Saturday, October 27, 2012

စမ်းသပ်သန်းခေါင်စာရင်းနေရာ(၂၀)တွင်ကောက်ယူမည်။


မြန်မာနိုင်ငံတ၀ှမ်းရှိ နေရာ ၂၀တွင် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူမှုအား ၂၀၁၃ ခုနှစ် မေလတွင် ဆောင်ရွက် မည်ဟု လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဌာန ၀န်ကြီးဦးခင်ရီက ပြောသည်။
 တစ်နိုင်ငံလုံးရှိအတိုင်းအတာနှင့် ၂၀၁၄မှာ ကောက်ယူမည့် သန်းခေါင်စာရင်း ကောက်ယူမှုတွင် တွေ့ရှိရမည့် အခက်အခဲများကို ကြိုတင်ပြင်ဆင်ရန် ပြုလုပ်ခြင်းဖြစ်ကြောင်း ၄င်းက ပြောသည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကောက်ယူမှုကို ၂၀၁၄ ခုနှစ်မတ်လတွင် လုပ်ဆောင်မည်ဖြစ်ရာ ပညာပေးရေး အစီအစဉ်များနှင့် လက်ကမ်းစာစောင်များအပြင် သမ္မတကိုယ်တိုင် မိန့်ခွန်းပြောကာ ပြည်သူလူထုပါဝင်  အောင် စည်းရုံးလှုပ်ရှားသွားမည်ဟု ၄င်းက ပြောကြားသွားခဲ့သည်။
ယခုစမ်းသပ်ကောက်ယူမှုသည် ရန်ကုန်၌ ရွှေပြည်သာနှင့် လမ်းမတော်တို့တွင် ပြုလုပ်မည် ဖြစ်ပြီး အခြားပြည်နယ်နှင့် တိုင်းနေရာ ၂၀၌လည်း စမ်းသပ်သွားမည်ဟု သိရသည်။



OIC အားတုန့်ပြန်မှု့များကြောင့်မင်းပြားပြဿနာစတင်ခြင်းဖြစ်သည်ဟု ဒေသခံများဆို။

OIC အလိုမရှိကြောင်းဆန္ဒထုတ်ဖေါ်နေသော ရဟန်းတော်များ။

 

