Showing posts with label သတင်းရင်း(EMG). Show all posts
Showing posts with label သတင်းရင်း(EMG). Show all posts

Sunday, January 27, 2013

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဥက္ကဌ ဦးဆောင်သည့် အဖွဲ့ ပြည်အကျဉ်းထောင် သို့ သွားရောက်လေ့လာခဲ့။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဥက္ကဌ Mr. Peter Maurer ဦးဆောင်သည့်အဖွဲ့ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိ လာသည့် ခရီးစဉ်အတွင်းအကျဉ်းဦးစီးဌာနလက်အောက်ရှိ ပြည် အကျဉ်းထောင်သို့ သွားရောက်လေ့လာခဲ့ကြောင်း သတင်းရရှိသည်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဥက္ကဌ Mr. Peter Maurer ဦးဆောင်သည့် အဖွဲ့ဝင် (၆) ဦးပါ အဖွဲ့မှာ ဇန်န၀ါရီလ (၂၁) ရက်နေ့ ညနေက ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့သို့ ရောက်ရှိလာပြီး ဇန်န၀ါရီလ (၂၂) ရက်နေ့မှ စတင်ကာ (၂၅) ရက်နေ့အထိ ပြည်အကျဉ်းထောင်သို့ နေ့စဉ်နံနက်တစ်ကြိမ်၊ နေ့လည်တစ်ကြိမ် သွားရောက်၍ လေ့လာကြည့်ရှုခဲ့ကာ အကျဉ်းထောင်များအတွင်း အကျဉ်းသားများအပေါ် ပေးသည့် ၀န်ဆောင်မှုများ၊ ရေပေးဝေမှုစနစ်နှင့် သန့်ရှင်းရေး၊ မိလ္လာစနစ်၊ အကျဉ်းသားများအပေါ် ကျန်းမာရေး စောင့်ရှောက်မှုများတို့ကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ထို့အပြင် ပြည်မြို့သို့ရောက်ရှိနေသည့် ခရီးစဉ်အတွင်း ပြည်မြို့ဆေးရုံကြီးသို့လည်း သွားရောက်၍ ဆေးရုံကြီး၌ ဆေးဝါးကုသမှု ခံယူလျက်ရှိသည့် အကျဉ်းသားတစ်ယောက်နှင့် အချုပ်သားတစ်ယောက်တို့၏ ကျန်းမာရေးအခြေအနေများ၊ ဆေးဝါးကုသမှုနှင့် ကူးစက်ရောဂါ ကာကွယ်မှုများအပေါ် လေ့လာကြည့်ရှုခဲ့ကြောင်း သိရပြီး (ICRC) ဥက္ကဌနှင့် အဖွဲ့မှာ ဇန်န၀ါရီလ (၂၅) ရက် နေ့လည်ပိုင်း၌ ပြည်မြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

ထိုသို့ ၄င်း၏ မြန်မာနိုင်ငံသို့ လာရောက်သော ခရီးစဉ်နှင့် ပတ်သက်၍ "ကျွန်တော် မြန်မာနိုင်ငံကို လာခဲ့တဲ့ခရီးစဉ်က မြန်မာအစိုးရနှင့် ဆက်ဆံရေးကဏ္ဍသစ် ဖွင့်လှစ်မှုနဲ့အတူ ကျွန်တော်တို့ရဲ့ လူမှုရေးလုပ်ငန်းစဉ်တွေကို ဒီနိုင်ငံမှာ ပိုမိုလုပ်ကိုင်သွားဖို့အတွက် ဖြစ်ပါတယ်။ ယခုခရီးစဉ်အတွင်း တွေ့ဆုံဆွေးနွေးမှုတွေကလည်း အပေါင်းလက္ခဏာဆောင်ပြီး တိုးတက်ဖြစ်ထွန်းမှု ရရှိခဲ့ပါတယ်" ဟု Mr. Peter Maurer က ဆိုပါသည်။

Tuesday, October 11, 2011

နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်မှု နောက်ဆုံးရ သတင်းများ။

9:00 AM
စစ်တွေထောင်မှ ဗိုလ်ချုပ်ဆေထင် (SSPC ဥက္ကဌ ) လွတ်မြောက်လာကြောင်း သိရှိရပါသည်။
9:36 AM
ကိုမင်းကိုနိုင်နှင့် ကိုဌေးကြွယ်တို့မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရပြီး ပြန်လည်လွတ်မြောက်လာသည့် အကျဉ်းသားများထဲတွင် မပါဝင်သေးကြောင်း ၄င်းတို့နှင့် နီးစပ်သူတစ်ဦးက ယနေ့နံနက် ၉ နာရီတွင် ပြောကြားသည်။
9:40 AM

