နာရေးကူညီမှု အသင်း(ရန်ကုန်)မှာ တရားဝင်ဖွဲ့စည်းခွင့် ရတော့မည့် အဖွဲ့အစည်း ဖြစ်လာဖွယ်ရှိကြောင်း အဆိုပါ သတင်း၏ တာဝန်ရှိသူများက ပြောသည်။ “၁၇-၈-၂၀၁၁ ရက်က နေပြည်တော်မှာလုပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ လူမှုရေးအသင်းအဖွဲ့ ခေါင်းဆောင်တွေနှင့် သမ္မတဦးသိန်းစိန်တို့ တွေ့တဲ့ပွဲမှာ နာရေးကူညီမှု အသင်းမှ ဒေါ်ရွှေဇီးကွက်နှင့် ဒေါ်သန်းမြင့်အောင်တို့က သမ္မတကို အသင်းရဲ့ အနေအထားကို ပြောလိုက်တယ်။ မှတ်ပုံတင်ရမယ်လို့ မျှော်လင့်ရတယ်”ဟု နာရေးကူညီမှုအသင်း (ရန်ကုန်)၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ဒီအသင်းမှာ တွဲဖွင့်ထားတဲ့ သုခကုသိုလ်ဖြစ် ဆေးခန်းတွေ မကုသရ ဖြစ်နေတယ်။ နာရေးမှာသုံးတဲ့ Cool Box လည်း မသုံးရဖြစ်နေတယ်။ မှတ်ပုံတင်ရပြီဆိုရင် ဒါတွေ အဆင်ပြေသွားမယ်။ အခုဟာက ဆေးခန်းတွေလည်း ဖွင့်လို့မရ ဖြစ်နေတယ်။ ဆေးတွေက ရှိပြီးသား။ လူနာတွေလည်း ရှိတယ်။ ဆရာဝန်ကလည်း အသင့်ပါပဲ” ဟု ဖုန်းဖြင့် ပြောသည်။ အသင်းအတွင်းရေးမှူး စာရေးဆရာမ ဒေါ်သန်းမြင့်အောင်က မှတ်ပုံတင်ရလိမ့်မည်ဟု ယုံကြည်ကြောင်း ဆိုသည်။ နာရေးကူညီမှုအသင်း (ရန်ကုန်)ကို စာရေးဆရာ၊ ဒါရိုက်တာဦးသုခ ဦးစီးကာ ၂၀၀၁ ခုနှစ် ဇန်နဝါရီလ ၁ရက်က စတင်တည်ထောင်ခဲ့ပြီး ယခုအခါ ရုပ်အလောင်း တစ်သိန်းကျော်ကို အခမဲ့ ကူညီဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း၊ အသင်း၏ မှတ်ပုံတင်သက်တမ်းကို ၂၀၀၈ ခုနှစ်က စတင်ကာ ထပ်မံ သက်တမ်းတိုးခွင့် မရခဲ့ခြင်းဖြစ်ကြောင်း ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။
Showing posts with label သတင်းရင်း(ခေတ်လူငယ်). Show all posts
Showing posts with label သတင်းရင်း(ခေတ်လူငယ်). Show all posts
Wednesday, August 24, 2011
Tuesday, August 23, 2011
အဆင်မပြေသည့် ပြည်ပရောက် အလုပ်သမားများအတွက် ထောက်ပံ့ငွေနှင့် ချေးငွေများ ဆောင်ရွက်ပေးမည်။
ပြည်ပနိုင်ငံများတွင် အလုပ်သွားရောက် လုပ်ကိုင်ရာတွင် အဆင်မပြေဘဲ ပြန်လည်ရောက်ရှိလာသည့် ပြည်ပထွက်ခွာ အလုပ်သမားများနှင့် ယင်းတို့၏ မိသားစုများကို သင့်တော်သော ထောက်ပံ့ငွေနှင့် ချေးငွေများ ချေးငှားပေးရန် မကြာမီက ဖွဲ့စည်းလိုက်သည့် ပြည်ပတွင် အလုပ်အကိုင် ကြီးကြပ်ရေးကော်မတီ၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါရှိသည်။ အဆိုပါ ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို သြဂုတ်လ ၁၁ ရက်တွင် နေပြည်တော်၌ ပြုလုပ်ခဲ့ရာ ပြည်ပရောက် လုပ်သားများ အခွင့်အရေးကိစ္စရပ်များကို ဆွေးနွေးခဲ့သလို ကော်မတီမှ ရှေ့လုပ်ငန်းစဉ် ၁၂ ရပ်ကို ချမှတ်ခဲ့ကြောင်း သိရပါသည်။ ယင်းရှေ့လုပ်ငန်းစဉ်များတွင် ပြည်ပတွင် အလုပ်သွားရောက် လုပ်ကိုင်၍ အဆင်မပြေဘဲ ပြန်ရောက်လာသူများကို သင့်တော်သော ထောက်ပံ့ကြေးပေးရန်နှင့် ယင်း၏မိသားစုများကို သက်သာသော အတိုးနှုန်းထားဖြင့် ချေးငှားပေးမည်ဖြစ်ကြောင်း ပါဝင်ပါသည်။ ထို့အပြင် အလုပ်သမားများ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ ရရှိပါက မိသားစုသုံးဖို့ ငွေများ အခက်အခဲမရှိ လျှင်မြန်ချောမွေ့စွာ လွှဲပို့နိုင်ရေးနှင့် ဘဏ်စနစ် ကောင်းမွန်ရေး၊ အလုပ်သမားများ ပြည်ပသို့ မထွက်ခွာမီ အသက်အာမခံနှင့် ကိုယ်အင်္ဂါထိခိုက်မှု အာမခံ ထားရှိသွားရေး အပါအဝင် ပြည်ပရောက် လုပ်သားများအတွက် သက်သာချောင်ချိရေး ရန်ပုံငွေထူထောင်ရေး ကိစ္စရပ်များလည်း ပါဝင်ကြောင်း သိရသည်။ ထို့အပြင် အသစ်ဖွဲ့စည်းလိုက်သည့် ပြင်ပတွင် အလုပ်အကိုင် ကြီးကြပ်ရေးကော်မတီ၏ အဓိကလုပ်ငန်းများက အလုပ်သမားဝန်ကြီးဌာနက အလုပ်သမား ရွေးချယ် စေလွှတ်ခြင်း၊ ပို့ဆောင်ရေးဝန်ကြီးဌာနက သင်္ဘောသား ရွေးချယ်စေလွှတ်ခြင်း၊ ပြည်ထဲရေးဝန်ကြီးဌာနက အလုပ်လုပ်ကိုင်ရန် လျှောက်ထားမှုစိစစ်ခြင်း ကိစ္စရပ်များ ပါဝင်ကြောင်း ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။
Subscribe to:
Posts (Atom)