သည့် တနင်္လာနေ့က သဂြိုလ်ကြောင်း မူစယ်ဒေသခံများပြောပြချက် အရ သိရပါသည်။

Tuesday, September 27, 2011

KIA တပ်ရင်း ၉ နယ်မြေမှ ရွာသား ၆၀ ကျော် ဘုရားကျောင်း၌ ခိုလှုံ။

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၉ အခြေစိုက် သျှမ်းပြည် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် တလိုင်းရွာမှ ရွာ သား ၆၀ ကျော်သည် မူစယ်မြို့နယ် နမ့်အွန်ကျေးရွာ ခရစ်ယာန် ဘုရားရှစ်ခိုးကျောင်း၌ စစ်ပြေးဒုက္ခသည် အဖြစ် ရောက်ရှိ ခိုလှုံနေကြောင်း သိရသည်။အစိုးရစစ်တပ်ထိုးစစ်ကြောင့် ယခုလ ၂၅ ရက်နေ့က ၄င်းရွာမှ  KIA တပ်ရင်း ၉ ဆုတ်ခွာခဲ့ရာ အိမ်ခြေ ၅၀ဝကျော် ခန့်ရှိ တ လိုင်း ရွာသားများ စစ်ဘေးလွတ်ရာ ထွက်ပြေးနေခြင်း ဖြစ်သည်။
 -

-
တလိုင်းရွာသားဒုက္ခသည်နှင့်နီးစပ်သူ တစ်ဦးက “စားဖို့ နေဖို့ မလုံလောက်တာကြောင့် နမ့်အွန်ဘုရားကျောင်းမှာ ဒုက္ခသည် ၆၀ ကျော်လောက်ပဲ အသင်းတော်က လက်ခံထားလိုက်တယ် ကျန်တဲ့လူတွေကတော့ မူစယ်နယ် တစ်ဝိုက်မှာရှိတဲ့ နီးစပ်ရာ မိတ်ဆွေတွေ ဆွေမျိုးတွေထံမှာ သွားပြီးခိုလှုံကြတယ် ” ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ယခုအခါ တလိုင်းရွာ၌ အစိုးရစစ်တပ်များရောက်ရှိနေပြီး အစိုးရတပ်မှ ကျေးရွာအတွင်း အိမ်ထောင်စုစာရင်း စစ်ဆေးနေ ကြောင်း လူမရှိသည့် အိမ်များကို KIA တပ်ဖွဲ့ဝင်အိမ်များဖြစ်သည်ဟု သတ်မှတ်ကြောင်း သူက ဆိုသည်။အလားတူ KIA တပ်ရင်း ၂ အခြေစိုက်ရာ မူစယ်မြို့နယ် တီးမားကျေးရွာ အုပ်စုအတွင်းရှိ ရွာ ၆ ရွာမှ ရွာသား များလည်း နီးစပ်ရာဆွေမျိုးများထံ ထွက်ပြေးခိုလှုံနေကြောင်း သိရသည်။

အစိုးရတပ်များသည် သျှမ်းပြည် (မြောက်ပိုင်း) မူစယ် ၊ ကွတ်ခိုင်နှင့် မန်တုံမြို့နယ်များအတွင်းရှိ KIA တပ်မဟာ ၄ လက်အောက်ခံတပ်များကို ယခုလ ၂၄ ရက်နေ့မှ စ၍ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်း ဖြစ်ပြီး အစိုးရစစ်တပ်များ လားရိုးမှ မူစယ်သို့  ယနေ့နံနက်ပိုင်းတွင် ထပ်မံရောက်ရှိလာကြောင်း သိရသည်။

Tuesday, September 13, 2011

နှစ်ဝက်ကျော်ကြာ ပိတ်ထားသော မိုင်းလား ကျိုင်းတုံလမ်းပြန်လည်ဖွင့်လှစ်။

နေပြည်တော်မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး နောက်ပိုင်း ၅ ရက်ခန့်အကြာ မြန်မာအာဏာပိုင်တို့မှ နှစ်ဝက်ကျော်ကြာ ပိတ်ထားသော (ကျိုင်းတုံ -မိုင်းလား လမ်းအား) နမ့်လွေချောင်းကူးတာ့ပင်း တံတား အနီးဂိတ်ကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ် ကြောင်း မိုင်းလားအာဏာပိုင်များထံမှသိရသည်။

တာ့ပင်းဂိတ်“ဆိုင်ကယ်တွေ ဗင်တွေ ဟိုင်းလက်တွေလောက်တော့ ပုံမှန်ပြန်ပြီး ဖြတ်သန်းခွင့်ပြုပြီ။ နယ်ခြားဒေသတဝိုက် နယ်ကျွံ အခြေချသည့် မြန်မာတပ်အင်အားတချို့လဲ အနည်းငယ် ဆုတ်ပြန်သွားကြပြီး၊ တပ်တခုလုံးရုပ်ပြန် တာတော့မဟုတ်ဘူး၊ ၄၀ ရှိ ရင် ၂၀ လောက်ချန်ထားတယ်အဲလိုပေါ့” ဟုမိုင်းလားအရာရှိနှင့်နီးစပ်သူတဦးကပြော သည်။

