Showing posts with label သတင်းရင်း(မော်ဒန်သတင်းဂျာနယ်). Show all posts
Showing posts with label သတင်းရင်း(မော်ဒန်သတင်းဂျာနယ်). Show all posts

Saturday, November 3, 2012

မန္တလေး ဖွံ့ဖြိုးမှု နှစ် ၃၀ စီမံကိန်း ရှေ့ပြေးအဆိုပြုချက်ပုံစံ ထွက်ရှိလာ။

မဟာမန္တလေး ဖွံ့ဖြိုးမှု နှစ် ၃၀ စီမံကိန်း 'ရှေ့ပြေးအဆိုပြုချက်ပုံစံ (conceptual plan)' အရ ဇုန်ဆယ်ခုခွဲပြီး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတိက ရေးဆွဲပြုစုထားတဲ့ နှစ် ၃၀ စီမံကိန်း ဖော်ပြချက်အရ သိရပါတယ်။

အဲသည် ဇုန်ဆယ်ခုကတော့

(၁) အိမ်ရ
ာမဲ့တွေနဲ့ အခြေခံလူတန်းစားတွေအတွက် မြို့သစ်ဇုန် (new satellite zone)

(၂) အသေးစား အလတ်စား စက်မှုဇုန် (new industrial zone)

(၃) စီးပွားရေး အချက်အချာဇုန် (central business district)

(၄) အဆင့်မြင့် လူနေမြို့သစ် (new civic centre)

(၅) အပြည်ပြည်ဆိုင်ရာ စီးပွားရေး ကုန်သွယ်ဇုန် (international trade zone)

(၆) အပန်းဖြေ အနားယူ ကစားကွင်းနဲ့ ပန်းခြံဇုန် (amusement park zone)

(၇) အမျိုးသားယဉ်ကျေးမှု ပန်းခြံဇုန် (national heritage zone)

(၈) ဟိုတယ်၊ လူနေအိမ် အဆောက်အအုံများ ဆောက်လုပ်ရန်ဇုန် (hotel and residential zone)

(၉) ပြည်ပပို့ကုန် စီမံခန့်ခွဲမှုဇုန် (export products management zone)

(၁၀) စွမ်းအင်ဇုန် (energy zone)

တို့ ဖြစ်ပါတယ်။

နှစ် ၃၀ စီမံကိန်းကို ၂၀၄၀ အထိ လျာထားပြီး စီမံကိန်း အပိုင်းလိုက်တွေကို ငါးနှစ်စီမံကိန်းတိုတွေနဲ့ အဆင့်ဆင့် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

အဲသည် စီမံကိန်း ရှေ့ပြေး အဆိုပြုချက် ရေးဆွဲတဲ့ မန္တလေး စည်ပင်သာယာမှ တာဝန်ရှိသူတစ်ဦးက “အခုဟာက ရှေ့ပြေးစီမံကိန်း အဆိုပြုချက်ပဲ ရှိပါသေးတယ်။ ဝန်ကြီးချုပ်ဆီ တင်ပြထားတုန်းပဲ ထင်တယ်။ စွယ်တော် အရှေ့ဘက်က ကားကြီးကွင်း လုပ်တာတို့၊ အားကစားကွင်း လုပ်တာတို့က ဒီနှစ် ၃၀ စီမံကိန်းထဲ ပါတယ်။ Master plan က နောက်မှာကျန်ဦးမယ်။ ပြန်ဆွဲရမှာပေါ့” လို့ ပြောပါတယ်။

ယခု ရေးဆွဲထားသော မဟာမန္တလေး ဖွံ့ဖြိုးမှု နှစ် ၃၀ စီမံကိန်းကို ယခင် ဂျပန်နိုင်ငံ Chiyoda Corporation က ၁၉၉၃ ခုနှစ်က ရေးဆွဲခဲ့တဲ့ Star Ruby Project ကို အခြေခံပြီး ပြောင်းလဲနေတဲ့ မန္တလေးမြို့ မြေအနေအထားအရ အဆိုပြုချက်ပုံစံ (conceptual plan) ရေးဆွဲထားခြင်း ဖြစ်ပြီး လက်တွေ့စီမံကိန်းပုံစံ (action plan) ကို အသေးစိတ် လေ့လာပြီး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။