နိုင်ငံရေး အကျဉ်းသားမရှိဟု မြန်မာအစိုးရမှ ငြင်းဆိုနေခြင်းကြောင့်  "နိုင်ငံရေး အကျဉ်းသား" ဟူသည့် အသုံးအနှုန်းကို ရှောင်ကာ  "ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ" စကားရပ်ဖြင့် နိုင်ငံရေး  အကျဉ်းသားများ လွှတ်မြောက်ရေး လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အဆိုကို  ကြာသပတေးနေ့ လွှတ်တော်တွင် 
ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်က တင်သွင်းလိုက်သည်ဟု ပြည်သူ့လွှတ်တော်အမတ်များက ပြောသည်။
ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်က တင်သွင်းလိုက်သည်ဟု ပြည်သူ့လွှတ်တော်အမတ်များက ပြောသည်။
"အစိုးရဘက်က နိုင်ငံရေး အကျဉ်းသားမရှိဘူးလို့ ပြောထားတဲ့အတွက်  ကျနော်တို့က အစိုးရရဲ့ လုပ်ဆောင်မှုတွေပြောဆိုမှုတွေ ကြားထဲမှာ ကျနော်တို့က  လိုက်ပြီးလုပ်နေရတဲ့သူတွေအဖို့ ကိုယ်ပြောတဲ့စကားက ဘောင်မဝင်မှာစိုးလို့  ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများ ဆိုပြီးတော့ သုံးလိုက်တဲ့  အသုံးအနှုန်းကို သုံးလိုက်တာဖြစ်တယ်" ဟု  ပြည်သူ့လွှတ်တော်အမတ်  ဦးခိုင်မောင်ရည် က ဆိုသည်။ 
သင်္ကန်းကျွန်း လွှတ်တော် အမတ် ဦးသိန်းညွန့်သည် မတ်လအတွင်းပြုလုပ်သည့်  လွှတ်တော် အစည်းအဝေးတွင်နိုင်ငံရေး အကျဉ်းသားများလွှတ်ပေးရေးအဆိုကို  တင်သွင်းခဲ့သေးသော်လည်း လွှတ်တော်တွင်း မဆွေးနွေးမီ မီဒီယာများသို့  ပေါက်ကြားခဲ့ခြင်းကြောင့်ဟုဆိုကာလွှတ်တော်တွင်း ဆွေးနွေးခွင့်  ပိတ်ပင်ခံခဲ့ရသည်။ 
"နိုင်ငံရေအကျဉ်းသားမရှိဘူးဆိုတဲ့အပေါ်မှာ နိုင်ငံရေးရာကို  ပြောင်းအောင်လုပ်တာ နိုင်ငံရဲ့ ရေးရာကိုလုပ်တာနိုင်ငံရေး  အကျဉ်းသားသမားချည်းပဲ။ အဲဒီအပြင် မတရားအသင်း ဥပဒေ၊ နိုင်ငံတော်ကို  ပုန်ကန်မှု၊ အစိုးရကိုအသရေ ပျက်အောင်လုပ်မှုတို့၊ ၁၉၇၅ ခုနှစ် နိုင်ငံတော်အား  ဖျက်ဆီးလိုသူများ ဥပဒေ၊ အဲဒါတွေ အားလုံးကနိုင်ငံရေးပြစ်မှုလို့  သတ်မှတ်ထားတယ်။ မြန်မာပြည်မှာက နိုင်ငံတော်လုံခြုံရေးအရ ယုံကြည်ချက်ကြောင့်  ဖမ်းဆီးခံရသူအားလုံးက ကျနော်ကတော့ နိုင်ငံရေးအကျဉ်းသားလို့ပဲ မြင်တယ်" ဟု  ဦးသိန်းညွန့်ကမဇ္ဈိမကို ပြောသည်။ 
ယခုနှစ် မေလ အတွင်းက သမ္မတ ဦးသိန်းစိန်မှ ထုတ်ပြန်ခဲ့သည့် ပြစ်ဒဏ်  လျော့ပေါ့မှုအမိန့်သည် လုံလောက်မှု မရှိသေးကြောင်းလည်း ဦးသိန်းညွန့်၏  ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများအတွက် အထွေထွေ  လွတ်ငြိမ်းချမ်းသာခွင့် အဆိုတွင် ထောက်ပြတင်သွင်းသွားသည်။ 
ကြာသပတေးနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဦးသိန်းညွန့်ကပင် ၂၁  ရာစုနှင့် ညီညွတ်သော လူ့ဂုဏ်သိက္ခာကို အာမခံသော အကျဉ်းထောင်အက်ဥပဒေ  မူကြမ်းရေးဆွဲပြီး ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တင်ပြဆွေးနွေးရန် အဆိုကို  တင်သွင်းခဲ့ပြီး သောကြာနေ့တွင် ဆက်လက် ဆွေးနွေးရန် သင့်မသင့်  ဆုံးဖြတ်မည်ဖြစ်သည်။ 
ဗုဒ္ဓဟူးနေ့တွင် တင်သွင်းခဲ့သည့် ဦးသိန်းညွန့်၏ တရားရုံးများကို မထေမဲ့မြင်ပြုသည့် ဥပဒေကို ဖျက်သိမ်းရန် 
အဆိုသည် လွှတ်တော်အမတ်များ၏ ကန့်ကွက်ဆွေးနွေးမှုကြောင့် လွှတ်တော်က ဆက်လက် ဆွေးနွေးခြင်းမပြုရန် ဆုံးဖြတ်ခဲ့သည်။
အဆိုသည် လွှတ်တော်အမတ်များ၏ ကန့်ကွက်ဆွေးနွေးမှုကြောင့် လွှတ်တော်က ဆက်လက် ဆွေးနွေးခြင်းမပြုရန် ဆုံးဖြတ်ခဲ့သည်။
ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်အမတ်များမှ မေးခွန်း ၈ ခုကိုလည်း မေးမြန်းခဲ့သေးသည်။ 
လွှတ်တော် အမတ်ဦးသိန်းညွန့်၏ အာဇာနည်နေ့ ဥသြဆွဲသံ မြန်မာ့အသံမှ ပြန်လည်  ထုတ်လွှင့်ပေးနိုင်ခြင်း ရှိမရှိကိုပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက  ယခုခေတ် သမယတွင် မော်တော်ယာဉ်စီးရေမှာ အလွန်များပြားလာသဖြင့် မလိုလားအပ်သော  ပြဿနာများ မဖြစ်ရလေအောင်ဟု မလုပ်ဆောင်နိုင်ကြောင်း ပြန်လည်  ဖြေကြားသွားသည်။ 
မြန်မာနိုင်ငံတဝှမ်းတွင် မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်စီးရေ နှစ်သန်းကျော် ရှိသည်။
မြန်မာနိုင်ငံတဝှမ်းတွင် မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်စီးရေ နှစ်သန်းကျော် ရှိသည်။
အင်းစိန် မဲဆန္ဒနယ်မှ ဦးအေးမြင့်၏ အမျိုးသား စာပေဆု ချီးမြှင့်ငွေ  တိုးမြှင့်ပေးရန်ရှိ မရှိ မေးခွန်းကို မေးမြန်းရာ ဝန်ကြီးဦးကျော်ဆန်းက  ကျပ်ငွေ ၆ သိန်းမှ ၈ သိန်းအထိ တိုးမြှင့်ပြီးဖြစ်ကြောင်း ပြောသည်။ 
ယင်းအပြင် ကွမ်ဟိန်း မဲဆန္ဒနယ်မှ ဒေါ်နန်းဝါနု၏ တိုင်းရင်းသားများ  သွေးစည်းညီညွတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် နိုင်ငံတော်မှ  ဆောင်ရွက်ထားရှိမှုအခြေအနေကို မေးမြန်းရာ ဝန်ကြီးဦးကျော်ဆန်းမှ  ငြိမ်းချမ်းရေး ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ထားပြီးဖြစ်ကြောင်း  ဖြေကြားသည်။ 
ယင်းအပြင် ဒဂုံမြို့သစ်မဲဆန္ဒနယ်မှ ဒေါ်စုစုလှိုင်၏ ရန်ကုန်မြို့တွင်း တောင်းရမ်းစားသောက်သူများ အရေး 
ဆောင်ရွက်မှု အခြေအနေ၊ ကျောက်တံတား မဲဆန္ဒနယ်မှ ဦးစိုးဝင်း၏ ပြည့်တန်ဆာခန်းများ အရေးယူပေးရေး
မေးခွန်းကို ပြည်ထောင်စုဝန်ကြီး ဦးကိုကိုမှ ပြည့်တန်ဆာနှင့် ပတ်သက်သည့် အမှု ၂,၉၅၂ မှုနှင့် စည်းကမ်းချက်နှင့် မညီသည့် ကာရာအိုကေဆိုင်များမှ အမျိုးသမီး ၁,၅၉၁ ယောက်တို့ကို အရေးယူပြီးဖြစ်ကြောင်း ဖြေကြားသည်။

ကြာသပတေးနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဒေါက်တာမြဦးမှ ဗုဒ္ဓဟူးနေ့တွင် တင်သွင်းခဲ့သည့် 
ကျေးလက် ကျန်းမာရေးစောင့်ရှောက်မှု တိုးမြှင့်ရေးအဆိုကို လွှတ်တော်မှ သဘောတူပြီး လာမည့် ပြည်ထောင်စု လွှတ်တော်တွင် ဆက်လက်ဆွေးနွေးမည်ဖြစ်သည်။
ကျေးလက် ကျန်းမာရေးစောင့်ရှောက်မှု တိုးမြှင့်ရေးအဆိုကို လွှတ်တော်မှ သဘောတူပြီး လာမည့် ပြည်ထောင်စု လွှတ်တော်တွင် ဆက်လက်ဆွေးနွေးမည်ဖြစ်သည်။
အမျိုးသား လွှတ်တော်အမတ် စောထွန်းမြင့်အောင်၏ ဖာဖွန် လေယာဉ်ကွင် ပြန်ဖွင့်ပေးရန် ရှိမရှိမေးခွန်းကို 
ဆောက်လုပ်ရေး ဝန်ကြီး ဦးခင်မောင်မြင့်မှ လုံခြုံရေး အခြေအနေအရ လေယာဉ် ပျံသန်းခွင့် မပြုခြင်းဖြစ်ကြောင်းဖြေကြားသည်။
ဆောက်လုပ်ရေး ဝန်ကြီး ဦးခင်မောင်မြင့်မှ လုံခြုံရေး အခြေအနေအရ လေယာဉ် ပျံသန်းခွင့် မပြုခြင်းဖြစ်ကြောင်းဖြေကြားသည်။
ကြာသပတေးနေ့ လွှတ်တော် အစည်းအဝေးများကို နံနက် ၁ဝ နာရီတွင်ကျင်းပကာ၊ ပြည်သူ့လွှတ်တော်သည် 
နေ့လည် ၂ နာရီတွင် ပြီးဆုံးပြီး၊ အမျိုးသားလွှတ်တော်သည် ညနေ ၄ နာရီတွင် ပြီးဆုံးသည်။
နေ့လည် ၂ နာရီတွင် ပြီးဆုံးပြီး၊ အမျိုးသားလွှတ်တော်သည် ညနေ ၄ နာရီတွင် ပြီးဆုံးသည်။
No comments:
Post a Comment