ငါးရက်တာကြာမြင့်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် သောမတ်အိုဟေး ကွင်တားနား၏ ခရီးစဉ်တွင် အစိုးရပိုင်းမှ အဆင့်မြင့်အရာရှိ အများစုနှင့် တွေ့နိုင်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံနိုင်ခဲ့ခြင်း တို့ကြောင့် အောင်မြင်သော ခရီးစဉ်အဖြစ် ယင်းကရှုမြင် ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံတွင် အစိုးရသစ် ပေါ်ပေါက်လာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိလာသည့် ကွင်တားနား၏ အပြန်ခရီးမတိုင်မီ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သြဂုတ်လ ၂၅ရက်နေ့ ညနေတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာအစိုးရသည် လူ့အခွင့်အရေးဆိုင်ရာ တိုးတက်ပြောင်းလဲမှု အလားအလာ
ကောင်းများ ရရှိရန် ခြေလှမ်းများစွာ ဆောင်ရွက်ခဲ့သည်ကို တွေ့ရကြောင်းနှင့်၊ ဦးသိန်းစိန် အစိုးရ၏ ကတိပြု
ပြောဆို လုပ်ကိုင်မှုများတွင် လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အခွင့်အရေးများနှင့် ပတ်သက်ပြီး ပြူပြင်ပြောင်းလဲမှုများ၊ အခြေခံကျသည့် လူ့အခွင့်အရေးနှင့် လွတ်လပ်မှု၊ ကောင်းမွန်သော အစိုးရတို့အပြင် လွတ်လပ် ပွင့်လင်းမှုရှိသော ဥပဒေဆိုင်ရာ ဆောင်ရွက်ချက်များ ပါဝင်သည်ကို ကြိုဆိုကြောင်း ပြောဆိုခဲ့သည်။

ထို့ပြင် ဦးသိန်းစိန်အစိုးရ၏ ပြည်ပရောက် အတိုက်အခံများ ပြန်လာရေး ကမ်းလှမ်းချက်နှင့် လက်နက်ကိုင်
အဖွဲ့များနှင့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံမှုများကို ကြိုဆိုသည်ဟုလည်း ဆိုသည်။
အဖွဲ့များနှင့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံမှုများကို ကြိုဆိုသည်ဟုလည်း ဆိုသည်။

၅ ရက်ကြာ ခရီးလည်ပတ်ပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကိုယ်စားလှယ် သောမတ်အိုဂျေ ကွင်တားနားက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် အထူးဧည့်ခန်းဆောင်တွင် သတင်းစာဆရာများကို ရှင်းလင်းပြောကြားနေသည်ကို တွေ့ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ)
ယခုကျင်းပနေသော လွတ်တော်များတွင် လူ့အခွင့်အရေးဆိုင်ရာ မြှင့်တင်ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး
ဆွေးနွေးမှုများကို တွေ့ရှိရကြောင်း၊ ထို့ပြင် တိုင်းရင်သား လူမျိုးစုများနှင့် မြို့ပြနေသူများအကြား အလုပ်အကိုင် ခန့်ထားရာတွင် ခွဲခြားမှု၊ မှတ်ပုံတင်ထားသည့် အဖွဲ့အစည်းများနှင့် အခြားပြည်တွင်း အဖွဲ့အစည်းများ၊ အလုပ်သမား သမဂ္ဂဆိုင်ရာ မှတ်ပုံတင် လိုအပ်ချက်၊ မြေယာ အငှားချထားခြင်းနှင့် မြေယာသိမ်းဆည်းမှု တိုင်းရင်းသား ဘာသာ စကားများကို အဆိုပါဒေသရှိ ကျောင်းများတွင် သင်ကြားရေး၊ အကျဉ်းကျနေသော ရှမ်းတိုင်းရင်းသားများ လွတ်ငြိမ်းချမ်းသာခွင့် အရေး၊ ရိုဟင်ဂျာများအတွက် နိုင်ငံသားကဒ် ရရှိရေးတို့ ပါဝင်ဆွေးနွေးခဲ့ကြောင်း၊ သူ့အနေဖြင့် မှတ်သားမိသည်များတွင် ဆေးရုံများအတွက် ဆေးဝါးများကိစ္စ၊ တိကျသည့် မဲဆန္ဒနယ်များတွင် အစိုးရ မူလတန်းကျောင်းများ ပြန်တည်ဆောက်ရေး၊ ပုဂ္ဂလိက ကျောင်းများအတွက် တိကျသည့် မှတ်ပုတင်ကြေးအပြင် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဆွေးနွေး တင်ပြချက်များလည်း ပါဝင်ကြောင်း ပြောဆိုခဲ့သည်။

