Friday, August 19, 2011

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်ရန်ရှိဟု သတင်းများထွက်ပေါ်နေ။

နေပြည်တော် စီးပွားရေး အလုပ်ရုံ ဆွေးနွေး ပွဲ သို့  တက်ရောက် ရန် ထွက်ခွာ သွား သည့် မြန်မာ့
ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် သမ္မတ ဦးသိန်း စိန် နှင့် နေပြည်တော်
တွင် တွေ့ ဆုံ မည် ဖြစ်ပြီး တွေ့ ဆုံ မှု မှာ ယနေ့  ညနေ တွင် ဖြစ် နိုင် သည် ဟု သတင်း ရရှိသည်။
ခိုင်မာ တိကျ သည့် သတင်း ရပ် ကွက် တစ်ခု မှ FNG အား ပြောပြချက် အရ ဒေါ်အောင်ဆန်းစု
ကြည် သည် သမ္မတ ဦး သိန်းစိန် နှင့် တွေ့ ဆုံ ရန် နေပြည်တော် သို့  သွား ခြင်း ဖြစ်ပြီး စီးပွားရေး
အလုပ်ရုံ ဆွေး နွေ ပွဲ သို့ သွားခြင်း မဟုတ် ဟု သိရသည်။
FNG မှ ထပ်မံ သိရှိ ရသည့် သတင်းများ အရ သမ္မတ ဦးသိန်းစိန် က ဒေါ်အောင်ဆန်းစုကြည် ကို
ညစာ ဖြင့် တည့်ခင်း ဧည့်ခံ မည် ဖြစ်ပြီး ထိုတွေ့ ဆုံမှု တွင် အခြေခံ ကျသည့် ဒီမိုကရေစီ ဖြစ်စဉ်
ပြောင်းလဲ ခြင်း များ ကို ထည့်သွင်း ဆွေး နွေးခြင်း ရှိ မရှိ ကို မသိရသေးချေ။
ဇူလိုင် လ နှင့် ယခု သြဂုတ် လ အတွင်း ဒေါ်အောင်ဆန်းစုကြည် နှင့် မြန်မာ အစိုးရ ကိုယ်စား လှယ်
ဒေါ်အောင်ဆန်းစုကြည် တို့  တွေ့ ဆုံ ခဲ့ ရာ ဒုတိယ အကျော့ တွေ့ ဆုံ မှု ပြီး ချိန် တွင် ယခု ကဲ့ သို့ 
တိုးတက် ဖြစ်ထွန်း မှု တစ်ချို့ ပေါ်ပေါက် ခဲ့ ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် သည် သမ္မတ ဦးသိန်းစိန် နှင့် တွေ့ ဆုံ ၍ နိုင်ငံရေး အကြောင်း ရာ များ ဆွေး
နွေးလျှင် နိုင်ငံ ရေး အကျဉ်းသား များ ပြန်လည် လွတ်မြောက် ရေး ကို ဦးစားပေး ဆွေး နွေးလိမ့်
မည် ဟု သိရသည်။
ဒေါ်အောင်ဆန်းစုကြည် သည် အစိုးရ သစ် ရုံး စိုက် ရာ နေပြည်တော် မြို့  သို့  ပထမ ဦးဆုံး သူမ
၏ ခရီးစဉ် အဖြစ် သွားရောက် ခြင်းဖြစ်ပြီး ၊ သမ္မတ ဦးသိန်းစိန် နှင့် လည်း ပထမ ဦးဆုံး အကြိမ်
တွေ့ ဆုံခြင်း ဖြစ်သည်။

No comments:

Post a Comment