Showing posts with label သတင်းရင်း (FNG). Show all posts
Showing posts with label သတင်းရင်း (FNG). Show all posts

Friday, February 1, 2013

ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံအဖွဲ့များတွင် လက်စားမှု့အများဆုံးဖြစ်နေ။

HKTလာဘ် စား မှု သည် ပြည်ထဲရေး လက်အောက်ခံ ၀န်ကြီးဌာန များ နှင့်တရားရေး ဌာန များ တွင် ယခင် နှစ် က တင်ရှိ ခဲ့သည့် စံချိန် များ ထက်ပို ဆိုလာ ပြီး ၊ မြန်မာ နိုင်ငံ ရဲတပ် ဖွဲ့  သည် ၂၀၁၂ ခုနှစ် အတွင်း ရာထူးအလိုက် လာဘ်စားမှု များ မှာ မြန်မာ ငွေ ကျပ် သန်း ၄၀၀ ကျော် ထိ ရှိ နိုင်သည် ဟု မြန်မာ နိုင်ငံ တွင်း ရှိ လာဘ်ပေး လာဘ် ယူမှု ဆိုင်ရာ တစ်သီးပုဂ္ဂလ လေ့လာမှု အဖွဲ့  ဖြစ်သည့် Myanmar Corruption Report ၏၂၀၁၂ အတွက် အစီရင်ခံစာ တစ်ခု တွင် ဖော်ပြထား သည်။

ထိုအစီရင်ခံ စာ ထဲ တွင် ရန်ကုန် မြို့  ပေါ် မှ ဒုရဲအုပ် တာဝန် ရှိ သူ တစ်ဦးမှာ တစ်နှစ် လျှင် ပျမ်း မျှ ၁၈ သိန်း ကျော် လာဘ်စား ၍ အရေး ပါသည့်နယ် မြို့  များ နှင့် နယ်စပ် မြို့  များ မှ ဒုရဲအုပ် တစ်ဦး မှာ သိန်း ၂၀ ကျော်လာဘ် စား သည် ဟု ဆိုသည်။

မြန်မာ နိုင်ငံ ရဲ တပ် ဖွဲ့  ၏ လာဘ်စား မှု တွင် ပုံစံ အမျိုး ဖြစ် ရှိ နေရာ ဆက်ကြေး ပုံစံ လိုင်းကြေး ယူမှု ၊ တရားခံ ၏ ဆက်နွယ် ပတ် သက် မှု များ မှ ငွေတောင်းခံ ပြီး လာဘ် ယူ မှု နှင့် အမှု ဆင် (သို့  မဟုတ် ) အမှု မှ ကွင်းလုံး ကျွတ်စေရန် စသည် ဖြင့် များ ပြားသော ငွေကြေး ပမာဏ တောင်းခံ မှု စသည် ဖြင့်နည်း မျိုး စုံ အသုံး ပြု သည် ဟု သိရသည်။

အထူးစုံစမ်း ထောက်လှမ်းရေး နှင့် အကျဉ်းဦးစီးဌာန တို့  သည် လည်း ပြည်ထဲရေး ၀န်ကြီးဌာန လက် အောက်ခံ များ အဖွဲ့  များ ဖြစ် ပြီး စ သုံးလုံး ခေါ် အထူးစုံစမ်းထောက်လှမ်းရေးဌာန ၏ လာဘ် ငွေ ယူ မှု များ သည် စီးပွားရေး လုပ်ငန်းရှင် များ ၊ ပြည်ပ သို့  အလုပ်သမား စေလွှတ် မှု နှင့် တရား မ၀င် ငွေကြေး လွှဲပြောင်း လုပ်ကိုင် မှု လုပ်ငန်း များ နှင့် ဆက်စပ် နေသည်။

ရန်ကုန် မြို့  မဟာဗန္ဓု လ ပန်းခြံ လမ်း နှင့် မဟာဗန္ဓု လ လမ်း တစ်ဝိုက် ဧမာနွေလ ဘုရား ကျောင်း တစ်ဝိုက် ရှိ နိုင်ငံ ခြား ငွေ လဲလှယ် သူများ နှင့် လမ်လည်သူများ မှာ စ သုံးလုံး အဖွဲ့  ၏ ကျောထောက် နောက်ခံ ဖြင့် ရပ် တည် နေ ခြင်း ဖြစ်သည် ဟု ရန်ကုန် မြို့  တွင် တာဝန်ကျ သည့် ရဲ အရာ ရှိ တစ်ဦး က FNG ကို ပြောသည်။

လောင်းကစား ဒိုင် များ ၊ ကုန်စည် ဒိုင်များ နှင့် ပတ် သက် ပြီး လည်း အထူး စုံစမ်းစစ်ဆေးရေး ဌာန သည် လာဘ်ငွေ ရရှိသည်။

ပြည်ထဲရေး လက်အောက်ခံ အဖွဲ့  အစည်း တစ်ခု ပင် ဖြစ်သည့် အကျဉ်းဦးစီးဌာနတွင် လာဘ်စား မှု မှာ ရဲဘက်စခန်း များ တွင် အများဆုံး ဖြစ် ပြီး ၊ အကျဉ်းထောင်များ တွင် မူ ငွေကြေးကြွယ်ဝ သည့် အကျဉ်းသား များ က လာဘ် ထိုး မှု နှင့် အကျဉ်း
ထောင် နှင့် ဆက်စပ်သည့် စီးပွားရေး လုပ်ငန်း များ မှ တစ် ဆင့် ငွေကြေး ရယူမှုများ ဖြစ်ပေါ်သည်။

နိုင်ငံ တ၀ှမ်းရှိ အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာန ရုံး တိုင်း တွင် လာဘ်စား မှု များရှိ ပြီး ကန်ထရိုက် လုပ်ငန်း ၊ ဆောက်လုပ် ရေး လုပ်ငန်း ၊ ပါမစ် နှင့် ခွင့်ပြု ထောက်ခံမှု လုပ်ငန်းများ အတွက် သိန်းရာ ချီ ရယူ ကာ ဆောင်ရွက် ကြသည်။

မြန်မာ အစိုးရ သည် လာဘ်ပေး လာဘ်ယူ မှု အတွက် ဒုတိယ သမ္မတ ဦးဆောင်သည့်ကော်မရှင် ကို ဖွဲ့  စည်းထား သော် လည်း ထိထိရောက် ရောက် လုပ်ဆောင် နိုင်မှု မရှိသေး ဟု Myanmar Corruption Report အစီရင် ခံစာ တွင် ဖော်ပြထား သည်။

Friday, August 19, 2011

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်ရန်ရှိဟု သတင်းများထွက်ပေါ်နေ။

နေပြည်တော် စီးပွားရေး အလုပ်ရုံ ဆွေးနွေး ပွဲ သို့  တက်ရောက် ရန် ထွက်ခွာ သွား သည့် မြန်မာ့
ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် သမ္မတ ဦးသိန်း စိန် နှင့် နေပြည်တော်
တွင် တွေ့ ဆုံ မည် ဖြစ်ပြီး တွေ့ ဆုံ မှု မှာ ယနေ့  ညနေ တွင် ဖြစ် နိုင် သည် ဟု သတင်း ရရှိသည်။
ခိုင်မာ တိကျ သည့် သတင်း ရပ် ကွက် တစ်ခု မှ FNG အား ပြောပြချက် အရ ဒေါ်အောင်ဆန်းစု
ကြည် သည် သမ္မတ ဦး သိန်းစိန် နှင့် တွေ့ ဆုံ ရန် နေပြည်တော် သို့  သွား ခြင်း ဖြစ်ပြီး စီးပွားရေး
အလုပ်ရုံ ဆွေး နွေ ပွဲ သို့ သွားခြင်း မဟုတ် ဟု သိရသည်။
FNG မှ ထပ်မံ သိရှိ ရသည့် သတင်းများ အရ သမ္မတ ဦးသိန်းစိန် က ဒေါ်အောင်ဆန်းစုကြည် ကို
ညစာ ဖြင့် တည့်ခင်း ဧည့်ခံ မည် ဖြစ်ပြီး ထိုတွေ့ ဆုံမှု တွင် အခြေခံ ကျသည့် ဒီမိုကရေစီ ဖြစ်စဉ်
ပြောင်းလဲ ခြင်း များ ကို ထည့်သွင်း ဆွေး နွေးခြင်း ရှိ မရှိ ကို မသိရသေးချေ။
ဇူလိုင် လ နှင့် ယခု သြဂုတ် လ အတွင်း ဒေါ်အောင်ဆန်းစုကြည် နှင့် မြန်မာ အစိုးရ ကိုယ်စား လှယ်
ဒေါ်အောင်ဆန်းစုကြည် တို့  တွေ့ ဆုံ ခဲ့ ရာ ဒုတိယ အကျော့ တွေ့ ဆုံ မှု ပြီး ချိန် တွင် ယခု ကဲ့ သို့ 
တိုးတက် ဖြစ်ထွန်း မှု တစ်ချို့ ပေါ်ပေါက် ခဲ့ ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် သည် သမ္မတ ဦးသိန်းစိန် နှင့် တွေ့ ဆုံ ၍ နိုင်ငံရေး အကြောင်း ရာ များ ဆွေး
နွေးလျှင် နိုင်ငံ ရေး အကျဉ်းသား များ ပြန်လည် လွတ်မြောက် ရေး ကို ဦးစားပေး ဆွေး နွေးလိမ့်
မည် ဟု သိရသည်။
ဒေါ်အောင်ဆန်းစုကြည် သည် အစိုးရ သစ် ရုံး စိုက် ရာ နေပြည်တော် မြို့  သို့  ပထမ ဦးဆုံး သူမ
၏ ခရီးစဉ် အဖြစ် သွားရောက် ခြင်းဖြစ်ပြီး ၊ သမ္မတ ဦးသိန်းစိန် နှင့် လည်း ပထမ ဦးဆုံး အကြိမ်
တွေ့ ဆုံခြင်း ဖြစ်သည်။