Showing posts with label သတင်းရင်း(ပေါ်ပြူလာမြန်မာဂျာနယ်). Show all posts
Showing posts with label သတင်းရင်း(ပေါ်ပြူလာမြန်မာဂျာနယ်). Show all posts

Thursday, January 10, 2013

လွှတ်တော် ကော်မတီကော်မရှင်တို့မှ ဥက္ကဌ များနှင့် ပြည်သူ့လွှတ်တော် ဥက္ကဌ တွေ့ဆုံ

နေပြည်တော်၊ ဇန်န၀ါရီ ၁၀

လွှတ်တော် ကော်မတီကော်မရှင်တို့မှ ဥက္ကဌ များနှင့် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းတို့ သည် လွှတ်တော်အတွင်း လုပ်ငန်းဆောင်ရွက်မှု များ မြန်ဆန်လာစေရေးအတွက်ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးပြီးဆုံးချိန်တွင် ညှိနိုင်းအစည်းအဝေးတစ်ခု ကိုပြုလုပ်ခဲ့ကြသည်။

ယင်းအစည်းအဝေးအပြီးတွင် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော် အဆောက်အအုံအတွင်းရှိ( I .12 )ခန်းမတွင် လက်ပံတောင်းတောင် အရေးကိစ္စနှင့် ပတ်သတ်၍ ပြည်တွင်းရှိသဘာဝပတ်ဝန်းကျင် နှင့် သိပ္ပံ ကျွမ်းကျင်ပညာရှင်များနှင့် ညှိနှိုင်းတွေ့ဆုံခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သတ်၍ လောလောဆယ် သတင်းထုတ်ပြန်မှု မရှိသော်လည်း ယခုလ တတိယပတ်တွင် သွားရောက်မည့် အမေရိကန်နှင့် ကိုရီယားခရီးစဉ် မတိုင်မီ ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
 

Saturday, October 27, 2012

စမ်းသပ်သန်းခေါင်စာရင်းနေရာ(၂၀)တွင်ကောက်ယူမည်။


မြန်မာနိုင်ငံတ၀ှမ်းရှိ နေရာ ၂၀တွင် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူမှုအား ၂၀၁၃ ခုနှစ် မေလတွင် ဆောင်ရွက် မည်ဟု လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဌာန ၀န်ကြီးဦးခင်ရီက ပြောသည်။
 တစ်နိုင်ငံလုံးရှိအတိုင်းအတာနှင့် ၂၀၁၄မှာ ကောက်ယူမည့် သန်းခေါင်စာရင်း ကောက်ယူမှုတွင် တွေ့ရှိရမည့် အခက်အခဲများကို ကြိုတင်ပြင်ဆင်ရန် ပြုလုပ်ခြင်းဖြစ်ကြောင်း ၄င်းက ပြောသည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကောက်ယူမှုကို ၂၀၁၄ ခုနှစ်မတ်လတွင် လုပ်ဆောင်မည်ဖြစ်ရာ ပညာပေးရေး အစီအစဉ်များနှင့် လက်ကမ်းစာစောင်များအပြင် သမ္မတကိုယ်တိုင် မိန့်ခွန်းပြောကာ ပြည်သူလူထုပါဝင်  အောင် စည်းရုံးလှုပ်ရှားသွားမည်ဟု ၄င်းက ပြောကြားသွားခဲ့သည်။
ယခုစမ်းသပ်ကောက်ယူမှုသည် ရန်ကုန်၌ ရွှေပြည်သာနှင့် လမ်းမတော်တို့တွင် ပြုလုပ်မည် ဖြစ်ပြီး အခြားပြည်နယ်နှင့် တိုင်းနေရာ ၂၀၌လည်း စမ်းသပ်သွားမည်ဟု သိရသည်။