Showing posts with label သတင်းရင်း(Yeyint Kyaw ). Show all posts
Showing posts with label သတင်းရင်း(Yeyint Kyaw ). Show all posts

Thursday, December 22, 2011

လာမည့် ပညာသင်နှစ်မှ စတင်ကာ ၀ိဇ္ဇာ၊ သိပ္ပံနှင့် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်အားလုံး ပညာသင်နှစ်တစ်နှစ် ထပ်တိုးမည်။

လာမည့် ပညာသင်နှစ်မှ စတင်ကာ ၀ိဇ္ဇာ၊ သိပ္ပံနှင့် အသက်မွေးဝမ်း ကျောင်းတက္ကသိုလ် အားလုံးတွင် ပညာသင်နှစ် တစ်နှစ်ထပ်မံတိုးချဲ့ကာ သင်ကြားသွားရမည် ဖြစ်သည် ဟု ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဒီဇင်ဘာ လ ၁၆ ရက် နေ့က နည်းပညာတက္ကသိုလ် (လားရှိုး) တွင် ကျင်းပခဲ့သည့် အစည်းအဝေး ၌ ပြောကြား ခဲ့ပါသည်။
စက်မှုနိုင်ငံတည်ထောင်မည်ဆိုလျှင် နည်းပညာရှင်များ၏ အရည်အသွေး ပြည့်ဝမှုအပေါ်တွင် များစွာ အခြေခံနေသည်ကို ထင်ရှားစွာ တွေ့မြင်ရမည် ဖြစ်ကြောင်းနှင့် မိမိတို့နိုင်ငံ တွင် စက်မှုကဏ္ဍ ဖွံ့ဖြိုးလာစေရန်နည်း ပညာရှင် အရေအတွက်များစွာ မွေးထုတ်ပေးရဦးမည် ဖြစ်ခြင်းတို့ကြောင့် လာမည့် ပညာသင်နှစ်မှစ၍သိပ္ပံ၊ ၀ိဇ္ဇာဘာသာရပ်များအား ပညာသင်နှစ်ထပ်တိုးပြီး သင်ကြားတော့မည် ဖြစ်သည့်အပြင် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များတွင်လည်း ပညာသင်ကာလ အလားတူ ထပ်တိုး၍ သင်ကြားစေတော့မည်ဖြစ်ကြောင်း အဆိုပါအစည်းအဝေးတွင် ဒုတိယသမ္မတက ထည့်သွင်း ပြောကြားခဲ့ပါသည်။

အခြေခံ ပညာသင်နှစ်များကို မူလရှိရင်းစွဲ စာသင်နှစ်များထက် တစ်နှစ်ထပ်မံတိုးချဲ့ခြင်းမှာ အာဆီယံ အဆင့်နှင့်အညီ ပြုလုပ်ခြင်းအပြင် နိုင်ငံတကာပညာရေးနှင့် တစ်ပြေးညီ အဆင့်ရှိသွားစေနိုင်သည်ကို ရန်ကုန် ပညာရေးတက္ကသိုလ်မှ အငြိမ်းစား ဒုတိယပါမောက္ခချုပ်က ပြောကြားခဲ့ သည်။
ထို့ပြင် နည်းပညာတက္ကသိုလ် များတွင်လည်း စာသင်နှစ်ဝက်ဆုံး စာမေးပွဲစစ်ဆေးရာတွင် ယခင်နှစ်များကနှင့်မတူ ကျရှုံးသည့်ကျောင်းသားဦးရေများစွာရှိခဲ့ကြောင်းနည်းပညာတက္ကသိုလ်ကျောင်းသားအချို့ကပြောကြားခဲ့ကြသည်။

“ဒီနှစ်သမီးတို့ civil ဘာသာ မှာဆိုလူ ၁၃၀၀ ဖြေရင် ၈၀၀ ကျော် လောက်ပဲအောင်တယ်။ ဒီနှစ်မှာ အရမ်းကျတယ်။ ဆရာမတွေက နှစ်စကတုန်းကတည်းကတော့ ပြောထားပြီးသား။ ဒီနှစ်မှာ အရေအတွက် ကို ဦးစားမပေးဘဲ အရည်အသွေးကို ဦးစားပေးစိစစ်မယ်လို့ ပြောထားတယ်” ဟု နည်းပညာတက္ကသိုလ် ဒုတိယနှစ် ကျောင်း သူတစ်ဦးက ပြောကြားခဲ့ပါ သည်။