Thursday, August 25, 2011

အသေးစား ချေးငွေ အတွက် အများကြီး လုပ်ဖို့လို။

မြန်မာ နိုင်ငံမှာ လယ်သမား တွေကို စိုက်ပျိုး စားရိတ် ရဖို့ အတွက် အသေးစား ချေးငွေတွေ တိုးချဲ့ ထုတ်ပေးဖို့ စီစဉ် နေပေမယ့် တနိုင်ငံလုံး လိုအပ်ချက်ရဲ့ ၁၀ ရာနှုန်း လောက် ကိုသာ ထုတ်ချေး နိုင်သေး တယ်လို့ အဲဒီ လုပ်ငန်း တွေအတွက် ဝန်ဆောင်မှု ပေးနေတဲ့ PACT Myanmar အဖွဲ့ ဒါရိုက်တာ ဦးမောင်မောင် က ဘီဘီစီ ကို ပြော ပါတယ်။
တနိုင်ငံလုံး အတိုင်းအတာ နဲ့ဆိုရင် အိမ်ထောင်စု ဆယ်သန်း လောက်အထိ အဲဒီလို ချေးငွေတွေ ရဖို့ လိုနေတယ်လို့ သူကဆိုပါတယ်။
မြန်မာ အစိုးရက ဒီလို ချေးငွေတွေ တိုးပေးနိုင်ဖို့ စီစဉ်နေပြီး အခု ကျင်းပနေတဲ့ လွှတ်တော် အစည်းဝေးမှာ အသေးစား ငွေချေးလုပ်ငန်း နဲ့ပတ်သက်တဲ့ ဥပဒေ တွေကို ပြဌာန်းဖို့ လည်းရှိတယ်လို့ ဦးမောင်မောင်က ဆိုပါတယ်။
လယ်သမား တွေဟာ အသေးစား ချေးငွေ လုပ်ငန်း ကြောင့် အကျိုး ရှိပေမယ့် တဖက်မှာလည်း ငွေပြန်ဆပ်ချိန်ကို သိနေတဲ့ စပါးဝယ်သူ တွေက ဈေးကို ချုပ်ကိုင်တယ် လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။
ဦးမောင်မောင်က သူတို့ဆီက ငွေချေး သူတွေကတော့ စပါးကြိုရောင်းရတာ မျိုးတွေ မရှိဘူးလို့ ဆိုပါတယ်။

No comments:

Post a Comment