Showing posts with label save Irrawaddy ဖေ့ဘုတ်မှ. Show all posts
Showing posts with label save Irrawaddy ဖေ့ဘုတ်မှ. Show all posts

Monday, September 26, 2011

လူ ၂၀၀ ခန့်ပါသော ဆန္ဒပြမှု တစ်ခုဖြစ်ပွား၊ အမျိုးသား ရင်ကြားစေ့ရေးကို ပျက်ပြားစေသော အနှောက်အယှက် လုပ်ဆောင်မှုဖြစ်ပြီး လက်မခံကြောင်း သတင်းစာ ဆရာကြီးများနှင့် လူများစု ပြောကြား။

. လူ ၂၀၀ ခန့်ပါသော ဆန္ဒပြမှုတစ်ခု ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ န၀ဒေး ရုပ်ရှင်ရုံ အနီး ကမ္ဘာအေးဘုရားလမ်း ပေါ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ အမျိုးသား ရင်ကြားစေ့ရေးကို ပျက်ပြားစေသော အနှောက်အယှက် လုပ်ဆောင်မှုဖြစ်ပွားပြီး လက်မခံကြောင်း သတင်းစာဆရာကြီးများနှင့် လူအများစုက ပြောကြားခဲ့ကြပါသည်။ “မြစ်ဆုံရေကာတာ ကိစ္စ တစ်နိုင်ငံလုံး စိတ်မကောင်းဖြစ်နေတာ ကို နားလည်ပါတယ်။ အစိုးရအနေနဲ့ ပြန်လည်ညှိနှိုင်းပေးဖို့ ပြောဆိုထားကြပြီး ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ဆန္ဒစောတာ မဖြစ်သင့်ဘူး။ တစ်ဆင့် ပြီးတစ်ဆင့် လူယဉ်ကျေးနည်းနဲ့ ဖြေရှင်းနိုင်ဖို့ အချိန်ပေးသင့်တယ်။ ဒီလိုဟာကို အကြောင်းပြုပြီး အမျိုးသားရင်ကြားစေ့ရေးကို မလိုလားတဲ့သူတွေ က ဖျက်လိုဖျက်စီးလုပ်မယ့် အန္တရာယ်က ကြီးမားတယ်။ ပြည်သူတစ်ရပ်လုံးအနေနဲ့ စိတ်ရှည်ဖို့လိုပါတယ်”ဟု ၀ါရင့်သတင်းစာဆရာ လူထုစိန်ဝင်း က ပြောကြားခဲ့ပါသည်။
“မကြာမီမှာ လွတ်ငြိမ်းချမ်းသာခွင့် (Amnesty)ရှိတယ်။ တိုင်းပြည်တည်ငြိမ်မှုနဲ့ အတူ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ဖို့ရှိတယ်။ မြစ်ဆုံပြဿနာဖြေရှင်းဖို့ရှိတယ်။ မြစ်ဆုံပြဿနာက လည်း ပြေပြေလည်လည် ဖြစ်သွားမှာပါ။ လက်ရှိမြန်မာနိုင်ငံရေး ရေချိန်က Arab style uprising ဖြစ်စရာမရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီလိုပြောထားတယ်။ ဒီလိုဆန္ဒပြမှုတွေကို ဘယ်သူမှ မလုပ်စေချင်ဘူး။ တိုင်းပြည်မတည်မငြိမ်ဖြစ်ရင် ဒီမိုကရေစီအသွင်ကူးပြောင်းရေး နှောင့်နှေးသွားမယ် နိုင်ငံရေး အကျဉ်းသားတွေ အရေးနှောင့်နှေးသွားမယ်။ ဒါကို ဘယ်သူတွေက လုပ်ချင်နေကြတာလဲ။ သံဃာအရေးအခင်း နှစ်ပတ်လည်ပဲဖြစ်ဖြစ်၊ မြစ်ဆုံကိစ္စပဲဖြစ်ဖြစ် အခုချိန်မှာ ဘာဆန္ဒပြမှုကိုမှ ကျွန်တော် မဖြစ်စေချင်ဘူး။ ‘လုံးဝ’ လက်မခံဘူး။ နောက်ကွယ်က အကြောင်းကို ဖော်ထုတ်ရမယ်။ ဘယ်သူတွေက လုပ်နေကြတာလဲ။ ဒါကို အကြောင်းပြပြီး နိုင်ငံတိုးတက်ရေး၊ အမျိုးသားပြည်လည် ရင်ကြားစေ့ရေးကို နစ်နာအောင် လုပ်မယ် ဆိုရင်တော့ လွဲသွားလိမ့်မယ်”ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားပါသည်။
"ဒဂုံမြို့သစ်ဘက်ကနေ ဘီအမ်ကားတွေငှားပြီး လာကြတာလို့ သိရတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေက တားလို့ ဒီနားမှာတင်စုပြီး အခုလို သူတို့ဆန္ဒထုတ်ဖော်တာလို့ သိရတယ်။ အခုတော့ တာဝန်ရှိသူတွေက လူစုခွဲဖို့ ပြောနေတာေ တွ့ရတယ်။ ပြောသံကြားတာကတော့ ၂၀၀၇ စက်တင်ဘာဖြစ်စဉ် နှစ်ပတ်လည်ဆုတောင်းကြဖို့ ထွက်လာကြတာလို့ သိရတယ်။ ဘာပဲဖြစ်ဖြစ် အခုလိုအခြေအနေမျိုးမှာ မလိုလားအပ်တဲ့ ရှုပ်ထွေးမှုတွေ မဖြစ်စေချင်ပါဘူး။ မဖြစ်လည်း မဖြစ်သင့်ပါဘူး"ဟု အဆိုပါဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောပြပါသည်။