Wednesday, August 24, 2011

ကုလ လူ့အခွင့်အရေးအထူးကိုယ်စာလှယ်နှင့် လူထုခေါင်းဆောင်တွေ့ဆုံ။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်၊ Tomás Ojea Quintana နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ဩဂုတ်လ ၂၄ရက်နေ့၊ ညနေ ၃နာရီ အချိန်က ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်း ရှိ ဒေါ်အောင်ဆန်းစု ကြည်နေအိမ်၌ တွေ့ဆုံခဲ့ကြကြောင်းသိရှိရပါသည်။
ထိုသို့တွေ့ဆုံမှုတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များနှင့် နိုင်ငံရေး အကျဉ်းသားကိစ္စများကို အဓိကထားဆွေးနွေးခဲ့ကြောင်း တွေ့ဆုံမှုအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များကို ပြောကြားခဲ့ပါသည်။
"သူနဲ့တွေ့ရတာ အင်မတန် ကျေနပ်မှုရှိပါတယ်။ မစ္စတာ Quintana က တကယ်လည်း တော်ပါတယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့် အရေးအခြေအနေတွေကို ပိုပြီးတော့ ကောင်းမွန်အောင်လုပ်ပေးချင်တဲ့ တကယ့်စေတနာလည်း ရှိပါတယ်။ ပြီးတော့ ဒီအရာဟာ သူအင်မတန် ကျွမ်းကျင်တဲ့ ကိစ္စရပ်လည်းဖြစ်ပါ တယ်။ သူ့ကိုတွေ့ရတာ သိပ်ပြီး တော့လည်း အားတက်ပါတယ်။ သူဟာ အင်မတန်
အားကိုးရမယ့် လူတစ်ယောက်လို့ မြင်တယ်။ မြန်မာနိုင်ငံ ပြောင်းလဲမှုမှာ လူတစ်ကြောင့် ပြောင်းလဲမှာတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံသူ နိုင်ငံသား
အားလုံးပါ ကြရမှာပါ" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။မစ္စတာ Quintana ကမူ ဒေါ် အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရ ခြင်းသည် အရေးပါကြောင်းနှင့် အကျိုးရှိသောတွေ့ဆုံမှုဖြစ်ကြောင်းပြောဆိုခဲ့ပါသည်။
မြန်မာနိုင်ငံဆိုင်ရာ လူအခွင့်အရေးကိုယ်စားလှယ်အဖြစ် ၂၀ဝ၈ခု နှစ်မေလက စတင်ဆောင်ရွက်ခဲ့သော မစ္စတာ Quintana တာ ဝန်ထမ်းဆောင်ခဲ့သည့် ကာလတလျှောက် ဒေါ်အောင်ဆန်းစုကြည်နှင့်ပထမဆုံးတွေ့ဆုံခွင့်
ရရှိခဲ့ခြင်းဖြစ်ပါသည်။
မစ္စတာ Quintana သည် မြန်မာနိုင်ငံသို့ ၂၀ဝ၈ခုနှစ် ဩဂုတ်လတွင် ပထမဆုံး လာရောက်ခဲ့ပြီး သုံးကြိမ်လာရောက်ခဲ့ဖူးကာ နောက်ဆုံး လာရောက်ခဲ့သော
မြန်မာနိုင်ငံခရီးစဉ်မှာ ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ၁၅ ရက်နေ့မှ ၁၉ ရက်နေ့ အထိ ဖြစ်ပါသည်။
ယခုလာရောက်သော မစ္စတာ မစ္စတာ Quintana ၏ ခရီးစဉ်မှာ ငါးရက်ကြာမြင့်မည်ဖြစ်ကာ ဩဂုတ်လ ၂၁ ရက်နေ့မှ ဩဂုတ်လ ၂၅ရက်နေ့ အထိဖြစ်ပါသည်။ ဩဂုတ်လ ၂၅ ရက်နေ့ ညနေပိုင်းတွင်မူ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည်ဖြစ်ပြီး ထိုသို့ မထွက်ခွာမီအချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment