Showing posts with label သတင်းရင်း(freedomnewsgroup). Show all posts
Showing posts with label သတင်းရင်း(freedomnewsgroup). Show all posts

Monday, October 3, 2011

တရုတ် က မြန်မာ အစိုးရ ကို ၀ါဒဖြန့် ချိ မှု စတင်။

မြန်မာအစိုးရသည် ညံ့ဖျင်းလှပြီး ပြည်သူအပေါ် စေတနာမဲ့လှသည့် အစိုးရ ဖြစ်ကြောင်း၎င်း၏ ပြည်သူကို သတ်ရန် အတွက်လက်နက် များလာရောက်ဝယ် ဖူးကြောင်းဧရာဝတီ မြစ်ဆုံဆည်ကို တရုတ်အ စိုးရကမတည်ဆောက်ခြင်းသော်လည်း ဗိုလ်သန်းရွှေအပါအ၀င်ယခုဒီမိုကရေစီဆိုသည့် အစိုး ရခေါင်းဆောင်များ ဘီဂျင်းသို့ လာရောက် နားပူနားဆာလုပ်၍ဆောက်ရကြောင်းဖော်ပြ ထားသည့်ဝါဒ ဖြန့် စာများကို မြန်မာလူမျိုးများအသုံး ပြုသည့်အီးမေးများသို့ တရုတ်အစိုး ရကစတင် ၀ါဒ ဖြန့် မှု ပြုလုပ်နေသည်ဟု FNG မှ သတင်းရရှိသည်။

သောကြာနေ့ ကမြန်မာအစိုးရ သမ္မတဦးသိန်းစိန်သည် သူ့ လက်ထက် တွင်မြစ် ဆုံရေ အားလျှပ်စစ် ထုတ် လုပ်နိုင် သည့်ဆည်တည်ဆောက်မှု ခေတ္တရပ်ဆိုင်းထားမည် ဟုကြေငြာ ပြီးနောက် ထိုကဲ့သို့ ဝါဒ ဖြန့် ချိရေး စာများကိုတရုတ်အစိုးရကဝေငှ ခြင်း ဖြစ်သည်။
အဆိုပါဝါဒ ဖြန့် ချိရေးစာများကိုလက်ခံရရှိဖတ်ရှု ခဲ့သူတစ်ဦး ဖြစ်သည့်ကိုအောင်မြင့်ဦးကကျွန်တော့်မေး ထဲကိုဒီ နေ့ မနက်မှာဝင်နေတာ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့  မြစ်ဆုံဟာပိုက်ဆံလို နေတဲ့မြန်မာအစိုးရက အရမ်းဂျီကျလို့ သူတို့ လုပ်ပေးရတာလို့ ဖော်ပြထားတယ် ။ နောက်၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး အပြီးမှာ မြန်မာအစိုးရကမြို့ ပြတိုက်ခိုက်ရေး သေနတ်တွေကို လာဝယ်တယ်လို့ ဖော်ပြထားတယ်။

တရုတ်အစိုးရက မြန်မာအစိုးရကို မြစ်ဆုံဆည် ရပ်တန့် မှုနှင့်ပတ်သက် ပြီးမြစ်ဆုံဒေ သတွင် အ လုပ်လုပ်နေ သည့် တရုတ် ကုမ္ပဏီများ၏အကျိုး စီးပွားကိုကာကွယ်ပေးရန်အတွက်ဆွေးနွေးရန်တောင်းဆိုထား သည်။ မြစ်ဆုံဒေသရှိ CPI ကုမ္ပဏီသည်ဆည်တည်ဆောက်မှုလုပ်ငန်းကိုရပ်တန့် ခြင်းမရှိသေးဟုသိရသည်။ စွမ်းအင်လိုအပ်ချက်ကြီးမားသည့်တရုတ်ပြည်သည် မြန်မာအစိုးရကိုဝါဒ ဖြန့် စာနှစ်မျိုးဖြင့် တိုက်ခိုက်ထားသည်။