Showing posts with label သတင်းရင်း(SweSone Media Group). Show all posts
Showing posts with label သတင်းရင်း(SweSone Media Group). Show all posts

Saturday, January 7, 2012

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ခေတ္တအနားယူရန် လိုအပ်နေဟုဆို။

ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၂ဝ၁၁ခုနှစ်၏ နောက်ဆုံးလပိုင်း ကာလများအတွင်း နိုင်ငံတကာမှ ထိပ်တန်းခေါင်းဆောင်များ၊ သတင်းထောက်များ၊ ပြည်တွင်းမီဒီယာများနှင့် အကြိမ်များစွာ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ရပြီး လွန်စွာပင်ပန်းနေပြီ ဖြစ်ကြောင်းနှင့် ခေတ္တအနားယူရန် လိုအပ်ကြောင်း  သိရသည်။
၂ဝ၁၁ ခုနှစ်၏ နောက်ဆုံးခြောက်လအတွင်း ပြည်ပနိုင်ငံများမှ ထိပ်တန်းခေါင်းဆောင်များနှင့် ၁ဝ ကြိမ်ထက်မက တွေ့ဆုံမှုများ ပြုလုပ်ခဲ့ရသလို ပြည်တွင်း ထိပ်တန်းခေါင်းဆောင်များ နှင့်လည်း ဆက်တိုက်တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်နေခဲ့ရသည်ဟု သိရကာ ပြည်ပမီဒီယာများနှင့်လည်း အင်တာဗျူးများ ဆက်တိုက် ဖြေဆိုနေခဲ့ရသည်ဟု NLDမှ စုံစမ်းသိရှိရသည်။ '' လက်ရှိဗျူးနေတာတွေက လွန်ခဲ့တဲ့သုံးလလောက်က တင်ထားတဲ့စာတွေကြောင့်ပါ။ သူနားဖို့လိုအပ်ပါပြီ။ ၂ဝ၁၂ အတွက်တော့ လာပြီးတင်ထားလို့ရပါပြီ'' ဟု NLD ပါတီမှ ဦးသိန်းဦးက ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နှစ်ကုန်ပိုင်းကာလများတွင် ပိုမိုအလုပ်ရှုပ်နေပြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကားကိစ္စ၊ လွတ်လပ်ခြင်း အနုပညာပွဲတော် NLDပါတီ မှတ်ပုံတင်ရေး ကိစ္စများအပါအဝင် အခြားသောကိစ္စရပ်မျိုးစုံကို ဆက်တိုက် မနားမနေ လုပ်ဆောင်နေခဲ့ရသဖြင့်ပင်ပန်းလွန်းနေပြီဟု သိရသည်။ ''သူ့ကို အနားပေးရဦးမယ်။ မဟုတ်ရင် လဲသွားနိုင်တယ်။ ဒီရက်ပိုင်းတွေထဲမှာ သူမနားမနေ အလုပ်လုပ်နေရတယ်။ နိုင်ငံခြားရေးရာ ထိပ်တန်းခေါင်းဆောင်တွေနဲ့ရော၊ ပြည်တွင်းကကိစ္စတွေအတွက်ပါ ဆက်တိုက်အလုပ်ရှုပ်နေတာ။ သူ့ကို ဒီရက်ပိုင်း နားနားနေနေ နေစေချင်တယ်'' ဟု NLD ပါတီ၏ ခေါင်းဆောင် ဦးတင်ဦးက ၂၇-၁၂-၂ဝ၁၁ ရက်တွင် ရန်ကုန်မြို့၊ Parkroyal Hotel ၌ ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပြီးခဲ့သည့် ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်ခြင်း အနုပညာပွဲတော်အတွက် ဆုချီးမြှင့်ခြင်းကို လဲလုပ်ဆောင်ပေးခဲ့ရပြီး  ၂ဝ၁၁ ခု နှစ်မကုန်ခင် ကလဲNLDပါတီ မှတ်ပုံတင်ခြင်းကိစ္စ၊ ဗိုလ်ချုပ်ရုပ်ရှင်ကိစ္စ၊ လွတ်လပ်ခြင်း အနုပညာပွဲတော် ဆန်ခါတင်ဇာတ်ကားများ စိစစ်ခြင်းများကို ဆက်တိုက် လုပ်ဆောင်ပေးခဲ့ရသည်ဟု သိရသည်။