ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ဆိုကရေးတီး  ရန်ပုံငွေ အတွတ် အဝေးပြေး ကားများကို တိုင်း ဒေသကြီး အစိုးရမှ ခွဲတမ်းချ၍     ရန်ပုံငွေ လိုက်လံ ကောက်ခံလျှက် ရှိကြောင်း အဝေးပြေး ယာဉ်လိုင်း ပိုင်ရှင်  တစ်ဦးက ပြောကြားသည်။  အောင်မင်္ဂလာ အဝေးပြေး ဝန်းအတွင်းရှိ ရန်ကုန် အခြေပြု  ပြေးဆွဲနေသော ကားများကို တစ်စီးလျှင်ကျပ် တစ်သောင်းနှုန်း ယခုရက်ပိုင်း  ကောက်ခံနေခြင်း ဖြစ်ပြီး ဩဂုတ်လ ၂၄ ယနေ့ နောက်ဆုံးထား၍ ပေးသွင်းရမည်  ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။  အဝေးပြေးကားများကို ကြီးကြပ်  နေသည့် မထသ အဝေးပြေးမှ ကားတစ်စီးလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် အစိုးရ  ဆိုကရေးတီး ရန်ပုံငွေအတွက် ကျပ်သိန်းတစ်ရာ လှူဒါန်းနိုင်ရန်  ကောက်ခံနေခြင်းဖြစ်ပြီး ထိုသို့ကောက်ခံမည့် အကြောင်းကို မထသ အဝေးပြေးဥက္ကဋ္ဌက  ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့က ကားပိုင်ရှင်များကို ခေါ်ယူအသိပေး  ပြောကြားခဲ့သည်ဟု သိရှိရသည်။
အဝေးပြေးကားများ ဂိတ်ထွက်ပါက ဝင်ငွေ၏  နှစ်ရာခိုင်နှုန်းကို မထသသို့ ပေးသွင်းနေရပြီး မထသသည် ယခင်ကဲ့သို့  စက်သုံးဆီ ထောက်ပံ့နေမှုကို ၂၀၁ဝ ခုနှစ်တွင် ရပ်ဆိုင်း ခဲ့ပြီးနောက်  မည်သည့် ထောက်ပံ့မှုမျှ မရရှိတော့သော်လည်း လိုင်းဆွဲနေသည့်  အဝေးပြေးကားများကို ငွေကောက်နေခြင်း  ဖြစ်သည့်အတွက် ယဉ်ပိုင်ရှင်များက  ကျေနပ်မှု မရှိကြောင်း ပြောကြား ကြ သည်။  ရန်ကုန်မြို့ရှိ အဝေးပြေး  ကားစီးရေ အနည်းဆုံး ၈၀ဝ နှင့်အထက်သည် ရန်ကုန်တိုင်း ဒေသကြီး ဆိုကရေးတီး  ရန်ပုံငွေအတွက် မထသကို ငွေပေးသွင်းရမည် ဖြစ်ပြီး အချို့ ဂိတ်များတွင်  ယာဉ်စီးရေ ၅ဝ ကျော် ရှိသည့်အတွက် ကျပ်ငါးသိန်းကျော် ပေးသွင်းရဖွယ် ရှိသည်။   မထသ အဝေးပြေးသည် ယာဉ်လိုင်းများ ယာဉ်စီးခ တိုးမြင့်ရန် ပြီးခဲ့သည့်  လပိုင်းက တင်ပြမှုကို ပယ်ချခဲ့သည်။
No comments:
Post a Comment