အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဥက္ကဌ ဦးဆောင်သည့် အဖွဲ့ ပြည်အကျဉ်းထောင် သို့ သွားရောက်လေ့လာခဲ့။
အပြည်ပြည်ဆိုင်ရာ
 ကြက်ခြေနီကော်မတီ (ICRC) ဥက္ကဌ Mr. Peter Maurer ဦးဆောင်သည့်အဖွဲ့ 
မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိ လာသည့် ခရီးစဉ်အတွင်းအကျဉ်းဦးစီးဌာနလက်အောက်ရှိ ပြည် အကျဉ်းထောင်သို့ သွားရောက်လေ့လာခဲ့ကြောင်း သတင်းရရှိသည်။
 
 အပြည်ပြည်ဆိုင်ရာ
 ကြက်ခြေနီကော်မတီ (ICRC) ဥက္ကဌ Mr. Peter Maurer ဦးဆောင်သည့် အဖွဲ့ဝင် (၆)
 ဦးပါ အဖွဲ့မှာ ဇန်န၀ါရီလ (၂၁) ရက်နေ့ ညနေက ပဲခူးတိုင်းဒေသကြီး 
(အနောက်ပိုင်း) ပြည်မြို့သို့ ရောက်ရှိလာပြီး ဇန်န၀ါရီလ (၂၂) ရက်နေ့မှ 
စတင်ကာ (၂၅) ရက်နေ့အထိ ပြည်အကျဉ်းထောင်သို့ နေ့စဉ်နံနက်တစ်ကြိမ်၊ 
နေ့လည်တစ်ကြိမ် သွားရောက်၍ လေ့လာကြည့်ရှုခဲ့ကာ အကျဉ်းထောင်များအတွင်း 
အကျဉ်းသားများအပေါ် ပေးသည့် ၀န်ဆောင်မှုများ၊ ရေပေးဝေမှုစနစ်နှင့် 
သန့်ရှင်းရေး၊ မိလ္လာစနစ်၊ အကျဉ်းသားများအပေါ် ကျန်းမာရေး 
စောင့်ရှောက်မှုများတို့ကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
 
 ထို့အပြင် ပြည်မြို့သို့ရောက်ရှိနေသည့် ခရီးစဉ်အတွင်း ပြည်မြို့ဆေးရုံကြီးသို့လည်း
 သွားရောက်၍ ဆေးရုံကြီး၌ ဆေးဝါးကုသမှု ခံယူလျက်ရှိသည့် 
အကျဉ်းသားတစ်ယောက်နှင့် အချုပ်သားတစ်ယောက်တို့၏ ကျန်းမာရေးအခြေအနေများ၊ 
ဆေးဝါးကုသမှုနှင့် ကူးစက်ရောဂါ ကာကွယ်မှုများအပေါ် လေ့လာကြည့်ရှုခဲ့ကြောင်း 
သိရပြီး  (ICRC) ဥက္ကဌနှင့် အဖွဲ့မှာ ဇန်န၀ါရီလ (၂၅) ရက် နေ့လည်ပိုင်း၌ 
ပြည်မြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
 
 ထိုသို့ ၄င်း၏ မြန်မာနိုင်ငံသို့ လာရောက်သော ခရီးစဉ်နှင့် ပတ်သက်၍  
"ကျွန်တော် မြန်မာနိုင်ငံကို လာခဲ့တဲ့ခရီးစဉ်က မြန်မာအစိုးရနှင့် 
ဆက်ဆံရေးကဏ္ဍသစ် ဖွင့်လှစ်မှုနဲ့အတူ ကျွန်တော်တို့ရဲ့ 
လူမှုရေးလုပ်ငန်းစဉ်တွေကို ဒီနိုင်ငံမှာ ပိုမိုလုပ်ကိုင်သွားဖို့အတွက်
 ဖြစ်ပါတယ်။ ယခုခရီးစဉ်အတွင်း တွေ့ဆုံဆွေးနွေးမှုတွေကလည်း 
အပေါင်းလက္ခဏာဆောင်ပြီး တိုးတက်ဖြစ်ထွန်းမှု ရရှိခဲ့ပါတယ်" ဟု Mr. Peter 
Maurer က ဆိုပါသည်။
 
 
 
          
      
 
  
 
 
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment