ဒေးဒရဲမြို့နယ်  ဆားကျင်းကျေးရွာတွင် တိုးအပိုင် (၂) မဲရုံတွင် မဲစာရင်း၌ အမည်စာရင်းထပ်သော  ဦးရေစုစုပေါင်း ၁၁၅ဦးရှိနေသည်ကိုလည်း စုံစမ်းသိရှိရပါသည်။  အချို့ထပ်သူများမှာ ၄ကြိမ်ခန့်ထပ်သည်ကို တွေ့ရှိရသည်ဟု  သတင်းပေးပို့သူများမှ ပြောဆိုပါသည်။ထိုမဲရုံတွင်ပင် လူမရှိသော  ပြောင်းရွေ့ပြီးသား လူ၂၉ဦး အပိုပါနေသည်ကိုလည်း တွေ့ရှိရပါသည်။  ထိုမဲစာရင်းတွင် မဲပေးရမည့်သူ ၃၈ဦး၏ စရင်းပါမလာကြောင်းကိုလည်း  တွေ့ရှိရသည်။ ရပ်ကွက်ကျေးရွာ ကော်မရှင် ဦးနိုင်ဝင်းကိုလည်း  အသိပေးအကြောင်းကြားထားပြီး ဖြစ်သော်လည်း မြို့နယ်ကော်မရှင်မှ စာရေးမလာသေး၍  မတင်ရသေးကြောင်း ပြန်လည် ဖြေကြားခဲ့သည်ဟု သိရပါသည်။တံတားဦးမြို့နယ်၊  အမှတ်(၁)နယ်မြေ၊ သာဂေါင်ရပ်တွင် အိမ်ထောင်ဦးစီးဦးလှမင်းအပါအ၀င်  မိသားစုဝင်(၇)ယောက်လုံး မဲပေးနိုင်သူစာရင်းတွင် ပါရှိမလာကြောင်း  သတင်းပေးပို့လာပါသည်။ မဲစာရင်းပြုစုရန် လွန်ခဲ့သည့် တစ်လလောက်  စာရင်းလာကောက်သည့်အချိန်က စာရင်းမှတ်သွားသော်လည်း မဲစာရင်းထွက်လာသောအခါ  ကျန်ရှိနေပါသည်။ ထို့ကြောင့် မိသားစုဝင်များမှ မကျေမနပ်ဖြစ်၍  သတင်းပေးပို့လာပါသည်။ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးကွန်ရက်သည်  စေတနာ့ဝန်ထမ်းနိုင်ငံသား စောင့်ကြည့်လေ့လာသူများနှင့် စေတနာ့ဝန်ထမ်း အမာခံ  ကွန်ရက်အဖွဲ့ဝင်များဖြင့်သာ လေ့လာစောင့်ကြည့်လျက်ရှိပါသည်။
မရမ်းကုန်းမြို့နယ်သတင်း
မရမ်းကုန်းမြို့နယ်  ရွှေနှင်းဆီ အမှတ် ၅/ ၉၅၇ ၅ရပ်ကွက် မစန်းစန်းရင်တို့ အိမ်ထောင်စုစရင်းတွင်  မစန်းစန်းရင် တစ်ဦးသာ မဲပေးနိုင်သည့်စရင်းတွင် ပါခဲ့ပြီး  ဦးအောင်မော်သိန်း၊ ကိုဟန်မော်သိန်းတို့ နှစ်ဦးမှာ မဲပေးမည့်စရင်းတွင်  ချန်လှပ်ခြင်းခံခဲ့ရသောကြောင့် မဲပေးခွင့်မရှိသည့်  သဘောမျိုးဖြစ်နေလျှက်ရှိပါသည်။ ၂၀၁၀ ရွေးကောက်ပွဲတွင်  ၄င်းတို့သုံးဦးစလုံးမဲပေးခဲ့ကြောင်းလည်း သိရှိရပါသည်။ ၃၀.၃.၂၀၁၂နေ့ ညနေ  ၃နာရီအချိန်မှ မဲစရင်းကပ်ထားခဲ့သောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှာ  ၄င်းလည်းမည်သို့မှ မတတ်နိုင်ကြောင်းပြောကြားခဲ့ပါသည်။ ထိုအတူ  ရွှေနှင်းဆီလမ်း မဲရုံအမှတ် ၄ တွင် မဲစာရင်းမပါသူ  ၁၀၀ကျော်ရှိသည်ဟုလဲသိရှိရပါသည်။
မအူပင်မြို့နယ်သတင်း
၃၀.၃.၂၀၁၂နေ့တွင်  မအူပင်မြို့နယ် မလက်တိုအုပ်စု ရွာတွဲမှ ၁၅ရွာအတွင်း စုစုပေါင်း ၁၃၀၆၂ဦး  မဲစရင်းများရှိသည့်အနက် နောက်တိုးမဲပေးမည့်သူ ၁၅၀ခန့်ပါမလာပဲ ဖြစ်နေပါသည်။  ၄င်းတို့က ၂၁.၃.၂၀၁၂နေ ရပ်ကျေးရွာကော်မရှင်ကို အကြောင်းကြားထားသည်။  ၁ရပ်ကွက်နှင့် ၂ရပ်ကွက်တွင်လည်း အလားတူ အဖြစ်အပျက်မျိုးများ  ရှိကြောင်းသိရှိရပါသည်။ ပန်းတင်အင်းကျေးရွာ ရေနက်ဆိပ်ကမ်းအနားတွင်  ကိုကံဝင်ယောက္ခမ ဒေါ်မွှေးအား ကြိုတင်မဲကောက်ယူရာတွင် ပြည်ခိုင်ဖြိုးပါတီအား  အမှန်ခြစ်ရန် အတင်းခိုင်းစေသွားခဲ့သည်ဟုသိရှိရပါသည်။ ခိုင်းစေသည့်သူမှာ  ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်ကြောင်းလည်း သိရှိရပါသည်။
လောင်းလုံမြို့နယ်သတင်း
၃၀.၃.၂၀၁၂  နေ့လည် ၁၁နာရီခန့်က လောင်းလုံမြို့နယ်ရွာဟောင်း  ၀လေရွာကော်မရှင်အတွင်းရေးမှူး ဒေါ်နွဲ့မှ လူ၂၄ယောက်အား  ကြိုတင်မဲကောက်ယူခဲ့သည်။ ၁၀ယောက်အား ၄င်းစိတ်ကြိုက် ပြည်ခိုင်ဖြိုးပါတီအား  ခြစ်သွားခဲ့သည် ဟုဆိုသည်။ ဒေါ်စန်းနွဲ့မှ ကော်မရှင်ရုံးသို့  တိုက်ရိုက်မပို့ပဲ အိမ်သို့ ယူသွားပြီး ခြစ်ခဲ့သည်ဟု သိခဲ့ရပါသည်။  မဲပေးသူများမှ သွားပြောသည့်အခါမှ ကော်မရှင်ရုံးသို့ သွားပို့ခဲ့သည်ဟု  သိရှိရပါသည်။
နေပြည်တော်သတင်း
နေပြည်တော်၊  ဒက္ခိဏမြို့နယ် ကျားကူးအရှေ့ရွာမှ မဲရုံတွင် ဒေါ်သိန်းညွှန့်  ခြေထောက်ကျိုးနေသဖြင့် ကြိုတင်မဲသွားထည့်ရာ NLD ပါတီကို  ထောက်ခံမဲ့ခြစ်ခိုင်းရာတွင် ကြံ့ခိုင်ရေးပါတီ ရပ်ကွက်ကော်မရှင်  အဖွဲ့ဟောင်းဖြစ်သူ ဦးနိုင်အေးမှ ခြစ်ခိုင်းသည့် NLD ပါတီကို  ထောက်ခံမဲမခြစ်ပဲ ကြံခိုင်ရေးပါတီသို့ ခြစ်ခဲ့ကြောင်းသိရှိရပါသည်။ ယ္ခုအခါ  ရပ်ကွက်ကျေးရွာကော်မရှင်ထံသို့ တိုင်ကြားခဲ့ပြီး မြို့နယ်ကော်မရှင်သို့  ဆက်လက်တိုင်ကြား သွားမည်ဟုလဲ သိရှိရပါသည်။
နေပြည်တော်၊  ဇဗ္ဗူသီရိမြို့နယ်၊ မင်္ဂလာသိဒ္ဓိရပ်ကွက်၌ မဲပေးပိုင်ခွင့်ရှိသူအရည်အချင်းနှင့်  ပြည့်စုံသော်လည်း မဲစာရင်းတွင် မပါဝင်သူများစွာ ကျန်ရှိနေကြောင်း  သိရှိရပါသည်။
ဒေးဒရဲမြို့နယ်သတင်း
