အာရပ်စော်ဘွားများနိင်ငံမှာ သောင်တင်နေတဲ့ တောင်ကိုးရီးယား ရေနံတင်  သင်္ဘောပေါ်က မြန်မာသင်္ဘောသားတွေ အပါအ၀င် ၂၁ ဦးကို DCMA Dubai ရေကြောင်း  အာဏာပိုင်အဖွဲ့က ကြည့်ရှု စောင့်ရှောက်ပေးခဲ့ပြီးနောက် သက်ဆိုင်ရာ  နိင်ငံတွေကို ပြန်ပို့ပေး လိုက်ရတယ်လို့ သိရပါတယ်။                         အဲဒီသင်္ဘောဟာ  Samho Shipping Line က ဖြစ်ပြီး သင်္ဘောသားတွေကတော့ မြန်မာနဲ့ အင်ဒိုနီးရှား သင်္ဘောသားတွေ ဖြစ်ကြပါတယ်။  Samho သင်္ဘော လိုင်းဟာ တောင်ကိုရီးယား  နိင်ငံမှာ ငွေမရှိတော့လို့ ဒေ၀ါလီခံလိုက်ရပြီး  အခုလိုရေနံတင် သင်္ဘောကြီး ဘယ်မှ မသွားနိုင်ဘဲ  Dubai နိုင်ငံမှာ သောင်တင်ကာ သင်္ဘောသားတွေ ဒုက္ခရောက်ခဲ့တာ ဖြစ်ပါတယ်။  DCMA အဖွဲ့က လပေါင်းများစွာ ကျန်းမာရေးကအစ စောင့်ရှောက်ပေးခဲ့ရပြီးမှ အခုလို  သူတို့နိုင်ငံတွေဆီကို Dubai အစိုးရက ပြန်ပို့ပေးခဲ့တာလို့ သိရပါတယ်။
No comments:
Post a Comment