Showing posts with label သတင်းရင်း(DVB). Show all posts
Showing posts with label သတင်းရင်း(DVB). Show all posts

Sunday, January 6, 2013

ငလျင်ဒဏ်ခံရသူများကို ကူညီပေးမယ့် ရန်ပုံငွေဖျော်ဖြေပွဲကို မန္တလေး အမျိုးသားကဇာတ်ရုံတွင်ကျင်းပ။

ငလျင်ဒဏ်ခံရသူများကို ကူညီပေးမယ့် ရန်ပုံငွေဖျော်ဖြေပွဲကို မန္တလေး အမျိုးသားကဇာတ်ရုံမှာ ဇန်န၀ါရီလ ၅ ရက်နေ့ ညပိုင်းက ကျင်းပပါတယ်။

ရန်ပုံငွေဖျော်ဖြေပွဲကို မန္တလေး စာပေအနုပညာရှင်များ၊သတင်းသမားများဦးစီးကျင်းပတာ ဖြစ်ပြီး မြို့မတူရိယာအသင်းနဲ့ ဆိုင်း စိန်တင့်လွင် အဖွဲ့တို့တီးခတ်ဖျော်ဖြေပြီး အဆိုတော်များဖြစ်ကြတဲ့သန်းမြတ်စိုး ၊ ဖိုးသောကြာ၊ စိုးထက်၊ စိုးစန္ဒာထွန်း၊ အိအိချွန်၊ တသသ တို့နဲ့အတူ မြို့မ၀ိုင်းတော်သားများက သီဆိုဖျော်ဖြေကြပါတယ်။

ဧရာဝတီမြစ်အကြောင်း ဖေါ်ကျုးထားတဲ့ ဧရာဝတီကဇာတ်ကို ဖျော်ဖြေပြီး မန္တလေး လူငယ်သတင်းထောက်များရဲ့ “ အနန္တကျေးဇူးတော်ရှင်” အမည်ရှိ တစ်ခန်းရပ်ပြဇာတ်နဲ့လည်း ဧည့်ခံဖျော်ဖြေပါတယ်။ အငြိမ့်ခန်းမှာတော့ မင်းသမီး မိုးဟေမာန်၊ တွယ်တာတုံ၊ ဟာသလူရွှင်တော် ချစ်စရာ ၊ ပေါစိန်၊ ထင်ပေါ်၊ ချိုတူး၊ သာလောင် တို့က ဧည့်ခံဖျော်ဖြေကြပါတယ်။

Friday, March 30, 2012

ဧပြီ ၁ ရက် - ကြားဖြတ်ရွေးကောက်ပွဲဝင် ပါတီများနှင့် မဲဆန္ဒနယ်အရေအတွက်

         ဧပြီ ၁ ရက် - ကြားဖြတ်ရွေးကောက်ပွဲဝင် ပါတီများနှင့် မဲဆန္ဒနယ်အရေအတွက်
 
စဉ်။
တံဆိပ်
ပါတီအမည်
ပြည်သူ့လွှတ်တော်
အမျိုးသား
လွှတ်တော်
တိုင်းဒေသကြီး
လွှတ်တော်
ပေါင်း
၁။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
၄၀
၆ (-၁)
၄၈ (-၁)
၂။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
၄၀
၄၈
၃။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
၁၇ (-၁)
၂၃ (-၁)
၎။
အမျိုးသားဒီမိုကရေစီအင်အားစု  
၁၃
-
-
၁၃
၅။
အမျိုးသားဒီမိုကရေစီပါတီသစ်
-
-
၆။
ဒီမိုကရက်တစ်ပါတီ (မြန်မာ)
-
-
၁၇။
ခေတ်သစ်ပြည်သူ့ပါတီ

၈။
အမျိုးသား နိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်
-
-
၉။
ပြည်သူ့ဒီမိုကရေစီပါတီ
-
၁၀
ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီ
-
၁၁
မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ
-
-
၁၂
မြန်မာအမျိုးသားကွန်ဂရက်ပါတီ
-
-
၁၃
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ
-
၁၄
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ
-
-
၁၅
ပအို့ အမျိုးသားအဖွဲ့ချုပ်
-
-
၁၆
ကိုးကန့် ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ
-
-
၁၇
လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ
-
-


--------------------------------TOTAL ------------------------------------------------
၁၃၂
၂၂
၁၆၀

တသီးပုဂ္ဂလများ
စဉ်

အမည်
မဲဆန္ဒနယ်
၁။
ဒေါက်တာတူးဂျာ- ( ဦးမနန် တူးဂျာ)
ကချင် - မိုးကောင်း
၂။
ဒေါ်မြင့်မြင့်အေး
ပခုက္ကူ - မန္တလေးတိုင်း
၃။
ဦးခင်လှိုင် (ဇောတိက သင်္ကန်းတိုက်)
မရမ်းကုန်း - ရန်ကုန်တိုင်း
၎။

