Showing posts with label အမေ့အိမ်အင်တာနက်စာမျက်နှာမှကူးယူဖေါ်ပြပါသည်။. Show all posts
Showing posts with label အမေ့အိမ်အင်တာနက်စာမျက်နှာမှကူးယူဖေါ်ပြပါသည်။. Show all posts

Sunday, October 2, 2011

မြစ်ကြီးနားမြို့မလိခလမ်းပေါ်တွင်ဗုံးတလုံးပေါက်ကွဲမှု့ဖြစ်ပွား။

ယမန်နေ့ည ၈ နာရီ ၁၅ မိနစ်အချိန့်ခန့်တွင် မြစ်ကြီးနားမြို့ သီတာရပ်ကွက် ၀န်ထမ်းအိမ်ယာ မလိခလမ်းကြား လမ်းမပေါ်၌ ဗုံးပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့သည်။ ပေါက်ကွဲရာတွင် ဗုံးထောင်ဖောက်ခွဲရန် ကြိုးပမ်းသူ KIA တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးပြီး ပြည်သူ့စစ်နှစ်ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။ ဗုံးကိုလာရောက်ထောင်သူများကိုပင် လက်စဖျောက် နှုတ်ပိတ်ရန်အတွက် ယခုကဲ့သို့ ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း၊ ယခု ပေါက်ကွဲသော ဗုံးမှာ သာမန်ဗုံးများထက် အဆင့်မြင့်ပြီး အဝေးထိန်းစနစ်သုံး(Remote) ဗုံးပင်ဖြစ်ကြောင်း ဒဏ်ရာရရှိသူ ပြည်သူ့စစ် တစ်ဦးမှ ပြောကြားခဲ့သည်။
ရှမ်းပြည်နယ်ရှိ KIA တပ်မဟာ (၄) နယ်မြေတွင် ဖြစ်ပွားနေသော အစိုးရတပ်နှင့် တိုက်ပွဲများကို  ပြည်သူများ အာရုံ လွဲစေရန်အတွက် KIA မှ ယခုကဲ့သို့ အစိုးရ ရုံးဌာနများကို ဖောက်ခွဲဖျက်ဆီးရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း မြစ်ကြီးနားမြို့ခံတစ်ဦးမှ ပြောကြားခဲ့သည်။ ယခုကဲ့သို့ ဗုံးပေါက်ကွဲမှုကြောင့် မြစ်ကြီးနားမြို့ခံပြည်သူများစိုးရိမ် ထိတ်လန့်လျက်ရှိသည်။ KIA ကမူ ယခု ဗုံးပေါက်ကွဲမှုမှာ သူတို့ဧ။် လက်ချက်မဟုတ်ကြောင်း ငြင်းဆန်ထားသည်။