အင်းစိန်ထောင်ရှေ့တွင် နံနက် (၄)နာရီ အချိန်မှစတင်ပြီး လာရောက်စောင့်ကြိုနေသူ (၇၀၀) ခန့် ရှိနေပြီး ထူးခြားချက် မရှိသေးကြောင်း သိရပါသည်။ သိရှိရသော သတင်းများအရ အင်စိန်ထောင်တွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသူ အမျိုးသား (၂၅၀) ကျော် အမျိုသမီ (၁၀) ဦးကျော် စုစုပေါင်း (၂၆၀) ကျော် ရှိနေကြောင်းသိရှိရပါသည်။ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရပြီး ယနေ့နံနက် ပြန်လည် လွတ်မြောက်လာသူများထဲတွင် NLD ပါတီဝင် (၆) ဦးလည်း ပါဝင်ကြောင်းသိရသည်။
9:50 AM
စက်တင်ဘာအရေးအခင်း ဦးဆောင်မှုတွင် ပါဝင်သည့် အရှင်ဂမ္ဘီရ(ဦးညီညီလွင်) ကလေးထောင်မှ လွတ်မြောက်လာကြောင်း သိရှိပါသည်။ ၎င်းသည် ထောင်ဒဏ် ၆၃ နှစ် ကျခံခဲ့ရသူဖြစ်သည်။
9:55 AM
တောင်ကြီးအကျဉ်းထောင်မှ ဦးရွှေထူး ၊စစ်တွေအကျဉ်းထောင်မှ ကိုဝင်းမော် ၊ ဘူးသီးတောင်အကျဉ်းထောင်မှ ကိုကိုကြီး (စမ်းချောင်း) ၊ ရွှေဘိုအကျဉ်းထောင်မှ မလင်းလင်းမော် တို့ ဆက်လက် လွတ်မြောက်လာကြောင်း သိရှိရပါသည်။
10:00 AM
ဘူးသီးတောင်ထောင်မှ ကိုကိုကြီး(စမ်းချောင်း)၊ ကိုသန်းထွန်းဇေ ၊ ဦးအောင်စိုး တို့လွတ်မြောက်လာကြောင်း သိရှိရပါသည်။
10:08 AM
အင်းစိန်အကျဉ်းထောင်မှ ယနေ့တွင်(12.10.2011) ကျား ၅၆၄ ဦး၊ မ ၇၈ ဦး စုစုပေါင်း ၆၄၂ ဦး ကို အသုတ်လိုက်ခွဲ၍ လွှတ်ပေးမည်ဖြစ်ကြောင်းသိရသည်။
10:17 AM
နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ ပထမအကြိမ် ဂါရ၀ပြုကန်တော့ပွဲကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပရန်စီစဉ်ထားပြီး ယခုအခါ စီစဉ်သူများ၊ နိုင်ငံရေးအကျဉ်းသားများ ၊ ထောက်ခံသူများနှင့် စိတ်ပါဝင်စားသူ ၁၀၀ ကျော် တက်ရောက်လျှက်ရှိသည်ကို တွေ့ရသည်။ ဦးတင်ဦး ဦးဝင်းတင်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ ဂါရ၀ပြုကန်တော့ကြမည် ဖြစ်သည်။
10:22 AM

၂၀၀၅ ခုနှစ်က ၀န်ထမ်းများ လစာနည်းပါးမှုနှင့် ပတ်သက်၍ မဲဆောက်ရှိ ILO အဖွဲ့နှင့် သွားရောက်တွေ့ဆုံခဲ့သူ အမျိုးသမီး မအေးသီခိုင် ၊မအေးချမ်း ၊မယဉ်ကြည် ၊ ဒေါ်သန်းသန်းဌေး တို့ အင်းစိန်ထောင်မှ လွတ်မြောက်လာကြောင်း သိရပါသည်။
10:23 AM
ထောင်ဒဏ် အနှစ် ၂၀ ကျခံနေရသူ NLD ပါတီဝင် ဦးဘတင့် ပြန်လည်လွတ်မြောက်လာကြောင်း သိရှိရသည်။
10:24 AM

