ဒေါ်အောင်ဆန်းစုကြည်ကို မနက်ဖန် သောကြာနေ့ နေပြည်တော်တွင် ကျင်းပမည့် စီးပွားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ရန် ဖိတ်စာဖြင့် တရားဝင်ဖိတ်ကြားလာပြီ ဖြစ်ကြောင်း NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) မှ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက YPI သို့ ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်သို့လို့ စာတကြောင်းတည်း လိပ်မူပြီး ရေးထားတာ။ အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည် တက်မယ် မတက်ဘူး ဆိုတာတော့ ကျွန်တော်တို့ ဘာမှမသိသေးဘူး။ ကျွန်တော်တို့ ကို ဘာမှ မပြောသေးပါဘူး”ဟု ၄င်းကပြောသည်။
အဆိုပါဖိတ်ကြားစာကို မနေ့က သြဂုတ် ၁၇ ရက်နေ့ညနေ ၄နာရီအချိန် တွင် တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ လာရောက် ပေးသွားခြင်းဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရေးကော်မတီက ဖိတ်ကြားခြင်း ဖြစ်သည်။
အဆိုပါစီးပွားရေးအလုပ်ရုံဆွေးနွေးပွဲကို “နိုင်ငံတော်ဧ။် စီးပွားရေး ဖွံဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ” ဆိုသည့် ခေါင်းစဉ်ဖြင့် ကျင်းပမည်ဖြစ်ပြီး သြဂုတ် ၁၉ရက်မှ ၂၁ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါဆွေးနွေးပွဲကျင်းပမည်ဟု သတင်း စတင် ထွက်ပေါ်လာစဉ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားမည် ဖြစ်ကြောင်း သမ္မတ အကြံပေး ဒေါက်တာနေဇင်လတ်မှ ပြောကြားခဲ့သော်လည်း ယခုမှသာ တရားဝင် ဖိတ်ကြားလာခြင်းဖြစ်သည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီ ၃၇ခုမှ ကိုယ်စားလှယ်များ အပါအ၀င် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင်များလည်း တက်ရောက်ကြမည်ဖြစ်သည်။
No comments:
Post a Comment