မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်  ကင်တားနား ဟာ ဒီကနေ့ မနက်ပိုင်းက လွှတ်တော် မှာ ၂နာရီခန့်  ကြာအောင် နိုင်ငံရေးပါတီ ၁၆ ခုက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး  တိုင်းရင်းသား ပါတီတွေ တင်ပြတဲ့  ဒေသတွင်း လူ့အခွင့် အရေး အခြေအနေတွေကို  နားထောင်ခဲ့တယ်လို့ သိရပါတယ်။ 
အဲဒီ တွေ့ဆုံပွဲမှာ ပါတီတွေက ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့  အနေအထားတွေကို တင်ပြခဲ့သလို  မစ္စတာ ကင်တားနား ကလည်း သူ ဆောင်ရွက်နေတဲ့  ကိစ္စရပ်တွေကို ပြန်လည် ရှင်းလင်း တင်ပြခဲ့တယ်လို့ ဆွေးနွေးပွဲကို  တက်ရောက်တဲ့ NDF ပါတီ ပြည်ထောင်စု လွှတ်တော် အမတ် ဒေါက်တာ သန်းဝင်းက  ပြောပါတယ်။ 
“သူ့ကို အကြံပြုစရာရှိရင် ပြုပါဆိုပြီး အကြံဥာဏ်တောင်းတာ ဘယ်လိုလုပ်ဖို့  သင့်တယ်ဆိုတာကိုပါ၊ အဓိက ကတော့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်ဖို့  သူဆောင်ရွက်နေတယ်။ နယ်စပ်မှာ မိုင်းရှင်းတဲ့ ကိစ္စကိုလည်း  ကာကွယ်ရေးဝန်ကြီးနဲ့ သူဆွေးနွေးတယ်လို့ ပြောသွားတယ်”  မစ္စတာ ကင်တားနားဟာ ပြည်သူ့ လွှတ်တော် ဥက္ကဌနဲ့ အမျိုးသား လွှတ်တော် ဥက္ကဌ တို့ကိုလည်း ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။ 

No comments:
Post a Comment