Showing posts with label သတင်းရင်း(မောက္ခ). Show all posts
Showing posts with label သတင်းရင်း(မောက္ခ). Show all posts

Monday, October 17, 2011

FACEBOOK နှင့် စခရင်(screen) စွဲလန်းမှုကြောင့် ဦးနှောက်ပျက်ခြင်း ရောဂါ ရရှိနိုင်။

Facebook နှင့် ကွန်ပျူတာဂိမ်းစသည့် နည်းပညာတို့ကို အလွန်အကျွံ အသုံးပြုခြင်းသည် ကလေးများ အတွက် လွန်စွာ အန္တရာယ်ရှိနေသည်ဟု ထိပ်တန်း ဦးနှောက်အာရုံကြော သိပံ္ပပညာရှင်က ထုတ်ဖေါ် ပြော ဆို လိုက်ပါသည်။ “ဦးနှောက် ခေတ္တပျက်ခြင်း” နှင့် ရင်ဆိုင်နိုင်ရဖွယ် ရှိကြောင်းလည်းဆိုသည်။
ပညာရှင် Baroness Greenfield က ကွန်ပျူတာရှေ့တွင် နာရီပေါင်းများစွာ ထိုင်နေခြင်းမှာ ကလေး၏ ဦးနှောက် အလုပ်လုပ်ပုံကို ယောက်ယက်ခတ်၊ ရှုတ်ထွေး စေနိုင်ပြီး ကွန်ပျူတာ စွဲလန်းခြင်း ရောဂါလည်း ရရှိနိုင်ကြောင်း အခိုင်အမာ ပြောဆိုခဲ့ပါသည်။
သူမက အကြံပြုရာတွင် လူငယ် ကျောင်းသားများ အနေဖြင့် ကွန်ပျူတာကို ပိတ်ပြီး၊ ပြင်ပ ပတ်ဝန်းကျင်သို့ သွားလည်ပတ်သင့်ကြောင်းနှင့် လေကောင်းလေသန့်ကို ပျော်ရွှင်စွာ ရှုရှိုက်သင့်ကြောင်း ပြောပြခဲ့သည်။

စခရင်ရှေ့မှာပဲ ထိုင်မနေဘဲ သစ်တောထဲလည်း လမ်းလျှောက်ခံစားကြပါဦးတစ်နှစ်အတွင်းမှာပင် ကွန်ပျူတာ စခရင်းကို ကလေးငယ်များသည် နာရီပေါင်း ၂၀၀၀ (နှစ်ထောင်) ခန့်အထိ စူးစိုက် ကြည့်နိုင်သည်ဟုလည်း ဆိုထားသည်။ အကျိုးဆက်အနေဖြင့် “ကွန်ပျူတာ စွဲလမ်းခြင်းနှင့် မရှိ မနေတတ် ရောဂါ” စွဲကပ်ခြင်းကို ခံစားနိုင်သည်ဟု သူမက ရှင်းပြသည်။
နည်းပညာမှာ တီထွင်ဖန်တီးမှု စွမ်းရည်တို့ကို ဖွံ့ဖြိုးစေနိုင်သည့် အကျိုးကျေးဇူး များစွာ ရှိနေသော်ငြားလည်း အလွန်အကျွံ အသုံးပြုခြင်းမှာမူ သေချာပေါက် အန္တရာယ် ဖြစ်စေနိုင်သည်ဟု ပညာရှင် Greenfield က အခိုင်အမာ ပြောဆိုထားပါသည်။
“စခရင် နည်းပညာတွေက စိတ်အား ထက်သန်မှုကို အလွန်အမင်း လှုံ့ဆော်ပေးနိုင်တာပါ။ အဲဒီအခါမှာ စွဲလန်းခြင်းကို ဖြစ်စေတဲ့ ဦးနှောက် အတွင်းပိုင်း စနစ်ကိုပါ လှုံ့ဆော်ပေးသလို ဖြစ်နေတယ်။ အကျိုးဆက်ကတော့ စခရင် ပေါ်မှာပဲ ပိုပြီးတော့ လုပ်ချင်နေတော့တဲ့ တပ်မက်စွဲလန်းမှု ရောဂါ ဝေဒနာကို ခံစားရတော့တယ်။” အင်္ဂလန် အနောက်တောင်ပိုင်းနယ်၊ Dorset မြို့ ညီလာခံတွင် သူမ ရှင်းပြခဲ့သည်ကို Sun သတင်းစာတွင် ဖေါ်ပြခဲ့သည်။
အာရုံခံစားမှု အကြောင်းအရာ များပြားလာသည့်အခါ ဦးနှောက်အတွင်းပိုင်းနှင့် ဆက်နွယ် လုပ်ဆောင်ရမှုများက “ခေတ္တမျှ ရပ်တန့်” သွားနိုင်ကြောင်း၊ “စိတ်ကို လေဟာနယ်ထဲ လွှင့်ပစ် လိုက်သလို” ဖြစ် တတ်ကြောင်းလည်း သူမက ဆိုပါသည်။
“သို့တည်းမဟုတ် ဦးနှောက် ယိုယွင်းပျက်စီးခြင်း Dementia ရောဂါကဲ့သို့လည်း ရရှိစေနိုင်ပြီး ရာသက်ပန် ဦးနှောက် ပျက်စီး စေနိုင်သည့် ဖြစ်နိုင်ချေ ရှိနေလေသည်။”
“အပြင်ဘက်ကို ထွက်ကြမှ ဖြစ်တော့မယ်။ သစ်ပင်ပေါ် တက်ကြည့်ကြပါ။ ခြေထောက်အောက်က မြက်ခင်း စိမ်းစိမ်းလေးတွေ ကိုင်ကြည့် ခံစားကြပါဦး။ မျက်နှာပေါ် ကျရောက်လာတဲ့ နေခြည်နွေးရဲ့ အရသာကိုလည်း ခံစားပါ။”
လူငယ်များစွာမှာ Facebook ပေါ်တွင်သာ အချိန်ကုန်လွန် လျက်ရှိပြီး Facebook ကိုသာ ဘ၀ဟုပင် ထင်မှတ်မှားလျက် ရှိပြန်သည်ဟု Greefield က ဆိုပါသည်။ ထို့အပြင် ပို့စ်များတွင် ပါရှိနေသည့် သတင်းမှား၊ အတင်းအဖျင်းများကြောင့်လည်း စော်ကားခံရခြင်း၊ အန္တရာယ် ဖြစ်စေနိုင်ခြင်းတို့ဖြင့်ရင်ဆိုင်နေရလျက်လည်း ရှိကြသည်။
“အခြားသူတွေက သူတို့ကို ရှုမြင်ကြတဲ့ အတိုင်းသာ အဓိပ္ပါယ် ဖွင့်ဆိုရင်းနဲ့ သူတို့ရဲ့ ပင်ကိုယ်သရုပ်ဟာ ဘယ်လို ဖြစ်နေပြီလဲ။” သူမက မေးခွန်းထုတ်ခဲ့ပါသည်။