ကျားနဲ့ဆင်နဲ့ လယ်ပြင်မှာ တွေ့တော့မယ်။
“ရိုဟင်ဂျာ” ဆိုတာ မရှိ၊ ကိုလိုနီခေတ်မှာ လယ်ကူလီ လုပ်ဘို့အင်္ဂလိပ်ကိုလိုနီများကခေါ်လာသူများသာ ဖြစ် တယ်-လို့ ပြောထားတဲ့ ရခိုင်သမိုင်းပညာရှင် ဒေါက်တာ အေးချမ်းအား-၊
 
 ရိုဟင်ဂျာ ဆိုတာ ရှိတယ်၊ မူလဒေသခံ လူမျိုးဖြစ်တယ်၊ ရိုဟင်ဂျာတို့ဟာ 
ဘင်္ဂလီမဟုတ် ကျေးကျွန်များ မဟုတ်ကြောင်း Debate လုပ်ဘို့ စိန်ခေါ်လိုက်တဲ့ 
ဦးဌေးလွင်ဦးကို ဒေါက်တာအေးချမ်းက လက်ခံလိုက်ပြီ။-
 
 စိန်ခေါ်သည့်နေ့ ၂၀၁၂ ဒီဇင်ဘာ ၁၆ ရက်-၊
 လက်ခံသည့်နေ့ ၂၀၁၂ ဒီဇင်ဘာ ၂၉ ရက်-
 
 ဦးဌေးလွင်ဦးဘက်မှ- သတ်မှတ်ခေါင်းစဉ် တစ်ခုအားရွေးရန်-၊ ပရိသတ်များရှေ့၊ 
မီဒီယာများရှေ့၌ Debate လုပ်ရန်၊ သတ်မှတ်နေရာအားရွေး ရန်- 
ဒေါက်တာအေးချမ်းအား အကြောင်းပြန်လိုက်ပေပြီ။ အကယ်၍ သတ်မှတ် မည့်နေရာသည် 
ဂျပန်နိုင်ငံ အပါအ၀င် အာရှဒေသ နိုင်ငံတစ်ခုခု၌ ဖြစ်ခဲ့သော်- ဦးဌေးလွင်ဦး 
ဘက်မှ ၂၀၁၃ မတ်လတွင် အချိန်ပေးနိုင်ကြောင်းလည်း ဒေါက်တာအေးချမ်း အား 
ရွေးချယ် မည့်နေ ရာနှင့် အချိန် သတ်မှတ်နိုင်ရန် အကြောင်းပြန်လိုက်ပေပြီ။
 
 ကျားနဲ့ ဆင် လယ်ပြင်မှာ တွေ့တော့ကြတော့မည်။ ပရိသတ်များမှ- သူ့ဘက်ကိုယ့်ဘက် ရင်တမမနှင့် ပွဲကြည့်ရတော့မည်- ဖြစ်သည်။ 
 
 ရခိုင်သမိုင်းသည် ဒေါက်တာ အေးချမ်းတင်ပြထားသကဲ့သို့ ဆက်လက်ရပ်တည်မည်လော--၊
 သို့မဟုတ် ဦးဌေးလွင်ဦး တင်ပြသကဲ့သို့ သမိုင်းပြောင်းသွားမည်လော ဆိုတာကတော့ ဆက်လက်ကြည့်ရှု့ကြရမှာဖြစ်ပါတယ်။
 
 
 
          
      
 
  
 
 
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment