ပြည်သူ့လွှတ်တော်ဥက္ကဌ   သူရဦးရွှေမန်းနှင့်  အမျိုးသားလွှတ်တော်  ဥက္ကဌ ဦးခင်အောင်မြင့် တို့   ကုလသမဂ္ဂ၏  မြန်မာနိုင်ငံဆိုင်ရာ  လူ့အခွင့်ရေး အထူးကိုယ်စားလှယ်  သောမတ်  အိုဟေး  ကင်တားနားအား   သြဂုတ် ၂၃ရက်တွင် တွေ့ဆုံမည်ဖြစ်သည်။ ၄င်းတွေ့ဆုံပွဲသို့  သတင်းထောက်များတက်ရောက်သတင်းယူခွင့်ပေးထားသည်ဟု  နေပြည်တော်တွင်ကျင်းပနေသော  ဒုတိယအကြိမ်လွှတ်တော်အစည်းအဝေးတွင်တက်ရောက်သတင်းယူနေသော  ပြည်တွင်းသတင်းထောက် တစ်ဦးကပြောသည်။  
 မနက်  ၉နာရီတွင် ပြည်သူ့လွှတ်တော်  ဥက္ကဌ ဦးသူရရွှေမန်းနှင့်  တွေ့ဆုံမည်ဖြစ်ပြီး   အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်နှင့်  မနက် ၉  နာခွဲတွင်  တွေ့ဆုံမည်ဟုဆိုသည်။
 လာမည့်ဗုဒ္ဓဟူးနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် ကင်တားနာ၏ခရီးစဉ်တွင်ပါရှိသည်။
No comments:
Post a Comment