အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်တွင် ပြုလုပ်မည့် နိုင်ငံတော် စီးပွား ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အမျိုးသား အဆင့် အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်ရန် နေအိမ်မှ သောကြာနေ့ နံနက်တွင် ထွက်ခွာသွားပြီ ဖြစ်သည်။
အစိုးရ အစီအစဉ်ဖြင့် သွားရောက်သော ခရီးစဉ်အရ ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်မှ ထွက်ခွာသွားခြင်း ဖြစ်သည်။ ရဲမှူးကြီး ဝင်းနိုင်ထွန်း ပါဝင်သော အစိုးရဘက်မှ အရာရှိများကားဖြင့် လာရောက် ခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု မျက်မြင်သက်သေများက ပြောသည်။
သမ္မတ ဦးသိန်းစိန်နှင့်တကွ အစိုးရအရာရှိများ၊ နိုင်ငံရေး ပါတီများနှင့် စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်မည့် အလုပ်ရုံ ဆွေးနွေးပွဲသည် သုံးရက်ကြာ ကျင်းပမည် ဖြစ်သည်။ လေ့လာသူ အနေဖြင့် တက်ရောက်သူဒေါ်အောင်ဆန်းစုကြည်မှာ ၂ ရက်ကြာ တက်ရောက်လိမ့်မည်ဟု မျှော်လင့်ရသည်။
လုံခြုံရေးကို အစိုးရက တာဝန်ယူထားသည့် အတိုက်အခံ ခေါင်းဆောင်၏ နေပြည်တော်သို့ ပထမဆုံး သွားရောက်သော ခရီးစဉ်မှာ သူ၏ အနီးကပ် လုံခြုံရေး တာဝန်ယူထားသူများပင် မသိလိုက်ဘဲ ရှိသည်ဟု ပါတီတွင်း သတင်းရပ်ကွက်များက ပြောသည်။
ဦးသိန်းစိန် အစိုးရ လက်ထက် အလုပ်သမား ဝန်ကြီး ဦးအောင်ကြည်နှင့် တွေ့ဆုံ ဆွေးနွေးမှုများ
ဖြစ်ပေါ်လာပြီးနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်နှင့် နှစ်ဘက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမို တိုးမြှင့်လာခဲ့သည်။
No comments:
Post a Comment