လွှတ်တော်ကို တိုက်တွန်းပြောဆိုခဲ့သည်မှာ ယခုအချိန်တွင် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ပူးပေါင်းမှု ကူညီမှုကို ရယူဆောင်ရွက်ရန် ပြောဆိုခဲ့သည်ဟု ကွင်တားနားက ပြောဆိုခဲ့သည်။
သူ၏ခရီးစဉ်အတွင်း သမ္မတ၏ အကြံပေးအဖွဲ့နှင့်လည်း တွေ့ဆုံခဲ့သဖြင့် ယင်းတို့၏ အရေးပါသည့် လုပ်ငန်းဆောင်တာများကို ဆက်လက် လုပ်ဆောင်သွားကြရန်နှင့် ကောင်းမွန်သည့် အကြံပြုချက်များကို သမ္မတကို ပေးဆောင်ရန် တိုက်တွန်း ပြောဆိုခဲ့သည်။
ထို့ပြင် သူ၏ခရီးစဉ်အတွင်း အင်းစိန် အကျဉ်းထောင်သို့ သွားရောက် လေ့လာခွင့်ရခဲ့ရာ အကျဉ်းသား ၇ ဦးနှင့်တွေ့ဆုံပြောခွင့်ရခဲ့ကြောင်း၊ ထိုသူများထဲတွင် ဦးအောင်သိန်း၊ မခင်ခင်နု၊ ဖြိုးဝင်းအောင်၊ ဝင်းအောင်ဦး၊ နီနီထွန်း၊ ခင်သူရွှေ စသူတို့ပါဝင်ကြောင်း သူ၏ သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
ထို့ပြင် အကျဉ်းကျများကို ပေါ်တာအနေနှင့် စစ်တပ်မှသုံးခြင်း၊ ထောင်သားများကို အလှမ်းဝေးသည့် အရပ်တွေများသို့ ပို့ပစ်သည့်အတွက် ဆွေမျိုးများ အနေနှင့် အကျဉ်းသားများ မရှိမဖြစ် လိုသည့် ဆေးဝါး၊ အစားအသောက် ပို့ရန် ခက်ခဲခြင်း၊ စစ်ကြောရေးတွင် ညှင်းပန်းနှိပ်စက်ခြင်း၊ ဆိုးရွားသည့် ပြုမူတွေရှိတယ်လို့ စွပ်စွဲမှုများ ဆက်ရှိနေခြင်း သည်လည်း နောက်ထပ် ကျနော့်စိုးရိမ်မှုတခုဟု ဆက်လက် ပြောဆိုသည်။
“ အင်းစိန်ထောင်မှာဆိုရင် ကျနော်ကြားတာက စစ်ကြောရေးမှာ ရိုက်နှက်တာ၊ လိင်အင်္ဂါ အပါအဝင် ခန္ဓာကိုယ် စိတ်အပိုင်းတွေကို မီးနဲ့ရှို့၊ အအိပ်ပျက် အစားပျက်အောင် လုပ်ပြီး ထွက်ဆိုမှုတွေ နှောက်ယှက်တာတွေ ရှိနေတယ်လို့ ကြားရတယ်၊ ထောင်သားတွေကို ခွေးတိုက်မှာ တိုက်ပိတ်ပြီး အပြစ်ပေးတယ်လို့ ကျနော်ကြားရတယ်၊ လုံလောက်တဲ့ ဆေးဝါးကုသမှုမရဘဲ ကိုယ်ဆေးကုဖို့အတွက် ကိုယ့်ဘာသာ ငွေကြေး အကုန်ခံရတာတွေလည်း ကြားတယ်” ဟုဆိုသည်။
သူတွေ့ကြုံဆုံတွေ့ခဲ့ရသူ အများစုနှင့် ပွင့်လင်းစွာ ဆွေးနွေးခွင့် ရခဲ့သည့်အတွက်လည်း ယခု ခရီးစဉ်သည် ယခင် အခေါက်များနှင့် မတူဘဲ ပိုမို ကောင်းမွန်မှုများ ရှိကြောင်း၊ သူသိလိုသည်များကို ပူးပေါင်းကူညီခဲ့သည့် အစိုးရ တာဝန်ရှိသူများကို ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့သည်။
ယခုအခေါက်တွင် ရရှိခဲ့သည့် အချက်အလက်များကို လာမည့် စက်တင်ဘာလတွင် ကျင်းပပြုလုပ်မည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် တင်ပြသွားမည် ဖြစ်သည်။
ထို့ပြင် လာမည့် ၂ဝ၁၂ခုနှစ် မတ်လ၊ လူ့အခွင့်အရေး ကောင်စီသို့ တင်ပြရမည့် သူ၏ အစီရင်ခံ စာမရေးမီတွင် ငါးကြိမ်မြောက် ခရီးစဉ် အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ဦးမည် ဖြစ်သည်။
No comments:
Post a Comment