Showing posts with label သတင်းရင်း(venus news). Show all posts
Showing posts with label သတင်းရင်း(venus news). Show all posts

Wednesday, November 16, 2011

သူမဘဝ ရုပ်ရှင်ကားကို ကြည့်ရှုရန် သတ္တိ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ဝန်ခံ ။

ဒေါ်အောင်ဆန်းစုကြည်သည် သူမဘဝ အတ္ထုပ္ပတ္တိ အခြေခံ ရုပ်ရှင်ကား The Lady နိုဝင်ဘာ လကုန်တွင် ရုံမတင်မီ ဇာတ်ကားမိတ္တူ တစ်ခုပေးရန် ဒါရိုက်တာ လပ်ဘက်ဆန် အား ပြောကြားခဲ့ရာ ဒါရိုက်တာက ပေးပို့ခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်က ဇာတ်ကား မိတ္တူပေးပို့မှုအတွက် ကျေးဇူး တင်ကြောင်း၊ သို့သော် မိမိ သည် ဇာတ်ကားကို မကြည့်ရ သေးကြောင်း လပ်ဘက်ဆန်အား ပြောကြားခဲ့ သည်။
The Lady ဇာတ်ကားတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဗိုလ်ချုပ် အောင်ဆန်းနှင့် သူမ နေအိမ် အကျယ်ချုပ်ဖြင့် နေရစဉ် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည့် ခင်ပွန်း ဗြိသိသျှ အကယ်ဒမစ် ပညာရှင် မိုက်ကယ်အဲရစ် ၏ အကြောင်းကိုပါ ဖော်ပြထားသည်။The Lady ဇာတ်ကားကို ကြည့်ရှုခဲ့သည့် ဒေါ်အောင်ဆန်း စုကြည်၏ သားများအနက် တစ်ဦးက ဂျိမ်းစ်ဘွန်းမင်းသမီးဟောင်း မီရှဲယို ပါဝင် သရုပ်ဆောင်ထားသည့်ဇာတ်ကားအား ကြည့်ရှုပြီး အလွန်တရာ စိတ်လှုပ်ရှားမိ ကြောင်း ပြောပြသည်။
မစ္စတာဘက်ဆန်နှင့် အသက် ၄၈ နှစ်ရှိ ဟောလီးဝုဒ်ရုပ်ရှင် မင်းသမီးတို့ပါ ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်တွင်တွေဆုံခဲ့ကြသည်။ ဒါရိုက် တာက ၄င်းသည်The Lady ဇာတ်ကားကို ထိုင်းနိုင်ငံတွင် ရိုက်ကူးခဲ့ကြောင်း၊ အင်းလျားကန်ဘေးရှိ ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်နှင့်တူစေရန် အသေးစိတ် ဖန်တီးရိုက်ကူးခဲ့ကြောင်း ပြောပြသည်။
Tomorrow Never Dies ဇာတ်ကားတွင် တရုတ်သူလျှိုတစ်ဦးအဖြစ် သရုပ် ဆောင်ခဲ့သော မီရှဲယိုသည် ဇွန်လတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထပ်မံတွေ့ဆုံဖို့ မြန်မာနိုင်ငံသို့ လာရောက်ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ မစ္စတာ ဘက်ဆန်သည် ၄င်း၏ဇာတ်ကား တိုးတက်မှုနှင့်ပတ်သက်ပြီး မက်ဆေ့ခ်ျပို့ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။ ဘက်ဆန်က သူမက ကျွန်တော့်ကို ပြောပါတယ်။ ကျွန်မ သတ္တိရှိလာတဲ့အခါ ဇာတ်ကားကို ကြည့်ပါမယ်တဲ့ဟု ၄င်း၏ပရိသတ်ကို ပြောကြားခဲ့သည်။