Showing posts with label သတင်းရင်း(ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့(၈၈)). Show all posts
Showing posts with label သတင်းရင်း(ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့(၈၈)). Show all posts

Saturday, March 31, 2012

ဌာနေလူထုအင်အားဖြင့် မဲရုံကို ဝိုင်းပြီး တောင်းဆိုသဖြင့် ညတွင်းချင်း မဲစာရင်းထုတ်ပြန်ပေးလိုက်ရပြီ။

၃၁.၃.၂၀၁၂
ည(၁၁း၃၀)
မအူပင်မြို့နယ်တွင် မဲစာရင်းကွာဟမှုများ၊ လူစာရင်းမပါရှိမှုများရှိနေပြီး (၂၄.၃.၂၀၁၂)တွင် စာရင်းပြန်ပြင်ပေးမည်ဟု ကတိပေးထားသော်လည်း လူစာရင်းများ ကွာဟနေဆဲဖြစ်နေသဖြင့် ခရိုင်ကော်မရှင်ကို သွားရောက်အကြောင်းကြားသော်လည်း ခရိုင်ကော်မရှင်က မလုပ်ပေးနိုင်ကြောင်၊ ရပ်ကျေးကော်မရှင်သာ တာဝန်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။ ...
ထို့ကြောင့် (၃၁.၃.၂၀၁၂) ည(၇)နာရီအချိန်ခန့်တွင် မအူပင်မြို့နယ်မြို့ပေါ် မဲရုံအမှတ်၉နှင့်၆တို့ကို လူထုက ဝိုင်းထားပြီး၊ မဲစာရင်းမထည့်ပေးမချင်းမပြန်ဘူးဟု လူ၃၀၀ခန့်ရှိသော လူအုပ်စုဖြင့် အရေးဆိုနေခဲ့ပါသည်။ ည၈နာရီကျော်ခန့်တွင် စအဖ (စစ်ဖက်ရေးရာလုံခြုံရေးအထူးအဖွဲ့)မှ ရောက်ရှိလာပြီး မဲစာရင်းပြင်ပေးရန် ကော်မရှင်သို့ ပြောဆိုသည့်အခါတွင်မှ စာရင်းပြန်ပြင်ပေးခြင်း၊ စလစ်ပြားထုတ်ပေးခြင်းများ ပြုလုပ်ပေးခဲ့သည်ဟု သတင်းပေးပို့လာပါသည်။
မအူပင်မြို့နယ်နှင့် (၄)မိုင်ခန့် ဝေးကွာသော မလက်တို၊ ထနှီးကျေရွာများတွင်လည်း မဲစာရင်းမပါရှိသေးသူဦးရေ ၄၀၃ဦး ကျန်နေသေးသဖြင့် ထိုကျန်ရှိနေသော ကျေးရွာလူထုမှ မြို့ပေါ်တွင် စာရင်းပြန်ပြင်ပေးပြီး ရွာတွင် ပြန်ပြင်ပေးခြင်းမရှိသဖြင့် လူစုပြီး စာရင်းပြန်ပြင်ပေးရန် တောင်းဆိုနေကြသည်ဟု သိရှိရပါသည်။ ည(၁၁း၀၀)ကျော်သည့်အချိန်ထိ လူစုမကွဲသေးကြောင်း၊ စာရင်းလည်း ပြင်ပေးခြင်းမရှိသေးကြောင်း သတင်းပေးပို့လာပါသည်။