Sunday, January 6, 2013

ငလျင်ဒဏ်ခံရသူများကို ကူညီပေးမယ့် ရန်ပုံငွေဖျော်ဖြေပွဲကို မန္တလေး အမျိုးသားကဇာတ်ရုံတွင်ကျင်းပ။

ငလျင်ဒဏ်ခံရသူများကို ကူညီပေးမယ့် ရန်ပုံငွေဖျော်ဖြေပွဲကို မန္တလေး အမျိုးသားကဇာတ်ရုံမှာ ဇန်န၀ါရီလ ၅ ရက်နေ့ ညပိုင်းက ကျင်းပပါတယ်။

ရန်ပုံငွေဖျော်ဖြေပွဲကို မန္တလေး စာပေအနုပညာရှင်များ၊သတင်းသမားများဦးစီးကျင်းပတာ ဖြစ်ပြီး မြို့မတူရိယာအသင်းနဲ့ ဆိုင်း စိန်တင့်လွင် အဖွဲ့တို့တီးခတ်ဖျော်ဖြေပြီး အဆိုတော်များဖြစ်ကြတဲ့သန်းမြတ်စိုး ၊ ဖိုးသောကြာ၊ စိုးထက်၊ စိုးစန္ဒာထွန်း၊ အိအိချွန်၊ တသသ တို့နဲ့အတူ မြို့မ၀ိုင်းတော်သားများက သီဆိုဖျော်ဖြေကြပါတယ်။

ဧရာဝတီမြစ်အကြောင်း ဖေါ်ကျုးထားတဲ့ ဧရာဝတီကဇာတ်ကို ဖျော်ဖြေပြီး မန္တလေး လူငယ်သတင်းထောက်များရဲ့ “ အနန္တကျေးဇူးတော်ရှင်” အမည်ရှိ တစ်ခန်းရပ်ပြဇာတ်နဲ့လည်း ဧည့်ခံဖျော်ဖြေပါတယ်။ အငြိမ့်ခန်းမှာတော့ မင်းသမီး မိုးဟေမာန်၊ တွယ်တာတုံ၊ ဟာသလူရွှင်တော် ချစ်စရာ ၊ ပေါစိန်၊ ထင်ပေါ်၊ ချိုတူး၊ သာလောင် တို့က ဧည့်ခံဖျော်ဖြေကြပါတယ်။

No comments:

Post a Comment