ယမန်နှစ် နိုဝင်ဘာလ ကစ၍ မြန်မာအာဏာပိုင်များဖက်မှ စတင်ပိတ်လိုက်ခြင်းဖြစ်ပြီး စက်တင်ဘာလ ၆ ရက် နေပြည် တော်မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကိုယ်စားလှယ်များနှင့် မိုင်းလားအာဏာပိုင်တို့တွေ့ဆုံကြပြီးနောက် ပိုင်း အဆိုပါ တာ့ပင်းဂိတ်အား ပြန်လည်ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။“ အရင်က သူတို့ပိတ်တုန်းက တရက်ဆိုရင် ကားငယ်လေး ၂ စီးဘဲဖြတ်သန်းခွင့်ပေးတယ်။ ခုတော့ဆိုင်ကယ် ကားငယ် ကားလတ်တွေ အကုန်လုံးပေးဖြတ်တယ်။ ကုန်ကားကြီးနဲ့ ခရီးသည်တင်ကားကြီးတွေကိုတော့ပေးမသွား သေးဘူး။

 ဒီကိစ္စ အထက်အာဏာပိုင်တွေနဲ့ ဆွေးနွေးတင်ပြပေးမယ်လို့ မြန်မာဖက်ကကိုယ်စားလှယ် တွေကပြော သွားတယ်တဲ့” ဟု မိုင်း လား အာဏာပိုင်တဦးနှင့် နီးစပ်သူတဦးကပြောသည်။မိုင်းလားနယ်ခြားမျဉ်းတလျှောက် မြန်မာတပ်အချို့ ရုပ်သိမ်းသွားသည်သာမက မိုင်းယန်းမြို့နယ်ဟွေမူး၌တိုးချဲ့ နေရာယူ ထားသည့်တပ်လည်း ဆွေးနွေးပွဲမတိုင်ခင် ၃ ရက်နေ့ကတည်းက တပ်ပြန်ရုပ်သွားပြီဖြစ်ကြောင်း ゞင်းက ဆက်လက်ပြော ပြသည်။ ဆွေး နွေးပွဲပြီး နောက်ပိုင်း ယခင်ကကဲ့သို့ မြန်မာဝန်ထမ်းဌာနအသီးသီး မိုင်းလားသို့ ပြန်လည်ရုံးစိုက်မည်ဟု သတင်းရရှိထား သော်လည်း လာမည့်နေ့ရက်အတိအကျကိုမူ မသိရသေးဟုလည်းမိုင်းလား အာဏာပိုင်များကပြောသည်။

ဩဂတ်စ်လ ၁၈ ရက်က သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသားတပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်ကမ်းလှမ်း ခဲ့သည်။ ၂၇ ရက်နေ့က အစိုးရ၏ကမ်းလှမ်းချက်အား အကောင်းမြင် ထောက်ခံကြောင်း မိုင်းလားနှင့် ဝ တပ်ဖွဲ့က နေပြည်တော်သို့ အကြောင်းပြန်စာပေးပို့ခဲ့သဖြင့် ယခုလ ၆ ရက်က ဝ တပ်ဖွဲ့ကိုယ်စားလှယ်များနှင့်လည်းကောင်း၊ ၇ ရက်နေ့က မိုင်းလား တပ်ဖွဲ့ကိုယ်စားလှယ်များနှင့်လည်းကောင်းနေပြည်တော်မှငြိမ်းချမ်းရေး ကိုယ်စားလှယ်များ က ကျိုင်းတုံမြို့သို့ သွားရောက် တွေ့ဆုံခဲ့ကြသည်။

ယခုတပတ် တနင်္ဂနွေနေက ပြန်လည်ဖွင့်လှစ်လိုက်သော နမ့်လွေချောင်းကူး တာ့ပင်းတံတားဂိတ်အား လွန်ခဲ့သည့် နှစ် နိုဝင်ဘာ ၂၃ ရက်က မြန်မာဖက်မှ ပထမအကြိမ် စတင်ပိတ်လိုက်ခြင်းဖြစ်ပြီး၊ ထိုင်းနိုင်ငံဝန်ကြီးချူပ်ဟောင်း ချွန်လစ်ပိုင်၏ အလည် အပတ်ခရီးစဉ်ကြောင့် ယခုနှစ် ဖေဖော်ဝါရီ ၆ ရက် ကဒုတိယအကြိမ် ခရီးသွားယာဉ်ကြီးများ၊ ကုန်တင်ယာဉ်ကြီး များ မြန်မာဘက်က ပိတ်လိုက်ခြင်းဖြစ်သည်။ ပြီးခဲ့သည့် မတ်လ ၂၆ ရက်ကစပြီးငွေသိန်းချီ ပေးပြီး မှောင်ခိုလိုင်းဖြတ်သန်း နည်းများမှအပ ယာဉ်သွားယာဉ်လာများအားလုံး ရပ်ဆိုင်းထားရာမှယခုတကြိမ် မြန်မာ အာဏာပိုင်တို့ ပြန်လည်ဖြတ်သန်း ခွင့်ပြုပေးခဲ့ သည်