ဦးမြင့်လွင်သန်း
ပုဗ္ပသီရီ - နေပြည်တော်
၅။

ဦးဟန်ရှင်ဝင်း
ရေစကြို - မကွေးတိုင်း
၆။

ဦးစိန်လှ
မဟာအောင်မြေ- မန္တလေးတိုင်း
၇။

ဦးညွန့် ဦး - ၈၈ ပြည်သူ့အင်အားစုပါတီ
မဟာအောင်မြေ - မန္တလေးတိုင်း
၈။

ဦးကျော်ကျော် - ဒီမိုကရက်မဟာမိတ်ပါတီ
မဟာအောင်မြေ - မန္တလေးတိုင်း
၂၀၁၂ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း အရေအတွက် (ပြည်သူ့ လွှတ်တော်- ၁၄၀+ အမျိုးသားလွှတ်တော်- ၂၂+ တိုင်းဒေသကြီး ၆ )  - ၁၆၈  ( ၁၆၀ နိုင်ငံရေးပါတီ- ၈ ဦးက တသီးပုဂ္ဂလ)

Sunday, November 6, 2011

မဟာချိုင်ရေဘေး မြန်မာအလုပ်သမားများ​​ အခက်ကြုံနေ။

ထိုင်းနိုင်ငံ၊ ရေကြီးမှုမှာ မြန်မာအလုပ်သမားသိန်းနဲ့ချီ အလုပ်အလုပ်နေကြတဲ့ မဟာချိုင်ဒေသမှာ ရေဘေး ဒုက္ခခံနေကြရပြီး မြန်မာ ဘုန်းကြီးကျောင်းတွေမှာ စခန်းဖွင့် ကူညီနေရတယ်လို့ ရွှေတွံတေးဆရာတော် အရှင်ဝါယမက ဒီဗီဘီကို မိန့်ပါတယ်။


မဟာ ချိုင် ရေး ဘေး သင့် မြန် မာ များ
ရေက (၀၅.၁၁.၂၀၁၁)နေ့မှာပိုတက်လာပြီး နာရီပိုင်းအတွင်း ရေလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ဆိုပါတယ်။
မြန်မာအလုပ်သမားတွေ လုပ်ကိုင်တဲ့ စက်ရုံတွေပိတ်ထားပြီး နေအိမ် တိုက်ခန်းနဲ့ တန်းလျား​​တွေ​ ​ရေမြုပ်ကုန်တာကြောင့် ကားနဲ့ ကြိုပြီး ဘုန်တော်ကြီးကျောင်းမှာ စခန်းဖွင့်ပေးထားတာလို့ မဟာချိုင်မြို့နယ်၊ ၀တ်ခေါင် မေးဒေးယား ဘုန်းတော်ကြီး​ကျောင်းက ဆရာတော်အရှင်ဝါယမက မိန့်ပါတယ်။
“မနေ့ကပဲ စခန်းကို ဖွင့်လိုက်တာ။ အလုပ်သမား တရာလောက် ရောက်နေပြီ။ ရေက အကျမရှိဘဲ ဆက်တိုက် တက်လာတဲ့အခါကျတော့ အကုန်လုံး ပြေးရတာပေါ့။ တချို့ အလုပ်ရုံတွေကတော့ နည်းနည်း အဆင်ပြေတယ်။ အလုပ်ရှင်တွေက ထိုင်း အလုပ်သမားတွေကို လစာတွေ ချက်ချင်း ရှင်းပေးလိုက်တယ်။ နေရာတွေ ရွေ့ပေးလိုက်တယ်။ ကန်မောဒီးယားတွေကိုလည်း နေရာတွေ ရွေ့ပေးတယ်။ ဗမာတွေကျတော့ ခနနေဦး စဉ်းစားပေးမယ်ဆိုပြီးတော့ ဒီအတိုင်း ထားတယ်။ ရေက တက်လာတော့ အကုန်လုံး ဒုက္ခရောက်တာပေါ့။ အဲဒီလိုဟာတွေ သတင်းရရင် ချင်ချင်းသွားရတာပေါ့။”
အလုပ်သမားတချို့က စနစ်တကျနဲ့ရေလွတ်ရာကို ထွက်လာနိုင်ကြပေမယ့် အပြင်ပတ်ဝန်းကျင် မသိတဲ့တချို့က နေရာမှာပဲ ထိုင်နေကြပြီး​ ထွက်မလာတတ်ကြဘူးလို့လည်း​​ ​ရှင်းပြပါတယ်။
မဟာချိုင်က ရေဘေးသင့်​​​ မြန်မာအလုပ်သမားတွေကို သံဃာတော်တွေ၊ မြန်မာတွေကပဲ ၀ိုင်းဝန်းကူညီပေးနေကြရပြီး မြန်မာသံရုံးကလည်း ကူညီပေးဖို့ အကျိုးအကြောင်း ဒီနေ့ လာလျှောက် သွားတယ်လို့ မိန့်ပါတယ်။
“မနက်ဖြန်ကို သံရုံးက လာမယ်ပြောတယ်။ ဒီနေ့ကတော့ သူတို့နဲ့ ဆက်နွယ်နေတဲ့ ထိုင်းအဖွဲ့ပေါ့။ အလှူရှင်တွေပေါ့ လာကြည့်သွားတယ်။ သူတို့ဆောင်ရွက်ပေးပါမယ်ဆိုတဲ့​ အကြောင်းပေါ့။ သံရုံးကလည်း ထိုင်းအစိုးရနဲ့ပေါင်းပြီး သူတို့ စောင်ရှောက်ပေးနေတယ် ​ပြောတယ်။ ဒီမှာလည်း လိုတာကြည့်ပြီး ဆောင်ရွက်ပေးမယ်လို့ ပြောတယ်။ သူတို့စီစဉ်နေတယ်လို့လည်း လာလျှောက်တယ်။”
အခုလက်ရှိ ဘုန်းတော်ကြီးကျောင်းမှာ ဒုက္ခသည် တထောင်ကျော်ကျော်ထိ လက်သင့်ခံထားနိုင်​ပေမယ့်​ အစားအသောက်နဲ့ ​ရေကိုတော့ ပြည်တွင်းပြည်ပက​ ​မြန်မာတွေအနေနဲ့ ၀ိုင်းဝန်း ဆောင်ရွက်ပေးမှ ရမယ်လို့ မိန့်ကြားသွားပါတယ်။
“အတတ်နိုင်ဆုံး စိတ်ဓာတ်အင်အားရော၊ ငွေကြေးအင်အားရော တတ်နိုင်သလောက် ကူညီစောင့်ရှောက်ပေးပါ။ ထောက်ပံ့ပေးကြပါလို့ ပြောချင်ပါတယ်။”
မဟာချိုင်ဒေသက မြန်မာအလုပ်သမားတွေ အနေနဲ့ မဟာချိုင် ကယ်ဆယ်ရေးစခန်း ဖုန်း ၀၈၀-၄၅၈၅-၁၂၈၊ ၀၈၉-၄၁၃၃-၁၇၉၊ ၀၈၉-၆၈၅- ၂၉၆၆၊ ၀၈၄-၆၇၀-၅၇၂၇  တို့ကို ဆက်သွယ် အကူအညီ တောင်းခံနိုင်ကြသလို၊ ရေဘေးသင့်နေသူတွေကိုလည်း အဲ့ဒီဖုန်းတွေဆက်ပြီး ကူညီပေးနိုင်ကြပါတယ်။