၂၈.၃.၂၀၁၂နေ့က  ဒေးဒရဲမြို့နယ်၊ သောကြာကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူး  ကိုအောင်ကျော်သူမှ ရွာလူထုကို အရှေ့ကျောင်းဓမ္မာရုံတွင်  အစည်းအဝေးခေါ်ယူခဲ့သည်။ မဲပေးပုံပေးနည်းများကို ပြောကြားပြီး  အခုဒီသောကြာရွာမှာ အလယ်တန်းကျောင်းခွဲချပေးဖို့ အားလုံးစီစဉ်ပြီးသွားမှ  အစီအစဉ်ပျက်သွားတယ်လို့ သိရပါသည်။ အဲဒီအကြောင်းအရင်းက NLD ကိုအားပေးတဲ့  သူများတဲ့အတွက်ကြောင့် ဖြစ်ရတာ၊ ဘယ်သူတွေကြောင့် ဒီလိုပျက်သွားတယ်ဆိုတာ  ပြောဖို့တောင်မလိုတော့ဘူးဟု ဒီကျောင်းခွဲပြန်ကျဖို့  ဘယ်သူကိုအားပေးရမယ်ဆိုတာ အားလုံးကသိကြမှာပါဟု ပြောဆိုပြီး အာဏာအသုံးချကာ  ချိန်းခြောက်မှုများဖြင့် စည်းရုံးသွားကြောင်းသိရှိရပါသည်။
ဒေးဒရဲမြို့နယ်  ဆားကျင်းကျေးရွာတွင် ဒေါ်အောင်စုကြည်အား အသရေဖျက်ထားသော ဗီဒီယိုခွေများကို  ကြံ့ခိုင်ရေးစည်းရုံးရေးမှူး ကိုအောင်ဇော်ဦးမှ ရယူသော အခွေအားနီးစပ်ရာ  အိမ်များ၊ လဘ္ကက်ရည်ဆိုင်များတွင် ပြသခဲ့ကြောင်းသိရပါသည်။ ထိုအခွေတွင်  ဒေါ်အောင်ဆန်းစုကြည်အား အထင်အမြင်လွဲမှားစေသော စာတန်းများထိုးထားသည့်  ရုံပုံသေများဖြစ်သည်။ မေးခွန်း ၂၁ခုကိုလည်းမေးထားပြီး ဖြေနိုင်သူများကို  ဆုငွေချမည်ဟုလည်းပါဝင်သည်ဟု သိရှိရပါသည်။ ထိုအခွေအဖြစ် စာတန်းများတွင်  ဒေါ်အောင်ဆန်းစုကြည်သည် သူ၏သားသမီးများကို မြန်မာစကားသင်မပေးဘူးလား  ဆိုသည့်မေးခွန်းများလည်း ပါသည်ဟု သိရသည်။ ဒေးဒရဲမြို့ပေါ်ဆင်ခြေဖုံး  ဆန်စက်တန်းတွင်လည်း အဆိုပါအခွေနှစ်ခွေ ရောက်ရှိနေကြောင်း၊ မြို့ပေါ်တွင်လည်း  နေရာ ၄နေရာခန့်တွင် အခွေများဖြန့်ဝေထားကြောင်း သိရသည်။ ထိုအခွေသည်  စုစုပေါင်း မိမိနစ် ၂၀ခန့််ကြာမြင့်သော အခွေဖြစ်သည်ဟု သိရှိရပါသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်သတင်း
ဒဂုံဆိပ်ကမ်းမြို့နယ်  မဲရုံများ၌ ကြိုင်တင်မဲပေးသည့် မဲများအနက် မဲခြစ်ရမည့်နေရာများတွင်  ဖယောင်းများ သုတ်ထားသောကြောင့် ဆန္ဒပြု မှတ်ချက်များ ရေးခြစ်၍ မရကြောင်း  သိရှိရပါသည်။ပြင်ဦးလွင်မြို့တွင် ပြည်ခိုင်ဖြိုးအသင်းဝင်များအား  ကြိုတင်မဲပေးခွင့်ကဒ်ပြား တစ်ဦးလျှင် ၃ ကဒ်စီထုတ်ပေးထားကြောင်း  သိရှိရပါသည်။ မဲရုံနံပါတ် ၃ တွင် မဲပေးခွင့်ရသည့် ကဒ်ပြားများဖြစ်ကြောင်း  သိရပါသည်။
ဖျာပုံ-နောက်ဆက်တွဲသတင်းများ
၃၀-၃-၂၀၁၂  ညနေ (၄)နာရီအချိန်တွင် ဖျာပုံမြို့ဒေါ်ငြိမ်းကျေးရွာမဲရုံအမှတ်(၂)မှ  မဲပေးရမည့်အဖိုး အဖွားများ မလာရောက်နိုင်သဖြင့်  မြေးဖြစ်သူမ၀တ်ရည်မှ  ကြိုတင်မဲလာယူရန် (ရပ်၊ကျေး) ကော်မတီသို့ သတင်းပို့ခဲ့သည်။  ထိုအခါအဖွဲ့ဝင်ဖြစ်သူ ကိုကျော်နိုင်ဦးမရှိသည့်အတွက်  ကော်မရှင်အဖွဲ့ဝင်ကိုမင်းလွင်က ရ.ယ.ကရုံးသို့  မ၀တ်ရည်အားလာခဲ့ရန်ဖိတ်ခေါ်ပြီး စာရေးမင်းမင်းဦးနှင့် ကိုမင်းလွင်တို့က  အဖိုး၊ အဖွားသုံးဦး စလုံးအတွက် ကိုယ်စားမဲပေးသွားရန်  မ၀တ်ရည်အားပြောခဲ့သည်။ ထို့ကြောင့်မ၀တ်ရည်က သုံးဦးစလုံးအတွက်  အန်အယ်လ်ဒီကို မဲပေးခဲ့သည်။ ထိုအခါ မဲစာအိတ်ကိုပိတ်မည့်အချိန်တွင်  ကိုမင်းမင်းဦးနှင့် ကိုမင်းလွင်တို့က စာအိတ်ကိုမပိတ်ခိုင်းပဲ  “ဒီအတိုင်းထားလိုက်ပါ” ဟုပြောခဲ့ပြီးယူသွားခဲ့ကြသည်။ ထို့ကြောင့် မ၀တ်ရည်က  (ရပ်၊ကျေး)ကော်မရှင်ဥက္ကဌ ကိုမင်းဦးကိုပြောသည့်အခါ ကိုမင်းဦးက  ၎င်းလည်းနားမလည်ပါဟု ပြန်လည် ဖြေကြားခဲ့သည်။ ဖျာပုံမြို့နယ် ဒေါ်ငြိမ်းကျေးရွာ၏  စုစုပေါင်းမဲရုံ(၉)ရုံတွင် ကြိုတင်မဲသွားရောက်ကောက်ခံစဉ် NLD ၏  ပုံစံ(၈)၀င် တရားဝင်မဲရုံကိုယ်စားလှယ်များ လိုက်ပါစောင့်ကြည့်ခွင့်  လုံးဝမပြုဟု (ရပ်၊ကျေး) ကော်မရှင်က ငြင်းဆိုသည်။
ဖျာပုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်က  မဲစာရင်းတွင်အမည်ပါသော်လည်း မှတ်ပုံတင်မရှိပါက မည်သည့်အထောက်အထား  ရှိသည်ဖြစ်စေ မဲပေးခွင့်လုံးဝမရှိကြောင်း ညွှန်ကြားထားသည်။ ထို့ကြောင့်  ကျေးရွာလေးတစ်ရွာတွင်ပင် မှတ်ပုံတင်မရှိသူဦးရေမှာ  ၅၀နှင့်၁၀၀ကြားခန့်ရှိနေသည်။
မဲရုံကိုယ်စားလှယ်များ မဲရုံအတွင်းသို့ ၀င်ခွင့်မရ
ရွေးကောက်ပွဲကော်မရှင်က  မဲရုံကိုယ်စားလှယ်နှင့် အရန်ကိုယ်စားလှယ်စုစုပေါင်း(၂)ဦးကို  သက်ဆိုင်ရာမဲရုံများသို့ ၀င်ခွင့်ပြု ထားသော်လည်း (၃၀.၃.၂၀၁၂)ရက်နေ့က  ဖျာပုံမြို့နယ်၊ မြို့ကုန်းရပ်ကျေးရွာကော်မရှင်က မဲရုံအတွင်းသို့  မဲရုံကိုယ်စားလှယ်များကို လုံး၀၀င်ခွင့်မပြုဘဲ မဲရုံအပြင်ဖက်ဝရန်တာမှာသာ  နေခွင့်ရှိသည်ဟု ပြောကြားခဲ့ပါသည်။
ဖျာပုံမြို့နယ်၊  ဒေါ်ငြိမ်းကျေးရွာတွင်လည်း မဲရုံအမှတ်(၉)၊ ကမန္တကျေးရွာတွင်လည်း  မဲရုံအတွင်းသို့ သက်ဆိုင်ရာ မဲရုံကိုယ်စားများကို မဲရုံအတွင်းသို့  ၀င်ခွင့်မပြုဘဲ မဲရုံပြင်ပတွင်သာ နေခွင့်ပြုထားပါသည်။
ဖျာပုံမြို့နယ်၊  ကနိကျေးရွာတွင်လည်း ရပ်ကျေးကော်မရှင်ဥက္ကဌဦးညိုမြင့်က မဲရုံအတွင်းသို့  မဲရုံကိုယ်စားလှယ်တစ်ဦးသာ ၀င်ခွင့်ပြုမည်ဟု ပြောခဲ့ပါသည်။
No comments:
Post a Comment