Thursday, September 8, 2011

သေနတ်ပစ်ဖေါက်ခြိမ်းခြောက်၍ လင်ယောကျာ်းရှေ့မှောက်၌ ဇနီးဖြစ်သူကိုမုဒိန်းကျင့်။

မကြာသေးခင်က တပ်စခန်းသို့ ပိုက်သွယ်တန်းရန် အတွက်  ရွာသားများထံမှ ကျပ်သိန်းချီပိုက်ဆံ ကောက်ယူသော မိုင်းရယ် အခြေစိုက် ခမရ ၃၂၅ မှ တပ်ဖွဲ့တဖွဲ့ အိမ်ထောင်သည်အမျိုးသမီးတဦးအား လင်ယောကျာ်းရှေ့မှောက်၌ပင် မုဒိန်းကျင့်ခဲ့ ကြောင်း သျှမ်းပြည်မြောက်ပိုင်းသတင်းရပ်ကွက်ကပြောပါ သည်။
-
“ မုဒိန်းကျင့်ခံရတာ နန်းခမ်းလီ အသက် ၃၅ နှစ်လောက်ရှိပြီ။ အိမ်ထောင်သည်။ သူ့ယောက်ကျားအိုက်ဆာရှေ့ မှာတင် မုဒိန်းကျင့်ခံရတာ။ အိုက်ဆာက ဝင်မတားနိုင်ဘူး။ သူတို့အိမ်ထဲမှာ သေနတ်ပစ်ခြိမ်းခြောက်တာ ကျည်ဆံရာ အချက် ၃၀ လောက်ရှိတယ်” ဟု မုဒိန်းကျင့်ခံနေထိုင်သည့် အုပ်စုမှ ရပ်မိရပ်ဖ တဦးကပြောသည်။
-
မိုင်းရယ်အခြေစိုက် ခမရ ၃၂၅ ၏ ဝမ့်ဇန့်အုပ်စုစခန်းချ ဗိုလ်မှူး မျိုးဇောမောင် ဦးဆောင်သော အင်အား ၇၀ ခန့်ရှိ စစ် ကြောင်းတကြောင်းက ကုန်းဝက်အုပ်စု ဝမ့်နမ့်ဆွမ်ရွာ၌ ခရီးတထောက်ချ နားစဉ် ဩဂတ်စ်လ ၂၈ ရက်က အဓမ္မပြုကျင့် ခဲ့ခြင်းဖြစ်သည်။
-
လုံးအောင်ဆာ- နိုင်းထွေးတို့၏သမီး မိုင်းရယ်မြို့နယ် ကုန်းဝက် အုပ်စု နမ့်ဆွမ်ရွာနေ နန်းလီ အသက် ၃၅ နှစ် အား ဗိုလ်မှူး မျိုးဇောမောင်၏ နောက်လိုက်စစ်သားများက မုဒိန်းကျင့်နေစဉ် ယောက်ျားဖြစ်သူအား ဖမ်းချုပ်၍ သေနတ်အချက် ၃၀ ထက်မနည်း ပစ်ဖေါက်ခြိမ်းခြောက်ကာ နန်းလီအားအုပ်စုလိုက်အဓမ္မပြု ကျင့်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့်လဲ ၎င်းတို့အိမ် ထောင်ပရိဘောဂများ ပျက်စီးကုန်ကြောင်း - နီးစပ်သည့် အသိုင်းအဝိုင်းက ပြောပါသည်။
-
မိုင်းရယ်အခြေစိုက် ခမရ ၃၂၅ မှ ဗိုလ်မှူးမျိုးဇောမောင် ဦးဆောင်သည့် တပ်ဖွဲ့မှာ ဩဂတ်စ်လလယ်က မိုင်းရယ်မြို့ အနောက်ဖက် ၇ မိုင်ခန့်အကွာ ဝမ့်ဇန့်ရွာထဲသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြင့်လည်း ကောင်း၊ ဩဂတ်စ်လ ၂၈ ရက် ဤ မုဒိန်းကျင့်မှုကျူးလွန်ခြင်းဖြင့်လည်းကောင်း၊ ယခုလ ၃ ရက်နေ့က ၎င်းတို့၏ ဝမ့်ဇန့်တပ် စခန်းထဲ ရေပိုက်သွယ်တန်း ရန် ကျေးရွာအုပ်စု ၅ ခုထံမှ ကျပ်ငွေသိန်းချီကောက် ခံခြင်းဖြင့် လည်းကောင်း လူ့အခွင့်အရေးဆက်တိုက်ချိုးဖောက် နေသည်ဟုမိုင်းရယ်မြို့ နိုင်ငံရေးပါတီ အသိုင်းအဝိုင်းမှ ခေတ်ပညာတတ်လူငယ်တဦးက ပြောပါသည်။