ယနေ့ နောက်ဆုံးရရှိသော သတင်းများအရ မနက်ဖြန် ကျင်းပမည့်လွှတ်တော်အစည်းအဝေး  တွင် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွဲ့ဖြိုးရေးပါတီက ဦးဆောင်က  အကျဉ်းသားအားလုံးလွတ်မြောက်ရေးနှင့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်  တို့အတွက် အဆိုတင်သွင်းမည်ဖြစ်ပြီး  တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ပါတီ  အပါအ၀င် လွှတ်တော်တွင်း တက်ရောက်နေကြသည့် ဒီမိုကရက်တစ်ပါတီ(မြန်မာနိုင်ငံ)၊  အမျိုးသား ဒီမိုကရေစီအင်အားစုများအပါအ၀င်  နိုင်ငံရေးပါတီများက  ထောင်ခံအတည်ပြုရန် အစီအစဉ်ရှိ သည်ဟု လွှတ်တော်ကိုယ်စားလှယ်များက ပြောကြသည်။
 အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်အရ  အကျဉ်းကျနေသောအကျဉ်းသားအားလုံးလွတ်မြောက်လာမည်ဖြစ်သကဲ့ သို့  လွတ်ငြိမ်းချမ်းသာခွင့် ကြေညာသည့်နေမှ စ၍ ပြစ်ဒဏ်ကျူးလွန်ခဲ့ဖူးပြီး  ပြစ်ဒဏ်မကျခံရသူများအပါ အ၀င်  ယခင်ပြစ်မှုအားလုံးကို  ကင်းလွတ်ခွင့်ရှိမည်ဖြစ်ကြောင်း သိရသည်။ 
 သို့အတွက် အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားအားလုံးလည်း အဆိုပါ  လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေ အတည်ပြုသည့်အချိန်တွင် မကြာမီရက်ပိုင်းတွင်  ပြန်လည်လွတ်မြောက်မည်ဖြစ်သည်ဟု လွှတ်တော် ကိုယ်စားလှယ်များက ဆိုသည်။
 မကြာမီအတည်ပြုပြဌာန်းမည့် လွတ်ငြိမ်းချမ်းသာအမိန့်ကြောင့် ယခင်က စစ်အစိုးရ  အဆက်ဆက်ကျူးလွန် ခဲ့သော စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ်  ကျူးလွန်သည့် ပြစ်မှုများကိုပါ ပြန်လည် တရားစွဲ၍ မရ တော့ကြောင်းလည်း သိရသည်။
 ယခုမြန်မာနိုင်ငံတွင် ရောက်ရှိနေသော ကုလ ၏ မြန်မာနိုင်ငံဆိုင်ရာ  လူ့အခွင့်အရေးအထူးစုံစမ်းစစ်ဆေးရေး မှူး မစ္စတာ ကင်တားနား အဆိုပြုထားသည့်  စုံစမ်းစစ်ဆေးရေး ကော်မရှင်( CoI) ဖွဲ့ပြီး စစ်ဗိုလ်ချုပ်များကို   လူ့အခွင့်အရေး ချိုးဖောက်မှုသည်ဟုစွပ်စွဲမှုများကိုလည်း  ရှောင်လွှဲနိုင်မည်ဖြစ်သည်ဟု နေပြည်တော် လွှတ်တော်အကြီးအကဲများက ဆိုကြောင်း  နီးစပ်သူများက ပြောသည်။ 
 အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများအကြား  အငြင်းပွားဖွယ်ဖြစ် လာနိုင်သော်လည်း တိုင်းပြည်ပြုပြင်ပြောင်းလဲရေးအတွက်  လုံးဝ အကောင်းဘက်သို့ ရောက်ရေး အရေးကြီးကြောင်း သမတဦးသိန်းစိန် ၏  အကြံပေးတဦးက မျှော်လင့်ကြောင်း ပြောသည်။
 ယခုကိစ္စသည် မကြာမီက နေပြည်တော်တွင် သမတဦးသိန်းစိန်နှင့်  ဒေါ်အောင်ဆန်းစုကြည်တို့၏ ဆွေးနွေးပွဲ တွင်လည်း ပြောဆိုမှုများရှိခဲ့ကြောင်း  သမတနန်းတော်နှင့်နီးစပ်သူများက ပြောသည်။
 လွှတ်ငြိမ်းချမ်းသာအမိန့်ကြောင့် ပြည်ပရောက်  မြန်မာအတိုက်အခံများလည်းတိုင်းပြည် ပြန်လည်ထူထောင်ေ၇း အမြန်ဆုံး  ပြန်လည်လာရောက်ကာ လုပ်ဆောင်နိုင်မည့် ယုံကြည်မှုကိုလည်း အရပ်သားအစိုးရ က  ဖော်ဆောင်ပေးနိုင်တော့မည် ဟု နေပြည်တော်စစ်ဗိုလ်ချုပ်များက ပြောဆိုနေကြသည်။
 ယခုအခါ အကျဉ်းထောင်များတွင်လည်း လွတ်ငြိမ်းချမ်းသာအမိန့်အတွက် ပြင်ဆင်နေကြပြီဖြစ်ကြောင်း အကျဉ်းဦးစီးဌာန မှ အရာရှိတဦးက ပြောသည်။  
No comments:
Post a Comment