ကျိုင်းတုံအကျဉ်းထောင်မှ အကျဉ်းသား ရာကျော်လွှတ်ပေးမည်ဖြစ်သော်လည်း အဆိုပါ လွတ်မြောက်မည့်သူများတွင် ကိုပေါ်ဦး (ခေါ်) ကိုမင်းကိုနိုင် မပါဝင်သေးကြောင်း ကျိုင်းတုံးအကျဉ်းထောင်မှာ တာဝန်ရှိသူတစ်ဦးက Eleven Media Group သို့ အတည်ပြု ပြောကြားခဲ့ပါသည်။ ကိုမင်းကိုနိုင်သည် ထောင်ဒဏ် ၆၅နှစ် ကျခံနေရသူဖြစ်ပါသည်။ မည်သည့်နေ့ရက်တွင် ကိုမင်းကိုနိုင်ပြန်လည်လွတ်မြော က်မည်ကို မသိရှိရသေးကြောင်းလည်း ကျိုင်းတုံအကျဉ်းထောင်မှ တာဝန်ရှိသူက ပြောကြားခဲ့ပါသည်။
10:30 AM
မကွေးတိုင်ဒေသကြီး နတ်မောက်မြို့နယ် NLD လူငယ် ပါတီဝင် ကိုအောင်မိုးလွင် အင်စိန်ထောင်မှ ပြန်လည်လွတ်မြောက်လာသည်။
သာယာဝတီအကျဉ်းထောင် မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူအချို့ ပြန်လည်လွတ်မြောက်ရန်ရှိသော်လည်း အမည်၊ လူဦးရေ အတိအကျ မသိရသေးကြောင်း သိရသည်။
မကွေးတိုင်ဒေသကြီး နတ်မောက်မြို့နယ် NLD လူငယ် ပါတီဝင် ကိုအောင်မိုးလွင် အင်စိန်ထောင်မှ ပြန်လည်လွတ်မြောက်လာသည်။ သာယာဝတီအကျဉ်းထောင် မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူအချို့ ပြန်လည်လွတ်မြောက်ရန်ရှိသော်လည်း အမည်၊ လူဦးရေ အတိအကျ မသိရသေးကြောင်း သိရသည်။
Messenger News Journal မှ ကောက်နှုတ်ချက်
သာယာဝတီအကျဉ်းထောင်မှ ကိုကြည်လွင် ၊ ကိုစောသက်ထွန်း အပါ အ၀င်နိုင်ငံရေးအကျဉ်းသားအများစု
ပြန်လည်လွတ်မြောက်မည်ဟု သာယာဝတီအကျဉ်းထောင်တွင် သတင်းရယူရန်ရောက်ရှိနေသော အကြီးတန်းသတင်းထောက်တစ်ဦးကသတင်းပေးပို့သည်။
နီုင်ငံရေးအကျဉ်းသားကိုမျိုးအောင်သန်းမြစ်ကြီးနားထောင်မှယနေ့ပြန်လွတ်ပြီဟု၎င်းဧ။်မိသားစုဝင်တစ်ဦးက အတည်ပြုပြောကြားသည်။
ဦးဇာဂနာ ရန်ကုန်လေဆိပ်သို့ ယနေ့ 11း00 နာရီတွင် ရောက်ရှိမည်။
မန္တလေးအိုးဘိုအကျဉ်းထောင်မှ လွတ်ငြိန်းချမ်းသာခွင့်ရအကျဉ်းသား ငါးဆယ်ဝန်းကျင်ကို ယခုနံနက်ပိုင်းအချိန်တွင် ဌာနဆိုင်ရာကားများဖြင့် ရှမ်းပြည်နယ်သို့ လိုက်လံပို့ဆောင်ပေးနေကြောင်းသတင်းရရှိသည်။
မန္တလေးမှာတော့ ရိုးရိုးအကျဉ်းသား၄၀ လောက်လွတ်သွားပီလို့ ကြားပါတယ်။တရုတ်နဲ့ ရှမ်းတွေ တိုင်းရင်းသားတွေများ
တယ်လို့ သိရပါတယ်..ကိုလှမျိုးနောင်နဲ့  GW က နှစ်ယောက်လဲ လွတ်မယ်လို့ ကြားပါတယ် ။

( The Voice Weekly ) မှ ကောက်နှုတ်ချက်
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဗိုလ်ချုပ်ဆေထင် (SNLD) သည် စစ်တွေထောင်တွင် ထောင်ဒဏ် ၁၀၅ နှစ် ကျခံနေရာမှ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် လွတ်မြောက်လာခဲ့ပြီး ယနေ့ညနေ ၄ နာရီခန့်တွင် စစ်တွေမှ ရန်ကုန်သို့ ပြန်လည် ရောက်ရှိလာမည် ဖြစ်ကြောင်း သိရှိရသည်။
ယနေ့နံနက် ၈ နာရီ ၃၀ မိနစ်အထိ စုံစမ်းရရှိသော သတင်းများအရ ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ယနေ့ အောက်တိုဘာ ၁၂ ရက်နေ့ လွတ်မြောက်လာသူများတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်ကြသော ကိုဌေးကြွယ်၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီး (တောင်ဥက္ကလာ) တို့ မပါဝင်သေးကြောင်း၊ လွတ်ပေးသည့်စနစ်ကိုလည်း မသိရှိရသေးဘဲ အသုတ်လိုက် ခွဲလွှတ်သည့် စနစ်ဖြစ်ပါက နောက်ပိုင်းရက်များတွင် လွတ်မြောက်လာနိုင်ဖွယ် ရှိကြောင်း နိုင်ငံရေး အသိုင်းအဝိုင်းမှ လေ့လာစောင့်ကြည့်သူများက ခန့်မှန်းကြသည်။
ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်အရ ယနေ့တွင် ဘူးသီးတောင် အကျဉ်းထောင် အကျဉ်းကျခံနေရသူများ အနက်မှ ကိုသန်းထွန်းဇင်၊ ကိုကိုကြီး (စမ်းချောင်း) နှင့် အခြား တစ်ဦး စုစုပေါင်း သုံးဦး ပြန်လည်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း အဆိုပါ အကျဉ်းထောင်မှ သိရသည်။