OIC ကို လက်မခံသည့် ဆန္ဒထုတ်ဖော်မှုများကြောင့် ဘင်္ဂါလီတို့မှ မကျေနပ်သည့် တုန့်ပြန်မှု ကြောင့် အောက်တို ဘာ(၂၀)ရက်နေ့က မင်းပြားမြို့ရှိ ကျေးရွာများတွင် ပြသာနာစ တင်ဖြစ်ပွားခဲ့ရ ခြင်းဖြစ် သည်ဟု ဒေသခံတို့က ဆိုသည်။
အဆိုပါနေ့ညနေပိုင်းတွင် ပိတ်သေရွာရှိကျေးရွာသား တဦးထမင်းစားနေသည်ကိုဘင်္ဂါလီတစ်ဦးကမြှား နှင့်ပစ်ရာမှ ၄င်းဘေးရှိအိမ်တိုင်ကို လာရောက်ထိမှန်သည်မှ အစပြုပြီးး ရွာသားများမှ သံချောင်း ခေါက်စဉ် စုရုံးလာသော ဒေသခံ ရခိုင်လူမျိုးများနှင့် တဖက်နှင့် တဖက် ရန်ပြုရာမှ ကျေးရွာ(၇)ခန့် မီးရှို့သည် အထိ ဖြစ်ခဲ့ရသည်ဟု ဒေသခံတို့က ဆိုသည်။
မင်းပြားမြို့၌ အောက်တိုဘာ ၂၀ ရက်မှ ၂၂ ရက်နေ့များအတွင်း ဖြစ်ပွားခဲ့ပြီးသော ဘင်္ဂါလီများ နေထိုင်ရာ ကျေးရွာ မီးလောင်မှုများ သည် OIC ကို လက်မခံသည့် ဆန္ဒဖော်ထုတ်ပွဲများကို တုန့်ပြန်သည့်အနေ ဖြင့်ကြိုတင်ကြံစည်မှုများကြောင့် ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်ဟု မင်းပြားမြို့ ဒေသခံရခိုင် လူမျိုးများ၏ ပြောပြချက်များအရ သိရသည်။
ဘဂီါလီများ နေထိုင်ရာ ကျေးရွာများ OICကို လက်မခံသည့် ဆန္ဒဖော်ထုတ်ပွဲများး မီးလောင်မှု များကို လက်မခံသည့် ဆန္ဒဖော်ထုတ်ပွဲများ ကို တုန့်ပြန်သည့်အနေဖြင့် ကြိုတင် ကြံစည်မှုများကြောင့် ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်ဟု မင်းပြားမြို့ ဒေသခံရခိုင်လူမျိုးများ၏ ပြောပြချက်များအရ သိရသည်။
မင်းပြားမြို့တွင် ဘင်္ဂါလီများ နေထိုင်ရာ ပိတ်သေရွာမှလူနည်းစု ရခိုင်လူမျိုးများကို ရန်ပြုရာမှ စတင်ဖြစ်ပွားခဲ့ရပြီး တစ်ဖက်နှင့် တစ်ဖတ် ခိုက်ရန်ပြုရာမှ ရခိုင်လူမျိုးများ စုရုံးခဲ့ခြင်းကြောင့်သရက်အုပ်၊ အောက်တိုင်၊ ပုတ်ဖြတ်၊ စမ္ဘလေ၊ ပိတ်သေ၊ ကာဒါ၊ ကန်ထိုး တန်း၊ နဂါးယက်-ပေါက်တော စသည့်ကျေးရွာများမှာ မီးလောင်ပျက်စီးခဲ့ရသည်ဟု သိရသည်။
“ရခိုင်ပြည်နယ်တစ်ခုလုံးမှာဖြစ်ပွားနေတဲ့ ကိစ္စရပ်နဲ့ပတ်သက်ပြီးခြုံငုံပြောချင်ပါတယ်၊ရာဇ၀တ်မှုတွေ ထူပြော လာရတာနဲ့ပတ်သက်ပြီး၊တရားဥပဒေယုံကြည်စိတ်ချမှုရှိလာအောင် ပြည်သူတွေကြားမှာ
စေ့ဆော်ဆောင်ရွက် ဖို့လိုပါတယ်၊ အပိုင်း(၂) ပိုင်းနဲ့ပြောရရင် တစ်ပိုင်းက တရားဥပဒေ စိုးမိုးမှု ရှိရပါမယ်၊ ကျန်တစ်ပိုင်းက အခုဖြစ် နေတဲ့ ဘာသာကြီးနှစ်ခုကြားမှာ ချစ်ကြည့်မှုတွေရှိလာအောင် တာဝန်ရှိသူတွေ က ဆောင်ရွက်ပေးနိုင်မယ်ဆို ရင် ပိုကောင်းပါမယ် ”ဟု အစ္စလာမ်ကောင်စီ ဥက္ကဋ္ဌ ဦးဝဏ္ဏရွှေက ပြောသည်။
ဘဂီါလီများအနေဖြင့် က ပုဒ်မ(၁၄၄) အား မသိသလိုနေ၍ ညဘက်တွင် သွားလာလှုပ်ရှားမှုများ ရှိနေပြီး ကားလမ်းပေါ်တွင် အများဆုံး သွားလာကာ နွား၊ဆိတ်များကိုကားလမ်းပေါ်တွင်လွှတ် ကျောင်းမှုများရှိခဲ့ပြီး ကားလာလျှင် နွားကို ခဲဖြင့် ပေါက်သလိုနှင့် ကားကို ပစ်ပေါက်မှုများရှိခဲ့သည်ဟု ဒေသခံ အချို့က ဆိုသည်။
“ည (၇) နာရီကနေ မနက် (၆) နာရီအထိ မထွက်ရဟု ထုတ်ပြန်ထားတယ်။ ကျွန်တော်တို့ဘက်က ဥပ ဒေကို လိုက်နာလို့ မထွက်ရဲဘူး သူတို့မီးလာရှို့ရင်လည်း ခံရဦးမယ်။ အိမ်ပေါ်က ဆင်းပြန်ရန်လည်း ညမထွက်ရဆိုပြီး သေနတ်နဲ့ အပစ်ခံရဦးမယ်”ဟု ဒေသခံ တစ်ဦးက ပြောသည်။
အောက်တိုဘာလ (၂၅) ရက်နေ့က မင်းပြားမြို့ အထွေထွေအုပ်ချုပ်ရေးမှုးရုံးတွင် မင်းပြားမြို့ တပ်နယ်မှူး ဒုတိယ ဗိုလ်မှုးကြီး ခင်မောင်ညွန့်က ဦးစီးပြီး မြို့နယ်ရဲတပ်ဖွဲ့မှုး ဦးအောင်ကျော်နှင့် မြို့နယ် ပြည် ခိုင်ဖြိုးအဖွဲ့ဝင် များ မြို့နယ်ရပ်မိရပ်ဖ များနှင့် တွေ့ဆုံကာ မင်းပြားမြို့တည်ငြိမ် အေးချမ်းရေးအစည်းအဝေးပြုလုပ်ကာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု အဆိုပါပွဲသို့ တက်ရောက်ခဲ့သူမြို့နယ် ပြည်ခိုင်ဖြိုး အတွင်းရေးမှုး ကိုအောင်စိုးသန်းမှ ပြောသည်။
“ကျွန်တော်တို့ မြို့မိမြို့ဖတွေကလည်း မင်းပြားမြို့က ဆရာတော်တွေရဲ့ သြ၀ါဒခံယူပြီး ဒေသခံတွေကို ထိန်းထိန်းသိမ်းသိမ်းနေထိုင်ကြဖို့ စီမံဆောင်ရွက်နေပါတယ်”ဟု မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးစံမင်းက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားသည့် အကူအညီများ ပေးအပ်သွားရန် ပြည်ထောင်စု သမ္မတမြန်မာနိုင် ငံတော်အစိုးရအဖွဲ့ နယ်စပ်ရေးရာဝန်ကြီးဋ္ဌာန နှင့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)တို့ ပူးပေါင်းဆောင်ရွက် မှုစာချွန်လွှာ (MOU)ကို စက်တင်ဘာ လ(၁၁)ရက်နေ့က နေပြည်တော်ရှိ နယ်စပ်ရေးရာဝန်ကြီးဋ္ဌာန ၀န်ကြီးရုံး၌ လက်မှတ်ရေးထိုးခဲ့ သော် လည်း မြန်မာနိုင်ငံ၌ (OIC)ရုံးဖွင့်လှစ်ရန်ကိစ္စမှာ ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသဖြင့်ခွင့်ပြုမည်မဟုတ် ကြောင်း အောက်တိုဘာ(၁၅)ရက်နေ့က နိုင်ငံတော်သမ္မတရုံးမှ သိရှိရသည်။

