Showing posts with label သတင်းရင်း(မွေခေါဝ်). Show all posts
Showing posts with label သတင်းရင်း(မွေခေါဝ်). Show all posts

Thursday, September 15, 2011

အစိုးရဝန်ထမ်းကိစ္စ (UWSA) အစည်းအဝေးကျင်းပ။

"ဝ" ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSA) က မိမိတို့နယ်မြေအတွင်းပြန်လည်ဝင်ရောက်လာ မည့် အစိုးရ ဝန်ထမ်းများနှင့် ပတ်သက်၍ ဗဟိုဌာန ချုပ် ပန်ဆန်း၌ အစည်းအဝေးတစ်ရပ်ယနေ့ပြုလုပ် ကြောင်း တရုတ်-မြန်မာ နယ်စပ်သတင်းများအရ သိရသည်။  “ဝ"ဘက်ကလဲ သူတို့လူတွေကို အစိုးရထိန်းချုပ်နယ်မြေထဲပို့ပြီး ဆက်ဆံရေးရုံးတွေ ပြန်ဖွင့်တော့မယ်။

 အစိုးရလဲ သူတို့ ရဲ့ဝန်ထမ်းတွေကို "ဝ" နယ်မြေထဲ ပြန်ပို့လာတော့မယ်ဆိုတော့ အစိုးရဝန်ထမ်းတွေအတွက်ဘယ်လိုစီစဉ် ပေးမှာလဲဆိုတဲ့ ကိစ္စတွေနဲ့  ပတ်သက်ပြီး အစည်းအဝေးလုပ်တာပါ” ဟု တရုတ်-မြန်မာနယ်စပ်မှဒေသခံတစ်ဦး က ပြောပါသည်။မိုင်းလား-တရုတ်နယ်စပ်ဂိတ်မိုင်းလား-တရုတ်နယ်စပ်ဂိတ်UWSA မှ အစိုးရဝန်ထမ်းများဖြစ်သော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေ(နတလ) ဝန်ထမ်း များ၊ လယ်ယာစိုက်ပျိုးရေးဝန်ထမ်းများ၊ ဆရာ/ဆရာမ၊ ဆရာဝန်၊ ဆောက်လုပ်သား စုစုပေါင်း ၁၀ဝ အထိ လက်ခံခဲ့ သည်ဟုဆို၏။

"ဝ" နှင့်စစ်အစိုးရတို့ကြား အခြေအနေတင်းမာလာသဖြင့် စစ်အစိုးရဘက်မှ၎င်းတို့ ၏ဝန်ထမ်းများအားလုံး ကို ၂၀၁၀ ဧပြီလ၌ ပြန်လည်ခေါ်ယူခဲ့သည်။“နယ်ခြားစောင့်တပ်နဲ့ ပတ်သက်ပြီး ကျနော်တို့နဲ့ စစ်အစိုးကြား အခြေအနေတင်းမာလာတယ်။နှစ်ဖက်ဆက်ဆံ ရေးလဲ ပျက်ပြားလာတာကြောင့် အစိုးရဝန်ထမ်းတွေလဲ ပြန်သွားကြတယ်။

အခုအခြေအနေကအရင်ကနဲ့မတူ တော့ ကြိုတင် ပြင်ဆင်ရတာပေါ့ ဟု "ဝ" အရာရှိနှင့် နီးစပ်သည့်အသိုင်းအဝိုင်းက ပြောသည်။UWSA နှင့် အရင်းနှီးဆုံး မဟာမိတ်ဖြစ်သော အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ပေါင်းစုသျှမ်းပြည် အရှေ့ပိုင်း NDAA - ESS မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်နယ်မြေ မိုင်းလားနှင့်တာလော့ နယ်စပ်ကူးဂိတ်ရှိသည့် အတွက် အစိုးရဘက်မှ လူဝင်မှုကြီးကြပ်ရးရုံး (လဝက)နှင့် အကောက်ခွန်ရုံးကိုပါလာရောက်ဖွင့်လှစ်ထား သည်။

“ကျနော်တို့ဖက်ကတော့ သတိထားပြီး အစိုးရဝန်ထမ်းတွေနဲ့ ဆက်ဆံသွားမှာပါ။ လက်ရှိအစိုးရဟာအရေခွံလဲ ထားတဲ့ေ မြွလိုပါဘဲ။ အရေခွံသစ်ဖြစ်လာပေမဲ့ မြွေအသစ်မဖြစ်လာပါဘူး” ဟု မိုင်းလားအရာရှိတစ်ဦးကပြောပါ သည်။စက်တင်ဘာ (၆) ရက် UWSP ကိုယ်စားလှယ်များ၊ စက်တင်ဘာ ရ ရက် NDAA ကိုယ်စားလှယ်များနှင့် အစိုးရ ကိုယ် စား လှယ်များ တွေ့ဆုံစဉ် “နှစ်ဖက်ဆက်ဆံရေးရုံးများ နဂိုမူလအတိုင်း ပြန်လည်ဖွင့်လှစ်ခြင်း” အပါအဝင် အချက်( ၄) ချက်ကို သဘောတူလက်မှတ်ရေးထိုးခဲ့သည်။