မြန်မာနိုင်ငံမှာ အစိုးရသစ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ဆွေးနွေးပြီး  ခြေလှမ်းသစ်တွေ လှမ်းနေတယ် ဆိုပေမယ့် လူ့အခွင့်အရေး ချိုးဖေါက်မှု  ပပျောက်ရေး စိမ်ခေါ်ချက်တွေ ဆက်လက် ကျန်ရှိနေသေးတယ်လို့ ကုလသမဂ္ဂ  လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက ဒီနေ့ ပြောကြားလိုက်  ပါတယ်။                         ၅ ရက်တာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေ လေ့လာမှု အပြီး ရန်ကုန်က  မထွက်ခွါခင် မင်္ဂလာဒုံ လေဆိပ်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။  သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပွဲဟာ မြန်မာ့ သမိုင်းမှာ  ကြီးကျယ်တဲ့ ဖြစ်ရပ် တခုလို့ မစ္စတာ ကင်တားနားက အဲဒီ သတင်းစာ  ရှင်းလင်းပွဲမှာ ပြောပါတယ်။  ဒါ့အပြင် အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆောင်ရွက်ချက်တွေ ဆက်လက်  ပြုလုပ်ဖို့ ဦးသိန်းစိန် အစိုးရကို မစ္စတာ ကင်တားနားက တိုက်တွန်းလိုက်  ပါတယ်။ 
No comments:
Post a Comment