မိုးထိမိုးမိရွေလုပ်သားများ ရန်ကုန်တွင်ဆန္ဒဖေါ်ထုတ်မည်။

ရွေလုပ်သားများသတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်။
 
ရမည်းသင်း မိုးထိမိုးမိရွှေလုပ်သားများက အမျိုးသားအကျိုးစီးပွားရေး တိုးတက်ရေး ကုမ္ပဏီရုံးချုပ်ရှိရာ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း ၌ အောက်တိုဘာ ၂၉ ရက်နေ့ နံနက် ၉နာရီတွင်ငြိမ်းချမ်းစွာစုဝေး ဆန္ဒထုတ်ဖော်မည်ဟု သိရသည်။
“အဲ့ဒီကုမ္ပဏီ ရောက်လာပြီးမှ ရွှေလုပ်သား ၅သိန်းလောက်ကနေ့ အခု ၁သောင်းတောင်မပြည့်တော့ဘူး။အရမ်းနစ်နာနေပါပြီ” ဟုအလုပ်သမားခေါင်းဆောင် ဦးရဲရင့်အောင်က ပြောသည်။
အောက်တိုဘာ ၂၆ ရက်နေ့၌ ၃၆ လမ်းရှိ MJNရုံးခန်း၌ ပြုလုပ်သော ရွှေအလုပ်သမားများ နှင့်အသေးစား လုပ်ငန်းရှင်များ၏ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခြင်းဖြစ်သည်။
ရွှေလုပ်သားများ၏ နစ်နာချက်များနှင့် နှစ်ဦးသဘောတူစာချုပ်အား ကုမ္ပဏီဘက်မှ ချိုးဖောက်မှုများအတွက် အဓိကထား၍ ရွှေလုပ်သား ၁၀၀ခန့် ဆန္ဒထုတ်ဖော်ကြမည်ဟု သိရသည်။

ပုသိမ်(NLD)ပါတီဝင် ၁၀၀ကျော်နူတ်ထွက်ပွဲနှင့် ပါတီအလံချပွဲ အခမ်းအနားပြုလုပ်။

 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ပုသိမ်ခရိုင်/ပုသိမ်မြို့နယ်) ၏ စုပေါင်းနှုတ် ထွက်ပွဲနှင့် ဆိုင်းဘုတ်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ အောက်တိုဘာ ၂၇ ရက် အချိန် နံနက်နံနက် ၁၁း၀၀ နာရီက ပုသိမ်မြို့တွင် ကျင်းပ ခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့ နှုတ်ထွက်သူ အရေအတွက်မှာ စုစုပေါင်း ၁၃၂ ဦး ရှိပြီး နောက်ထပ် လည်း နှုတ်ထွက်မည့်သူ အများအပြား ရှိနေကြောင်း သိရသည်။
ဗဟိုဦးစီး စနစ်ဖြင့် အဏာရှင်ဆန်မှု၊ ခေါင်းဆောင်များမှ အသက်အိုမင်း ရင့်ရော်ချိန်ထိ နေရာဖယ်မပေးမှု ၊ ပါတီတွင်း လိင်ပိုင်းဆိုင်ရာ ရှုတ်ထွေးမှု၊ ပြည်ပအထောက်အပံ့များကို အညီအမျှ မရရှိမှု နှင့် တိကျသည့် မူဝါဒ မရှိမှု များကြောင့် နိုင်ငံတဝှမ်းမှ NLD ပါတီဝင် အများအပြားမှ နှုတ်ထွက်ရန် ကြိုးစားလျှက် ရှိကြောင်း သိရသည်။
ပါတီတွင်း ဒီမိုကရေစီ မရှိမှု၊ နီးစပ်သူများကသာ နေရာယူထားမှုများကြောင့် မြောင်းမြ၊ ပုသိမ်၊ ကော့သောင်း နှင့် တွံတေး အပါအဝင် အခြား မြို့နယ်များမှ NLD ပါတီဝင်များမှ ကိုယ့်ပါတီကိုယ် ဆန္ဒပြခြင်းများကို ယခုနှစ်အတွင်း ပြုလုပ်ခဲ့ကြသည်။
NLD ပါတီသည် ရခိုင်အရေး ကိစ္စတွင် သေဆုံးသူ ရခိုင်တိုင်းရင်းသားတို့အတွက် တစုံတရာ လုပ်ဆောင်ပေးခြင်း မရှိသလို၊ ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှလည်း မွတ်ဆလင် များဖက်မှ ဘက်လိုက်မှုများ ရှိကြောင်း ဝေဖန်မှု များ ရှိသည့်အပြင် ရခိုင်အရေး ကြညာချက်တွင်လည်း မွတ်ဆလင် အနည်းစုသာ ရှိပြီး ပြဿနာ မဖြစ်သော အမ်းမြို့ ကို မှားယွင်း ထည့်သွင်းဖော်ပြ မှုကြောင့် လူထု က စိတ်ပျက်လျှက် ရှိကြောင်း သိရသည်။

ဗဟိုတရားရုံးချုပ်အဆောက်အအုံအား ပုဂ္ဂိုလိကသို့ လွဲပြောင်းငှားရမ်းမည် မဟုတ်ကြောင်းပြောကြား။

ဗဟိုတရားရုံးအဆောက်အဦး
 
ဗဟိုတရားရုံးချုပ်အား ပုဂ္ဂလိက သို့လွှဲ ပြောင်းငှားရမ်းမည် မဟုတ်ဟု သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ယနေ့ ရန်ကုန်တိုင်းလွှတ်တော်၌ ရှေ့နေများကွန်ယက်အဖွဲ့နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း တရားလွှတ်တော် ရှေ့နေဦးကိုနီ က ပြောသည်။

" Hight Court (ဗဟိုတရားရုံး)ကို ပြုပြင်ထိန်းသိမ်းဖို့ငွေက လိုအပ်တဲ့အတွက် အပေါ်ဆုံးထပ်ကိုပဲ အငှားချပေးမယ်။အဆောက်အအုံ တစ်ခုလုံးငှားတာမဟုတ်ပါဘူး၊ခုငှားလိုက်တဲ့
နေရာမှာ စာကြည့်တိုက်နဲ့ပြတိုက် လုပ်သွားမယ်၊အောက်ထပ်မှာ တရားရုံးတွေ ဆက်ရှိနေပြီး နိုင်ငံခြားသားတွေ လာရင် ပြတိုက် စာကြည့်တိုက် အပြင် တရားရုံး၊ တရားခွင်
တွေမှ တရားစီရင်နေတာတွေကို လေ့လာနိုင်အောင် ရည်ရွယ်ပြီးဆောင်ရွက်တာပါ၊ဒီအတိုင်းတော့အဆောက်ဦကြီးကို ဘယ်သူ့ကိုမှ လွှဲပြောင်းပေးဖို့မရှိဘူး"ဟု
ဦးစိုးသိန်းက ပြောကြားခဲ့ကြောင်း အထက်ပါ ပုဂ္ဂိုလ်က တဆင့်ပြန်လည်ပြောပြသည်။

ထို့ပြင် ကမ်းနာလမ်းနှင့် ဘဏ်လမ်းထောင့်ရှိ စုပေါင်းရုံးအဆောက်အအုံအား ဟိုတယ်လုပ်ငန်းတစ်ခုသို့ လွှဲပြောင်း ငှားရမ်းလုပ်ကိုင်ခွင့် ပြုလိုက်ကြောင်း၊ထိုသို့ ငှားရမ်းသည့် အတွက် ငှားရမ်းခ အဖြစ် တစ် နှစ်လျင် ၁၄ ဒဿမ ၄ သန်း ရရှိမည် ဖြစ်ကြောင်းသိရသည်။

ယင်းငွေဖြင့် တရားရုံးများအား တစ်မြို့နယ်လျင် တစ်ရုံး တည်ဆောက်သွားရန် ရည် ရွယ် ထားကြောင်း ၀န်ကြီးက ထပ်မံပြောကြားခဲ့ကြောင်း၎င်းက ထပ်လောင်းပြောသည်။