Showing posts with label သတင်းရင်း(BurmaVJ). Show all posts
Showing posts with label သတင်းရင်း(BurmaVJ). Show all posts

Monday, November 14, 2011

မန္တလေးမှာ ဘုန်းတော်ကြီးများဆန္ဒပြ။

နိုဝင်ဘာ ၁၅ ရက် နံနက် အာရုဏ်တက်ချိန် ၅း၃၀ နာရီခွဲလောက်က စတင်ပြီး မန္တလေးမြို့ ဘုရားကြီးဝင်း မဟာဗုဒ္ဓဝင်ဗိမာန်တော်ကြီးကို ပိတ်ထားလိုက်ပြီး အတွင်းမှာ သံဃာတော်တွေ စုဝေးဆန္ဒပြနေပါတယ်။
ပြည်တွင်းစစ်ရပ်စဲရေး၊ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးနဲ့ ဒီမိုကရေစီရရှိရေး အချက်သုံးချက်ကို ဦးတည် တောင်းဆိုနေကြတာဖြစ်ပါတယ်။ အကျဉ်းထောင်တွေအတွင်းမှာ ရှိတဲ့ ဘုန်းတော်ကြီးတွေကို ပြန်လွှတ်ပေးဖို့ကိုလဲ တောင်းဆိုနေကြပါတယ်။
ဗိမာန်တော်ကြီးကို အတွင်းမှ ပိတ်ထားတာဖြစ်တဲ့အတွက် သံဃာတော် ဘယ်နှပါး အတွင်းမှာ ဆန္ဒပြနေတာကို သတင်းမရရှိသေးပေမဲ့ လက်ကိုင်အသံချဲ့စက်ဟွန်းတွေနဲ့ တောင်းဆိုနေတာကို ကြားသိရပါတယ်။
အာဏာပိုင်တွေက ဆန္ဒပြဘုန်းကြီးတွေကို လာရောက်ညှိနှိုင်းနေတယ်လို့လဲ မန္တလေးမြို့ခံက ဘားမားဗီဂျေကို ပြောဆိုပါတယ်။

Sunday, October 30, 2011

ဒုတိယမြောက်ဗုံးကွဲအပြီး ရန်ကုန်မြို့တော်ခန်းမအနီးတဝိုက်အား လုံခြုံရေးတိုးမြင့်ထားပုံ။

ယနေ့(၃၀.၁၀.၂၀၁၁)ည ၉ နာရီကျော်ခန့်တွင် ရန်ကုန်မြို့ တော်ခန်းမတွင် ဒုတိယအကြိမ်မြောက် ဗုံးတလုံးထပ်မံပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။ မြို့ တော်ခန်းမရဲ့  ဆင်ဝင်နားမှာပေါက်တာဖြစ်ပြီး ပေါက်ကွဲတဲ့အသံတော်တော်ကျယ်၍ မီးခိုးလုံးတွေ ထွက်လာတာကိုပါ မြင်ရတယ်လို့ ဟေမာနွေလ ခရစ်ယာန်ဘုရားကျောင်းနေရာမှနေ ရပ်ကြည့်နေတဲ့ မျက်မြင်တွေ့ရှိသူတစ်ဦးက ဆိုပါတယ်။ပထမတစ်လုံးက ည ၇ နာရီကျော်ခန့်မှာ ပေါက်သွားတာဖြစ်ပြီး ပေါက်ကွဲတဲ့အသံ သိပ်မကျယ်ဘူးလို့ သိရပါတယ်။အခုအချိန်တွင် မြို့ တော်ခန်းမအနီးတစ်ဝိုက်ကို လုံခြုံရေးတွေလည်း ပိုမိုတိုးမြင့်ချထားတယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးကပြောဆိုခဲ့ပါတယ်