Friday, January 20, 2012

ငြိမ်းချမ်းရေး လက်ဆောင်အဖြစ် မန်းငြိမ်းမောင်ကို လွှတ်မည်။

ရန်ကုန်မြို့ မင်္ဂလာဒုံ လေဆိပ်တွင် အဖမ်းခံခဲ့ရသည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင် တဦးဖြစ်သူ ပဒို မန်းငြိမ်းမောင်ကို ငြိမ်းချမ်းရေး လက်ဆောင်အဖြစ်ပြန်လွှတ်ပေးမည်ဟု အစိုးရ မီးရထား ပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက ပြောသည်။


KNU ထိပ်တန်းခေါင်းဆောင်တဦးဖြစ်သူ မန်းငြိမ်းမောင် (ဓာတ်ပုံ - ဧရာဝတီ)


ပြီးခဲ့သည့် အပတ်က နေပြည်တော်တွင် KNU နှင့် နှစ်ဘက် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ သွားရောက်ဆွေးနွေးခဲ့ရာ ဦးအောင်မင်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်ကြောင်း KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးစောဒေးဗစ်ထော က ဧရာဝတီသို့ ပြောသည်။

နေ့ရက် အတိအကျ ပြောကြားခြင်း မရှိသော်လည်း အစိုးရက ပဒို မန်းငြိမ်းမောင်ကို ပြန်လွှတ်ပေးမည်ဟု ယုံကြည်ကြောင်းလည်း ၎င်းက ဆိုသည်။

“အပစ်အခတ် ရပ်စဲရေး ပြီးသွားတဲ့ နောက်ပိုင်းမှာ မန်းငြိမ်းမောင်သာ မကဘူး၊ ကျနော်တို့နဲ့ ပတ်သက်ပြီးတော့ အကျဉ်းကျခံ နေရတဲ့ လူပုဂ္ဂိုလ်တွေကိုလည်း စာရင်းတင်ပြီး တောင်းမယ်၊ လွှတ်ပေးမယ်လို့လည်း ယုံပါတယ်” ဟု ဦးစောဒေးဗစ်ထောက ဆက်ပြောသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ထိုင်း – မြန်မာနယ်စပ် တနေရာတွင် KNU ခေါင်းဆောင်တချို့နှင့် အစိုးရကိုယ်စားလှယ်များ ငြိမ်းချမ်းရေး အကြို တွေ့ဆုံစကားပြောခဲ့စဉ်ကာလ၌ ဦးအောင်မင်းက ပဒို မန်းငြိမ်မောင်းကို ပြန်လွှတ်ပေးခဲ့ပါက ငြိမ်းချမ်းရေးကိစ္စ အထောက်အကူ ဖြစ်မည်လောဟု မေးခဲ့ဖူးသည်။

KNU ခေါင်းဆောင်များကလည်း နှစ်ဘက် ဆောင်ရွက်နေသော ကိစ္စများအတွက် အထောက်အကူဖြစ်မည်ဟု ဆိုခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုကမူ ပဒို မန်းငြိမ်းမောင်နှင့် ပတ်သက်ပြီး အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း၊ တောင်းဆိုလာပါက လွတ်ငြိမ်းချမ်းသာခွင့်ကို စဉ်းစား မည်ဖြစ် ကြောင်း ယခုလ ၁၄ ရက်နေ့က နေပြည်တော်၌ ကျင်းပသော အကျဉ်းသားလွှတ်ပေးခြင်းနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားထားသည်။

ပြီးခဲ့သည့် ၁၂ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့တွင် KNU နှင့် အစိုးရ နှစ်ဘက် ကိုယ်စားလှယ်များ ငြိမ်းချမ်းရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးနွေးပွဲကို ၄၅ ရက်အတွင်း ထပ်မံပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။
KNU ဘက်က တောင်းဆိုထားသည့် မြန်မာပြည်တ၀န်း အမြန်ဆုံး အပစ်အခတ် ရပ်စဲရေး၊ အကျဉ်းသားများ လွှတ်ပေးရေး၊ အဓမ္မလုပ်အားပေး ခိုင်းစေခြင်းများ မပြုလုပ်ရန် စသဖြင့် အချက် ၁၁ ချက်ကို ဆွေးနွေးကြမည် ဖြစ်သည်။

ပဒို မန်းငြိမ်းမောင်သည် ပြီးခဲ့သည့် နှစ် ဇူလိုင်လ ၂၄ ရက်နေ့က စတင်ပျောက်ဆုံးသွားပြီးနောက် တရုတ်ပြည် ကူမင်းလေဆိပ်မှ တဆင့် မြန်မာနိုင်ငံ ရန်ကုန်လေဆိပ်သို့ ပို့ဆောင်ခံရပြီး လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ တရားမ၀င် စာရွက်စာတမ်း ကိုင်ဆောင်မှု၊ မတရား အသင်း ဆက်သွယ်မှုများဖြင့် ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံထားရသည်။

KNU က တခြားသော တိုင်းရင်းသား တပ်ဖွဲ့များနှင့် ပူးပေါင်းဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ (UNFC) တွင် ပဒိုမန်းငြိမ်းမောင်က ကော်မတီဝင် တဦးအဖြစ် တာဝန်ယူထားသည်။

မန်းငြိမ်းမောင်သည် ယခင်ကလည်း မြန်မာပြည် အကျဉ်းစခန်း၊ အကျဉ်းထောင်တို့တွင် နှစ်ပေါင်းအတန်ကြာ ထိန်းသိမ်းခံရဖူးသည်။
ကိုကိုးကျွန်း အကျဉ်းစခန်းတွင် ရှိနေစဉ် မန်းငြိမ်းမောင်သည် ကရင်လူငယ်အဖွဲ့မှ မန်းအောင်ကြည်၊ အထက်တန်းပြဆရာ ကိုအောင်ငွေတို့နှင့် အတူ ပင်လယ်ပြင် မိုင်ပေါင်း၂၀၀ ကျော်ခရီးကို ဖြတ်ပြီး ထွက်ပြေးခဲ့ဖူးသူလည်း ဖြစ်သည်။

Tuesday, January 17, 2012

မြန်မာ့ ရေ ဖြန့်ဝေထိန်းချုပ်မှု ဈေးကွက် ထိုင်းကုမ္ပဏီ ဝင်ရောက်ရန် စီစဉ် ။

ထိုင်း အင်ဂျင်နီးယားရင်း ကုမ္ပဏီ တခုဖြစ်သည့် Hydrotek က မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှု အားနည်းကာ ကြီးထွားလာနိုင်ချေ ရှိသည့် ရေထိန်းချုပ် စီမံမှုနှင့် ပတ်သက်သည့် စီးပွါးရေး လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ရန် စီစဉ်ထားကြောင်း ပြောခဲ့သည်။

အမှုဆောင် အရာရှိချုပ် ဖြစ်သူ Slib Soongswang က ဘန်ကောက် အခြေစိုက် The Nation သတင်းစာသို့
ပြောကြားရာတွင် ကုမ္ပဏီအနေဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ က ထိုင်းနိုင်ငံ အခြေအနေနှင့် ဆင်တူနေသည့်မြန်မာနိုင်ငံနှင့် လာအို နိုင်ငံများအား အထူးအာရုံစိုက်ကာ ဝင်ရောက် လုပ်ကိုင်မည်ဖြစ်ကြောင်း ဆိုခဲ့သည်။

မြန်မာနိုင်ငံရှိ စက်ရုံ အများတွင် သင့်လျော်သည့် ရေဆိုးထုတ်စနစ် မရှိဘဲဖြစ်နေပြီး စက်မှုကဏ္ဍ ကြီးထွားလာသည့်နိုင်ငံတခု အနေဖြင့် ယေဘုယျအားဖြင့် ပိုက်လိုင်းမှ ရေပေးဝေမှု စနစ်တွင် အားနည်းလျက်ရှိကြောင်း Slib က ဆိုခဲ့သည်။

Slib က The Nation သတင်းစာသို့ ပြောကြားရာတွင် ရေညစ်များ စွန့်ပစ်မှုနှင့် ပတ်သတ်၍ စက်ရုံများအပေါ် ကန့်သတ်သည့် ဥပဒေ တရပ်ကို လအနည်းငယ်အတွင်း ပြဋ္ဌာန်းရန် မြန်မာအစိုးရ အနေဖြင့် စီစဉ်လျက်ရှိကြောင်း ဆိုခဲ့သည်။

လွန်ခဲ့သည့် အပတ်က မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်ရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီ အကြီးအကဲနှင့် တွေ့ဆုံခဲ့ကြောင်း Slib က ဆိုသည်။

မြန်မာနိုင်ငံအတွင်း ရေပေးဝေမှုသည် ထုထည် ၅၁၁,၀၀၀ ကုဗမီတာ ပမာဏ ရှိပြီး သန်းခြောက်ဆယ် လူဦးရေ၏ခြောက်ဆယ် ရာခိုင်နှုန်းခန့်ကို ပေးဝေနေကြောင်း သူကဆိုသည်။ ရေဆိုးစနစ်နှင့် ပတ်သတ်၍ တနေ့လျှင် ၁၂,၃၆၀ ကုဗမီတာ လုပ်ဆောင်နေကြောင်းနှင့် မြန်မာနိုင်ငံတွင်း စက်ရုံများ၏ ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်း သည် ရေဆိုးရေညစ်ထုတ် စနစ် တပ်ဆင်ထားခြင်း မရှိကြောင်းလည်း သိရသည်။

Hydrotek ကုမ္ပဏီသည် ရေပေးဝေမှု စနစ်နှင့် ရေဆိုးရေညစ်ထုတ် စနစ်တို့နှင့် ပတ်သတ်သည့် ဈေးကွက် အခြေအနေများကို သုတသေန ပြုလုပ်ရန် မြန်မာပညာရှင်များကိုလည်း ငှားရမ်းထားကြောင်း သိရသည်။ ကုမ္ပဏီအနေဖြင့် မကြာသေးခင်က ရန်ကုန်မြို့တွင် ကိုယ်စားလှယ်ရုံး တရုံး ဖွင့်လှစ်ထားကြောင်းလည်း သိရသည်။

ထိုင်း ရေထိန်းချုပ်မှု ဈေးကွက်အနေဖြင့် နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် ပိုမိုကြီးထွားလာစေရန် ခန့်မှန်းထားပြီး
လောလောဆယ် ဈေးကွက် တန်ဖိုးမှာ ထိုင်းဘတ် ၅ ဘီလီယံ ခန့် ရှိကြောင်း ကုမ္ပဏီက ဆိုသည်။

သောက်သုံးရေ ဖြန့်ဝေမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကဆွေးနွေးခဲ့ကြကြောင်း မဇ္ဈိမ သတင်းဌာနတွင် ဖော်ပြခဲ့သည်။ ရန်ကုန်တိုင်း လွှတ်တော်အမတ် ဦးကျော်က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဆင်ခြေဖုံး ဒေသများသို့ ပေးဝေဖြန့်ဖြူးနေသည့် သောက်သုံးရေ ပမာဏသည် လုံလောက်မှု မရှိကြောင်းနှင့် ပိုမို ဖြန့်ဝေပေးရန် မြို့တော်စည်ပင်သာယာရေး ကော်မတီအား တိုက်တွန်းခဲ့သည်။

“ကျနော်တို့ မြို့နယ်က လူအများစုဟာ ဆင်းရဲကြပါတယ်။ ရေရရှိဖို့ သူတို့တွေဟာ ညဥ့်နက်သည်အထိ မအိပ်ဘဲစောင့်နေရလေ့ ရှိပါတယ်။ ရေမလုံလောက်မှုကြောင့် ကျန်းမာရေး ပြဿနာတွေလည်း ရှိနေပါတယ်” ဟု ဦးကျော် က တိုင်းလွှတ်တော်တွင် ပြောကြားခဲ့သည်။

ဦးကျော်၏ အဆိုပြုချက်နှင့် ပတ်သတ်၍ ရန်ကုန်မြို့တော်ဝန်က ပြောကြားရာတွင် ရန်ကုန်တွင် နေ့စဉ် ရေ ဂါလံပေါင်း ၁၆၀ သန်းကို ပေးဝေနေလျက် ရှိပြီး ပိုမိုဖြန့်ဝေပေးရန် အတွက်လည်း အစီအစဉ်များ ရှိသည်ဟု ဆိုခဲ့သည်။

“အမတ်တွေအားလုံး အာရုံစိုက်ပြီး နားထောင်ခဲ့ကြပါတယ်။ ဒါပေမယ့် အဆိုပြုချက်ကို မဲခွဲဆုံးဖြတ်တဲ့ အခါမှာတော့ အမတ် ၂၄ ယောက်တည်းကပဲ ထောက်ခံခဲ့ကြပါတယ်။ စစ်ဘက်လွှတ်တော် ကိုယ်စားလှယ်များနဲ့ ကြံ့ဖွံ့ ကိုယ်စားလှယ်များက ဆန့်ကျင်ခဲ့ကြပါတယ်” ဟု သတင်းထောက် တဦးက မဇ္ဈိမသို့ ပြောခဲ့သည်။

ရန်ကုန် မြို့တော်ဝန် လှမြင့်က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် မြို့နယ် ၃၃မြို့နယ် အတွက် ချိုးဖြူ၊ လှော်ကား၊ ဖူးကြီးနှင့် ငမိုးရိပ် ရေလှောင်ကန်များမှ ဖြန့်ဝေပေးလျက် ရှိနေကြောင်းနှင့် မြေအောက်ရေများကိုလည်း စက်ရေတွင်းများမှ တဆင့် ဖြန့်ဖြူးပေးလျက်ရှိကြောင်း ဆိုခဲ့သည်။

Monday, January 16, 2012

တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံတွင် တရားဝင်မြှုပ်နှံထားမှုမှာ အမေရိကန်ဒေါ်လာ ၁၄ ဘီလျံနီးပါး အထိ ရှိပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှု စုစုပေါင်းပမာဏ၏ ၃၅ ရာခိုင်နှုန်းနီးပါးရှိနေ။

7163

တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံတွင် တရားဝင်မြှုပ်နှံထားမှုမှာ အမေရိကန်ဒေါ်လာ ၁၄ ဘီလျံနီးပါး အထိ ရှိပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှု စုစုပေါင်းပမာဏ၏ ၃၅ ရာခိုင်နှုန်းအထိ ရှိကြောင်း ထုတ်ပြန်ထားချက်များ အရ သိရသည်။
မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအားကဏ္ဍတွင် နောက်ဆုံးမြှုပ်နှံထားသည့် ပမာဏမှာ အမေရိကန်ဒေါ်လာ လေးဘီလျံကျော်ဖြစ်ပြီး ၂၀၁၁ ခုနှစ် နိုဝင်ဘာလအတွင်းက လာရောက် မြှုပ်နှံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁၄ ဘီလျံ နီးပါးမြှုပ်နှံထားသည်ဟုဆိုသော် လည်း လျှပ်စစ်စွမ်းအားကဏ္ဍ၊ ရေနံ နှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍနှင့် သတ္တု တူးဖော်ရေး ကဏ္ဍများတွင်သာ အများဆုံး မြှုပ်နှံခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များ၌ မြှုပ်နှံထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ထဲတွင် တရုတ်နိုင်ငံ၏မြှုပ်နှံမှုအများဆုံး ပါဝင်ကြောင်းလည်း သိရသည်။
“ကချင်မှာတော့ ကျောက်စိမ်း ထုတ်တယ်၊ သစ်ထုတ်တယ်။ ရခိုင် မှာတော့ ရေနံနဲ့သဘာဝဓာတ်ငွေ့၊ အခြားဒေသမှာတော့ သတ္တုတူးဖော်ရေး လုပ်တယ်။ နိုင်ငံနေရာ တော်တော်များများမှာတော့ ရေအားလျှပ်စစ် စီမံကိန်းတွေ အဓိကမြှုပ်နှံထားတယ်။ လက်ရှိ တရားဝင် ထုတ်ပြန်ထားချက်အရတော့ တရုတ်နိုင်ငံရဲ့ မြှုပ်နှံမှုဟာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းရဲ့ ၃၄ ဒသမ ၅ ရာခိုင် နှုန်းရှိတယ်။ နိုင်ငံပေါင်း ၃၀ ကျော် မြှုပ်နှံထားတဲ့ အထဲမှာပေါ့”ဟု Rumfcci  မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် မြှုပ်နှံရာ၌ ၂၀၀၈ ခုနှစ်အ ထိ အမေရိကန်ဒေါ်လာ ၁ ဘီလျံ ၀န်းကျင်နှင့် ၂၀၀၉၊ ၂၀၁၀၊ ၂၀၁၁ ခုနှစ် သုံးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၂ ဘီလျံကျော် ၁၃ ဘီလျံနီးပါး အလုံးအရင်းဖြင့် မြှုပ်နှံခဲ့ခြင်း ဖြစ်သည်။
“တရုတ်အနေနဲ့ သုံးနှစ်အတွင်း မှာ အလုံးအရင်းနဲ့မြှုပ်နှံပြီး ၁၄ ဘီလျံ နီးပါးဖြစ်သွားတာပါ။ ၂၀၀၉ ခုနှစ် မကုန်ခင်အထိ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍမှာ နံပါတ်လေးအဆင့်ပဲ ရှိနေသေးတာ။ အခုတော့ သုံးနှစ်အတွင်းမှာ ထိုင်းကိုပါကျော်တက်ပြီး နံပါတ်တစ် ဖြစ်သွားတာပေါ့”ဟု ၎င်းကရှင်းပြခဲ့ပါသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သည့် ထိပ်ဆုံးနိုင်ငံများ(အမေရိကန်ဒေါ်လာ၊ သန်း)
အချိန် မြှုပ်နှံမှုပမာဏ
၃၁-၇-၂၀၀၉     ၁၃၃၁ .၄၃၉
၃၁-၃-၂၀၁၀    ၆၃၆၄ .၃၄၉
၃၁-၇-၂၀၁၀    ၆၄၁၅ .၀၅၈
၃၁-၁-၂၀၁၁    ၉၆၀၃ .၁၆၈
၃၀-၄-၂၀၁၁     ၉၆၀၃ .၁၆၈
၃၁-၈-၂၀၁၁    ၉၆၀၃ .၁၆၈
၃၀-၁၁-၂၀၁၁  ၁၃၉၄၇ .၁၄၆

Sunday, January 15, 2012

လွတ်မြောက်လာသောအကျဉ်းသား(၃)ဦး အားကျန်ရှိနေသေးသောအမှု့များအားရင်ဆိုင်ရန် ပြန်လည်ဖမ်းဆီး။

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ယမန်နေ့ကပြန်လည်လွတ်မြောက်လာသော အကျဉ်းသားများအနက် (၃)ဦးကို သက်ဆိုင်ရာအကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ခေါ်ဆောင်သွားကြောင်းသိရသည်။
ခေါ်ဆောင်ခံရသည့် အကျဉ်းသားများမှာ ဗိုလ်ကြီးဟောင်းနေမျိုးဇင် ၊ မန်းမျိုးမောင်နှင့် စိုင်းမြင့်အောင် တို့ဖြစ်ကြောင်း ပြန်လည်ခေါ်ဆိုရသည့်အကြောင်းအရင်းမှာ အထက်ပါအကျဉ်းသား(၃)ဦးသည် ယ္ခုလွတ်ငြိမ်း ချမ်းသာခွင့်တွင် ပါဝင်ခြင်းကို ရရှိခဲ့သော်လည်း အမှု့တခုကို ဆက်လက်ရင်ဆိုင်ရန် ကျန် ရှိနေသေးသောကြောင့် ပြ၊ လွတ်၊ချုပ် ဖြင့်ခေါ်ဆောင်သွားခြင်းဖြစ်ပြီး ၎င်းတို့အား အကျဉ်းထောင် သို့ ခေါ်ဆောင် သွားခြင်းမဟုတ်ဘဲ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းသို့ ပြန်လည် လွဲပြောင်းပေးရန် ခေါ်ဆောင် သွားခြင်းဖြစ်ကြောင်းသိရသည်။

Friday, January 13, 2012

နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြန်မာ့နိုင်ငံရေးအနာဂတ်ခရီးအတွက် အရေးပါသော ဦးခွန်ထွန်းဦး၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် နိုင်ငံရေးခေါင်းဆောင်များ ပြန်လည်လွတ်မြောက်လာ။

w7_16_16_4
နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြန်မာ့နိုင်ငံရေးအနာဂတ်ခရီးအတွက် အရေးပါသော ဦးခွန်ထွန်းဦး၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် နိုင်ငံရေးခေါင်းဆောင်များ ဇန်န၀ါရီလ ၁၃ ရက်နေ့က ပြန်လည်လွတ်မြောက်လာခဲ့သည်။ 
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အစိုးရသစ်လက်ထက် တတိယအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ၁၀ ရက်အကြာ အကျဉ်းသား ၆၅၁ ဦးအား ထပ်မံလွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းဖြစ်သည်။
အကျဉ်းသား ၆၅၁ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် နိုင်ငံတော်သမ္မတ၏ အမိန့်ကို ဇန်န၀ါရီလ ၁၂ ရက်နေ့ ညနေ ၆ နာရီအချိန်  နိုင်ငံပိုင် မြန်မာ့ရုပ်မြင်သံကြားမှတစ်ဆင့် ထုတ်ပြန်သွားခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ''ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် နိုင်ငံတော်တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းမှု ဖော်ဆောင်ရေးအတွက် လည်းကောင်း၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး အတွက် လည်းကောင်း၊ နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့် ရရှိစေရေးအတွက် လည်းကောင်း၊ လူသားချင်းစာနာ ထောက်ထားမှုကို အလေးပေးသောအားဖြင့် လည်းကောင်း နိုင်ငံတော်၏ မေတ္တာနှင့်စေတနာ ကို နားလည်ကြပြီး နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အ ထောက်အပံ့ဖြစ်စေသည့် နိုင်ငံသားများအဖြစ်သို့ ပြုပြင်ပြောင်းလဲနိုင်စေရေးအတွက်လည်းကောင်း ရည်ရွယ်ပြီး အကျဉ်းထောင် အသီးသီးမှ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား၊ အကျဉ်းသူ ၆၅၁ ဦးအား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မ ခွဲ(၁)အရ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့မှစပြီး လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သည်''ဟု ဖော်ပြထားသည်။
w7_16_16
ဇန်န၀ါရီလ ၂ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ပြီး  ၁၀ ရက်အကြာ ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် ယခုကဲ့သို့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထပ်မံထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ယခုအကြိမ်ပေးသည့် လွတ် ငြိမ်းချမ်းသာခွင့်သည် နိုင်ငံတော်သမ္မတက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်ပေးသည့် လွတ်ငြိမ်းချမ်းသာခွင့်မဟုတ်ဘဲ နိုင်ငံတော်သမ္မတ၏ သဘောဆန္ဒနှင့်ပေးခြင်းဖြစ်သည်ကို လွတ် ငြိမ်းချမ်းသာခွင့်ပေးသည့် အမိန့်ကြေငြာစာပါ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁(၁)အရ သိရသည်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ (၁)တွင် ဆိုထားသည်မှာ ပြစ်မှုတစ်စုံတစ်ရာအတွက် တစ်ဦးတစ်ယောက်အား ပြစ်ဒဏ်ချမှတ်ပြီးသည့်အခါ နိုင်ငံတော်သမ္မတသည် မည်သည့်အခါမဆို စည်းကမ်းချက်မထားဘဲဖြစ်စေ ပြစ်ဒဏ်စီရင်ခြင်းခံရသူ သဘောတူသည့် စည်းကမ်းချက် တစ်ခုခုထား၍ဖြစ်စေ ၎င်းအပေါ်ချမှတ်သည့် ပြစ်ဒဏ်အတည်ပြုလုပ်ခြင်းကို ဆိုင်းငံ့ ထားနိုင်သည်(သို့မဟုတ်) ၎င်းကိုစီရင်သည့် ပြစ်ဒဏ်အားလုံး (သို့မဟုတ်) အစိတ်အပိုင်းတစ်စုံတစ်ရာကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးနိုင်သည်ဟု ဖြစ်ပါသည်။ အကယ်၍ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းဖြစ်ပါက ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၄(ခ)အရ ပေးရမည်ဖြစ်ပြီး ယင်းပုဒ်မ မပါရှိသောကြောင့် သမ္မတကြီး၏ သဘောဆန္ဒဖြင့်ပေးခြင်းဖြစ်သည်ကို တွေ့ရပါသည်။ ဖွဲ့စည်းပုံ အခြေခံပုဒ်မ ၂၀၄ (ခ)မှာ ဆိုထားသည်မှာ ''အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိသည်''ဟူ၍ ဖြစ်ပါသည်။
w7_16_16_1
ယခုလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူအများစုမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ အများစုပါဝင်ပြီး ထောင်ဒဏ်ကျခံနေရသည့် အကောက်ခွန်ဝန်ထမ်းဟောင်းများနှင့် ထောက်လှမ်းရေး အဖွဲ့ဝင်ဟောင်းများလည်း ပါဝင်ခဲ့သည် ကို တွေ့ရသည်။ 
w7_16_16_2
ယခုတစ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်တွင် သရက်အကျဉ်းထောင်မှ ကိုမင်းကိုနိုင်အပါအ၀င် ခုနစ်ဦး၊ စစ်တွေအကျဉ်းထောင်မှ အကျဉ်သားစုစုပေါင်း ၁၇ ဦး လွတ်မြောက်ပြီး ထိုအထဲတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ရှစ်ဦး ပါဝင်ခဲ့သည်။ အဆိုပါရှစ်ဦးမှာ ဒေါက်တာသက်လွင်၊ ကိုသန်းတင်(ခ) ကိုကြီးသန်း၊ ကိုပြည့်ဖြိုးလှိုင်၊ ကိုအောင်အောင်ကျော်(ဧရာဝတီ)၊ ကိုဇေယျာဦး(ဧရာဝတီ)၊ ဦးပုရစ်၊ ကိုကျော်ဇင်ဝင်း၊ ဒေါပုံနေနေတို့ ဖြစ်ကြသည်။
ဘူးသီးတောင် အကျဉ်းထောင်မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများဖြစ်ကြသည့် ကိုစည်သူမောင်၊ ကိုသန့်ဇင်မျိုး၊ ကိုကျော်မင်း၊ ကိုထွန်းညို၊ ကိုဌေးကြွယ်၊ ကိုအောင်ဇော်ဦး၊ ကိုပြေကျော်၊ ကိုဝဏ္ဏပံသ၊ ကိုကျော်ဝင်းဆန်း၊ ကိုမောင်မောင် လတ်တို့ ပြန်လည်လွတ်မြောက်ခဲ့သည်။ မြောင်းမြထောင်မှ အရှင်ဂမ္ဘီရ အပါအ၀င် ခြောက်ဦး ပြန်လည်လွတ်မြောက်လာပြီး အရှင်ဂမ္ဘီရလွတ်မြောက်လာပြီးပါက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ မဂ္ဂင်ကျောင်းတွင် ရဟန်းခံမည်ဖြစ်ကြောင်း အရှင်ဂမ္ဘီရ ၏မိခင် ဒေါ်ရေးက ပြောကြားခဲ့သည်။ အရှင်ဂမ္ဘီရသည် ၂၀၀၇ နိုဝင်ဘာလ ၄ ရက်တွင် အဖမ်းခံရပြီး ပုဒ်မ(၁၇) ခုဖြင့် ထောင်ဒဏ် ၆၈ နှစ် ကျခံထားရသူဖြစ်သည်။

နိုင်ငံတော်တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းမှု ဖော်ဆောင်ရေးအတွက် လည်းကောင်း၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးအတွက် လည်းကောင်း၊ နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့် ရရှိစေရေးအတွက် လည်းကောင်း . . .
ထို့ပြင် အရှင်ဂမ္ဘီရ၏ အစ်ကိုဖြစ်သူ ဦးကျော်အောင်သည်လည်း တောင်ကြီးထောင်မှ လွတ်မြောက်လာခဲ့သည်။ ထို့အပြင် မိုင်းဆတ်အကျဉ်းထောင်မှ ဦးကိုကိုကြီးလည်း လွတ်မြောက်လာခဲ့သည်။ ဇန်န၀ါရီလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းမှစတင်ပြီး နယ်ထောင်များမှ လွတ်မြောက်လာသူအချို့သည် လေကြောင်းဖြင့် ရန်ကုန်မြို့သို့ ပြန်လာသည့်အတွက် ရန်ကုန် လေဆိပ်တွင် စောင့်ဆိုင်းကြသူ အများအပြားရှိခဲ့သည်။
w7_16_16_3
ဦးနေ၀င်း(ဗိုလ်ချုပ်ကြီးဟောင်း ကွယ်လွန်)၏ သားမက် ဦးအေးဇော်ဝင်းနှင့် မြေးဖြစ်သူ ဇွဲနေ၀င်းတို့လည်း ယခုလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခဲ့သည်။
ကျောက်ဖြူအကျဉ်းထောင်မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရသူ ၁၀ ဦးလည်း လွတ်မြောက်လာပြီး ၎င်းတို့မှာ ဦးရွှေမောင်၊ ဦး ဖြိုးမောင်မောင်စိုး၊ ဦးဝင်းမော်၊ ဦး ဇော်မင်း၊ ကိုအောင်ကျော်ကျော်၊ ကို မျိုးမင်း၊ ကရင်လေး၊ ကိုတင်အောင် စိုး၊ ကိုစိုင်းလတ်အောင်နှင့် ကိုခင်မောင်အေးတို့ ဖြစ်ကြသည်။ နေအိမ်အကျယ်ချုပ်ကျခံနေရသူ ဦးခင်ညွန့်(ဗိုလ်ချုပ်ကြီးဟောင်း) လည်း လွတ်မြောက်လာခဲ့ပြီး ၎င်း၏ သားနှစ်ဦးဖြစ်သူ ဦးဇော်နိုင်ဦး (ဗိုလ်မှူးဟောင်း)နှင့် ဦးရဲနိုင်ဝင်းတို့လည်း လွတ်မြောက်လာခဲ့သည်။
ထို့ပြင် သာယာဝတီထောင်မှ မနီလာသိန်း အပါအ၀င် ၁၀ ဦး၊  ကော့သောင်းထောင်မှ ကိုပြုံးချို အပါအ၀င် လေးဦး၊ ဘားအံထောင်မှ ကိုနေဘုန်းလတ် အပါအ၀င် ၁၁ ဦး၊ မြစ်ကြီးနားထောင်မှ ခြောက်ဦး၊ ပခုက္ကူထောင်မှ နှစ်ဦး၊ ကျိုင်းတုံ ထောင်မှ သုံးဦး၊ ဗန်းမော်ထောင်မှ ၁၂ ဦး၊ ကသာထောင်မှ ငါးဦး စသည်ဖြင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ ပြန်လည်လွတ်မြောက်လာခဲ့သည်။

Monday, January 9, 2012

မြန်မာနိုင်ငံ၏ ပညာရေး ကဏ္ဍအတွက် ဒိန်းမတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ သန်း လှူဒါန်းမှု သဘောတူညီချက် လက်မှတ်ရေးထိုး ။


ဖွံ့ဖြိုးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးက လှူဒါန်းမှု သဘောတူညီချက် လက်မှတ်ကို ပေးအပ်စဉ်။


မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍအတွက် ဒိန်းမတ်နိုင်ငံမှ အမေရိကန် ဒေါ်လာ ၄ ဒသမ ၅ သန်းလှူဒါန်းမှု သဘောတူညီချက် လက်မှတ်ရေးထိုးသည့် အခမ်းအနားကို  ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၆ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး သဘောတူညီချက်ကို ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုး မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီး ခရစ်စတီးယန်းဖရစ်ဘာ့က လက်မှတ်ရေးထိုးပေးခဲ့ကာ ကုလ သမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (မြန်မာ)မှ ဌာနေကိုယ်စားလှယ် Mr. Ramesh Shrestha ကလက်ခံရယူခဲ့ကြောင်း သိရသည်။

“ပညာရေးဆိုတာ လူအဖွဲ့အစည်းအတွက် အခြေခံဖောင်ဒေးရှင်း တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍမှာ ယူနီဆက်အပါအ၀င် တခြား အဖွဲ့အစည်းတွေကလည်း ထည့်ဝင်လှူဒါန်းလျက်ရှိပြီး အဓိကအားဖြင့် အခြေခံပညာကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် ဖြစ်ပါတယ်။ ပညာသင်ကြားရေးအတွက် အခက်အခဲတွေနဲ့ ကြုံတွေ့နေရတဲ့ ကလေးငယ်တွေအတွက် ကူညီထောက်ပံ့လျက် ရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့ ပညာရေးကဏ္ဍ အတွက် ၂၀၁၂ ခုနှစ်အစောပိုင်းမှာ အမေရိကန် ဒေါ်လာ ၄ ဒသမ ၅ သန်းကို လှူ ဒါန်းသွားဖို့ရှိပါတယ်။ ဒါကြောင့် ဒီနေ့အဲဒီအကူအညီပေးဖို့ကို လက်မှတ်ရေးထိုးသွားမှာ ဖြစ်ပါတယ်” ဟု ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး ခရစ်စတီးယန်းဖရစ်ဘာ့က လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံပြီးနောက် ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင် ဘီလျံနာသူဌေး ဂျော့ဆိုးရော့စ် မြန်မာနိုင်ငံတွင် ကူညီထောက်ပံ့ရေး လုပ်ငန်းများ တရားဝင် အခြေစိုက် ထူထောင်ဆောင်ရွက်ရန် သဘောတူ ။







နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ကမ္ဘာ့ အချမ်းသာဆုံး စာရင်းဝင် ဘီလျံနာ သူဌေးဂျော့ဆိုးရော့စ်သည် မြန်မာနိုင်ငံတွင် ကူညီထောက်ပံ့ရေး လုပ်ငန်းများ တရားဝင်အခြေစိုက် ထူထောင်ဆောင်ရွက်ရန် သဘောတူညီခဲ့ကြောင်း Open Society Foundations ၏ တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။

ဘီလျံနာသူဌေး ဂျော့ဆိုးရော့စ် နှင့် မိသားစုဝင်များသည် မြန်မာနိုင်ငံသို့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့မှ ၂၀၁၂ ခုနှစ် ဇန်န၀ါ ရီလ ၃ ရက်နေ့အထိ လာရောက် လည်ပတ်ခဲ့သည်။ ဂျော့ဆိုးရော့စ် သည် ခရီးစဉ်အတွင်း နိုင်ငံတော် သမ္မတဦးသိန်းစိန်၊ သမ္မတအကြံပေးများ၊ အရပ်ဘက် လူ့အဖွဲ့အစည်း ကိုယ်စားလှယ်များ၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်အရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ပြောင်းလဲနေသည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်က ဆိုသည်။

“ကျွန်တော့်ရဲ့ ဖောင်ဒေးရှင်းကနေပြီး ဒီမိုကရေစီ လှုပ်ရှားမှုတွေကို ထောက်ခံအားပေးလာတာ အနှစ် ၂၀ လောက် ရှိပါပြီ။ ဒါပေမယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးတာဟာ ဒါပထမဆုံးပါ” ဟု ဂျော့ဆိုးရော့စ်က ပြောကြားခဲ့ပါသည်။

ဂျော့ဆိုးရော့စ်၏ Open Socie ty Foundations မှ မြန်မာပရောဂျက်သည် ၁၉၉၄ ခုနှစ်က စတင်ပြီး မြန်မာနိုင်ငံအတွင်း အခြေအနေ များကို နိုင်ငံတကာမှ သိရှိနားလည်မှု ပိုမိုလာရန်နှင့် တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် လူငယ်များအား ကူညီထောက်ပံ့ရန် ဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ဂျော့ဆိုးရော့စ်၏ ခရီးစဉ်ရလဒ်အရ ဂျော့ဆိုးရော့စ်သည် မြန်မာနိုင်ငံတွင် ပိုမိုပွင့်လင်းသည့် လူ့အဖွဲ့အစည်းသို့ ပြောင်းလဲရာတွင် ကူညီရန် မြန်မာနိုင်ငံတွင် ကူညီထောက်ပံ့ရေး လုပ်ငန်းများ တရားဝင်အခြေစိုက် ထူထောင်ဆောင်ရွက်ရန် သဘောတူညီခဲ့သည်။

Open Society Foundations သည် နိုင်ငံပေါင်း ၇၀ ကျော်တွင် တရားမျှတမှု၊ လူ့အခွင့်အရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လွတ်လပ်စွာ ထုတ်ဖော်ခွင့်တို့အတွက် ဒေသခံများနှင့် ပူးတွဲဆောင်ရွက်လျက် ရှိကြောင်းလည်း သိရှိရပါသည်။

ကြည့်မြင်တိုင်မြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် နိုင်ငံခြားငွေလွှဲ/ပို့ အလုပ်ရုံတစ်ခုမှ ကျပ်သိန်းပေါင်း ၆၆၀၀ ကျော် လိမ်လည်မှုဖြစ်ပွား ။

ကြည်မြင်တိုင်မြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် နိုင်ငံခြားငွေလွှဲ/ ပို့ အလုပ်ရုံတစ်ခုမှ ပြည်ပနိုင်ငံ သို့ ငွေလွှဲပို့သည့် ငွေကျပ်သိန်းပေါင်း ၆၆၀၀ ကျော်အား လိမ်လည်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ၂၀၁၁ ခုနှစ်အတွင်း ကိုရဲနိုင် (၃၅)နှစ် ဒေါပုံမြို့နယ်နေသူသည် ကြည့်မြင် တိုင်မြို့နယ် ဈေးကြီး ရပ် ကွက်ကွမ်း ရွဲတန်းလမ်း အမှတ်/၈၂ ရှိ နိုင်ငံခြားငွေလွှဲ/ပို့ လုပ်ငန်းသူ ဒေါ်ယဉ်ယဉ်အေး (၄၂) နှစ်၊ ဒေါ်စိုးစိုးသန်း (၄၀)နှစ် (လိပ် စာတူ)နှင့် ဦးပြုံး (၆၀)နှစ် ရွှေကမ္ဘာအိမ်ယာ မင်းဓမ္မလမ်း (၃) ရပ်ကွက် မရမ်းကုန်းမြို့နယ်နေသူတို့ သုံးဦး ရုံးခန်းဖွင့်လှစ် လုပ်ကိုင်သည့် နိုင်ငံခြားငွေလွှဲ/ ပို့သည့် အလုပ်ရုံးမှ စင်ကာပူနိုင်ငံသို့ ငွေအကြိမ်ကြိမ်လွှဲ ပို့ခဲ့ရာ ၂၀၁၁ ခုနှစ်ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ငွေကျပ် သိန်း ၁၇၂၀၊ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက် နေ့တွင် ငွေကျပ် ၁၉၈,၆၇၅,၀၀၀/- ၊ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ငွေကျပ် ၂၉၃,၀၃၅,၀၀၀/- ၊ စုစုပေါင်း ကျပ် ၆၆၃,၇၁၀,၀၀၀/-  (ခြောက်ထောင်ခြောက်ရာသုံးဆယ့်ခုနှစ်သိန်း၊ တစ်သောင်းကျပ်တိတိ)အား စင်္ကာပူနိုင်ငံရှိ ကိုအောင်မင်းထွန်း (Golden Trade Link Co. Ltd;)၊ အမှတ် ၁၁၁၊ North Bride Road 0815 Peninsula Plaza ထံသို့ ငွေလွှဲပို့ပေးရန် ဒေါ်ယဉ်ယဉ်အေး ပါသုံးဦးထံသို့ ပေးအပ်ခဲ့ရာ ၎င်းတို့ သုံးဦးမှ ငွေလက်ခံရရှိကြောင်း လက်မှတ်ရေးထိုး ပေးခဲ့သော်လည်း စင်္ကာပူနိုင်ငံရှိ ကိုအောင်မင်းထွန်းထံသို့ ငွေလွှဲပြောင်းရောက်ရှိခြင်း မရှိသဖြင့် အဆိုပါ သုံးဦးထံသို့ သွားရောက်စုံစမ်းရာ အတွေ့မခံဘဲ တိမ်းရှောင်နေကြောင်း သိရသည်။ 

ယင်းကဲ့သို့ အတွေ့မခံဘဲ တိမ်းရှောင်နေသည့် ၎င်းတို့ သုံးဦးအပေါ် အရေးယူပေးရန် တရားလိုပြု တိုင်ကြားမှုအား ကြည်မြင်တိုင်ရဲစခန်း (ပ) ၄/၂၀၁၂၊ ပုဒ်မ-၄၂၀ ဖြင့် ဇန်န၀ါရီလ ၂ ရက်နေ့တွင် အမှုဖွင့်ပြီး တရားခံများကို ဖမ်းဆီး ရမိရန် စုံစမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Sunday, January 8, 2012

သြစတေးလျရောက် မြန်မာများ မင်းသမီးများနဲ့ညား။

သြစတေးလျရောက် မြန်မာပြည်သား ၂ ဦးသည် သရုပ်ဆောင်မင်းသမီးများနှင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အကြောင်းပါခဲ့ကြသည်။မင်းသမီးများမှာ ပန်းဖြူ နှင့် သဇင်တို့ ဖြစ်သည်။

သရုပ်ဆောင် ပန်းဖြူသည် သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့တွင် အခြေချနေထိုင်သော ကိုလူမင်းနှင့်လည်းကောင်း၊ သရုပ်ဆောင် အဆိုတော် သဇင်သည် သြစတြေးလျနိုင်ငံ ပါ့သ်မြို့တွင် နေထိုင်သူ ကိုသက်နိုင်အောင်ဇေ ယျနှင့် လည်းကောင်း၊ ရန်ကုန်တွင် လက်ထပ်လိုက်ခြင်း ဖြစ်ကြောင်း ရန်ကုန်ထုတ် ဂျာနယ်များတွင် ရေးထားသည်။

ပန်းဖြူက ယခုလ ၁ ရက်နေ့တွင် စေ့စပ်ပြီး ၂ ရက်နေ့တွင် မင်္ဂလာဦးဆွမ်းကျွေး အစီအစဉ် ပြုလုပ်ခဲ့သည်ဟု7Day သတင်းဂျာနယ်ကို ကိုးကားပြီး planet အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

သဇင်က ၁ ရက်နေ့တွင် မင်္ဂလာ လက်မှတ် ထိုးခဲ့သည်ဟု Eleven မီဒီယာအုပ်စု ၀က်ဆိုက်တွင် ရေးထားသည်။ သဇင်၏ မင်္ဂလာဧည့်ခံပွဲကို ရှေ့လ ၁၂ ရက်နေ့တွင် ကျင်းပမည်ဟု ဆိုသည်။
သဇင် ဓာတ်ပုံ Eleven မီဒီယာ


ပန်းဖြူဓာတ်ပုံများ

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး အရှိန်အဟုန်မြင့် ဆောင်ရွက်။

လှုပ်ရှားမှု့တွင်ပါဝင်သော ကျောင်းသားခေါင်းဆောင်အချို့အားတွေ့ရစဉ်။


မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ ကျောင်းသားလူငယ်အဖွဲ့တွေ စုပေါင်းပြီး နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပါတယ်။

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ၊ နိုင်ငံရေးအကျဉ်းသားဟောင်း များ အဖွဲ့နဲ့ မျိုးဆက်သစ်လူငယ်များ (Generation Wave) အဖွဲ့တို့ ပူးပေါင်းပြီး ဒီကနေ့ တာမွေမြို့နယ်မှာရှိ တဲ့ နိုင် ငံရေးအကျဉ်းသား ၁၅ ဦးရဲ့ မိသားစုဝင်တွေကို သွားရောက်တွေ့ဆုံ အားပေးခဲ့ပါတယ်။

ဒီ လှုပ်ရှားမှုကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ အဖွဲ့ရဲ့ ပြောခွင့်ရအမျိုးသမီး မမီမီ လွင်က အာအက်ဖ်အေ ကို ပြောပါတယ်။

“တော်တော်ဝမ်းသာကြတာပေါ့။ သူတို့ စိတ်ထဲမှာ ဒီတခါ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ပတ်သက်ပြီးတအား မျှော်လင့် ထားကြတာ။ မလွတ်လာတဲ့အခါ သူတို့ တအားခံစားနေရတဲ့ အချိန်မှာ ကျမတို့ အဖွဲ့တွေ သွားပြီး နွေးထွေး မှု ပေး တဲ့အခါကျတော့ အရမ်းကို ဝမ်းသာကြပါတယ်။ ကျမတို့ ဒီလိုလုပ်တာဟာ မိသားစုကို နွေးထွေးရာလည်းကျ တယ်၊ နိုင်ငံရေးအကျဉ်းသား မိသားစုတွေ ရှိနေတာကိုလည်း အစိုးရက အသိအမှတ်ပြုအောင်၊ နိုင်ငံရေး အကျဉ်း သားတွေ အားလုံး လွတ်မြောက်စေချင်တဲ့ ဆန္ဒနဲ့ ကျမတို့ လုပ်တာပါ”

ဒီ လှုပ်ရှားမှုမှာ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေ ကိုယ်တိုင်လည်း ပါဝင်ပြီး စုစုပေါင်း လိုက်ပါအားပေးသူ အယောက် ၆ဝ ကျော် ရှိပါတယ်။ အာဏာပိုင်တွေဘက်က စောင့်ကြည့်တာတွေ ရှိပေမယ့် တစုံတရာ အနှောင့်အ ယှက် မပေးဘူးလို့ မမီမီလွင်က ပြောပါတယ်။

ဒီအဖွဲ့ဟာ နယ်ဝေးထောင် အသီးသီးကို ရောက်နေတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုပြုံးချို၊ မမီးမီး၊ ဗကသ မျိုးဆက်သစ် ခေါင်းဆောင် ကိုကျော်ကိုကိုနဲ့ မဟန်နီဦး တို့ရဲ့ မိသားစုဝင်တွေကိုလည်း ဒီကနေ့ တွေ့ဆုံ အားပေးခဲ့ကြပါတယ်။

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးကို အများပြည်သူတွေ ပိုပြီး စိတ်ဝင်စားလာအောင် စည်းရုံးလှုပ်ရှားသွား မယ်လို့ မမီမီလွင်က ပြောပါတယ်။

Saturday, January 7, 2012

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ခေတ္တအနားယူရန် လိုအပ်နေဟုဆို။

ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၂ဝ၁၁ခုနှစ်၏ နောက်ဆုံးလပိုင်း ကာလများအတွင်း နိုင်ငံတကာမှ ထိပ်တန်းခေါင်းဆောင်များ၊ သတင်းထောက်များ၊ ပြည်တွင်းမီဒီယာများနှင့် အကြိမ်များစွာ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ရပြီး လွန်စွာပင်ပန်းနေပြီ ဖြစ်ကြောင်းနှင့် ခေတ္တအနားယူရန် လိုအပ်ကြောင်း  သိရသည်။
၂ဝ၁၁ ခုနှစ်၏ နောက်ဆုံးခြောက်လအတွင်း ပြည်ပနိုင်ငံများမှ ထိပ်တန်းခေါင်းဆောင်များနှင့် ၁ဝ ကြိမ်ထက်မက တွေ့ဆုံမှုများ ပြုလုပ်ခဲ့ရသလို ပြည်တွင်း ထိပ်တန်းခေါင်းဆောင်များ နှင့်လည်း ဆက်တိုက်တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်နေခဲ့ရသည်ဟု သိရကာ ပြည်ပမီဒီယာများနှင့်လည်း အင်တာဗျူးများ ဆက်တိုက် ဖြေဆိုနေခဲ့ရသည်ဟု NLDမှ စုံစမ်းသိရှိရသည်။ '' လက်ရှိဗျူးနေတာတွေက လွန်ခဲ့တဲ့သုံးလလောက်က တင်ထားတဲ့စာတွေကြောင့်ပါ။ သူနားဖို့လိုအပ်ပါပြီ။ ၂ဝ၁၂ အတွက်တော့ လာပြီးတင်ထားလို့ရပါပြီ'' ဟု NLD ပါတီမှ ဦးသိန်းဦးက ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နှစ်ကုန်ပိုင်းကာလများတွင် ပိုမိုအလုပ်ရှုပ်နေပြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကားကိစ္စ၊ လွတ်လပ်ခြင်း အနုပညာပွဲတော် NLDပါတီ မှတ်ပုံတင်ရေး ကိစ္စများအပါအဝင် အခြားသောကိစ္စရပ်မျိုးစုံကို ဆက်တိုက် မနားမနေ လုပ်ဆောင်နေခဲ့ရသဖြင့်ပင်ပန်းလွန်းနေပြီဟု သိရသည်။ ''သူ့ကို အနားပေးရဦးမယ်။ မဟုတ်ရင် လဲသွားနိုင်တယ်။ ဒီရက်ပိုင်းတွေထဲမှာ သူမနားမနေ အလုပ်လုပ်နေရတယ်။ နိုင်ငံခြားရေးရာ ထိပ်တန်းခေါင်းဆောင်တွေနဲ့ရော၊ ပြည်တွင်းကကိစ္စတွေအတွက်ပါ ဆက်တိုက်အလုပ်ရှုပ်နေတာ။ သူ့ကို ဒီရက်ပိုင်း နားနားနေနေ နေစေချင်တယ်'' ဟု NLD ပါတီ၏ ခေါင်းဆောင် ဦးတင်ဦးက ၂၇-၁၂-၂ဝ၁၁ ရက်တွင် ရန်ကုန်မြို့၊ Parkroyal Hotel ၌ ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပြီးခဲ့သည့် ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်ခြင်း အနုပညာပွဲတော်အတွက် ဆုချီးမြှင့်ခြင်းကို လဲလုပ်ဆောင်ပေးခဲ့ရပြီး  ၂ဝ၁၁ ခု နှစ်မကုန်ခင် ကလဲNLDပါတီ မှတ်ပုံတင်ခြင်းကိစ္စ၊ ဗိုလ်ချုပ်ရုပ်ရှင်ကိစ္စ၊ လွတ်လပ်ခြင်း အနုပညာပွဲတော် ဆန်ခါတင်ဇာတ်ကားများ စိစစ်ခြင်းများကို ဆက်တိုက် လုပ်ဆောင်ပေးခဲ့ရသည်ဟု သိရသည်။