Sunday, October 30, 2011

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့တိုင်းရင်းသားအရေးနှင့် လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စ ဆွေးနွေး။

အမျိုးသားဒီမိုကရေစီ ​ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရကိုယ်စားလှယ် ဦးအောင်ကြည်တို့ ဒီနေ့(၃၀.၁၀.၂၀၁၁) တွေ့ဆုံရာမှာ တိုင်းရင်းသား​ လက်နက်ကိုင်အဖွဲ့တွေနဲ့ ထာဝရ ငြိမ်းချမ်းရေးရရှိဖို့ ကိစ္စနဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်သူများကိစ္စကို ဆွေးနွေးခဲ့ကြတယ်လို့ ပူးတွဲထုတ်ပြန်ပါတယ်။
 

တခြား အသေးစိတ်အချက်အလက်တော့ ထုတ်ပြန်ချက်မှာ မပါပါဘူး။စိမ်းလဲ့ကန်သာမှာ နေ့ခင်းတနာရီက စတင်ပြီး တနာရီနီး ပါးကြာမြင့်တဲ့ ဒီဆွေးနွေးပွဲဟာ ​ ​ပြည်ထောင်စု​ သမ္မတမြန်မာနိုင်ငံ​ အစိုးရ​ အဖွဲ့ရဲ့​​ ​ဒေါ်အောင်ဆန်းစုကြည်ကို လေးကြိမ်မြောက်​ ဖိတ်ကြားချက် ဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲမှာ အရင်ဆွေးနွေးပွဲတွေအပေါ် နိုင်ငံတော်က ကူညီ ဆောင်ရွက်ပေးတဲ့ အခြေအနေ၊ တိုင်းပြည်စီးပွားဖွံ့ဖြိုးတိုးတက်လာဖို့လွတ်လပ်စွာ ကုန်သွယ်ခွင့်၊ ကူးသန်းရောင်းဝယ်ခွင့် ရရှိရေးနဲ့ လွတ်လပ်စွာ ငွေကြေး လည်ပတ်သုံးစွဲခွင့် ရရှိရေးတို့၊ အရေးကြီးမှုနဲ့ ပတ်သက်လို့ အမြင်ချင်း ဖလှယ်ခဲ့ ဆွေးနွေးခဲ့ကြတယ်လို့ ပူးတွဲထုတ်ပြန်ချက်က ဆိုပါတယ်။
အစိုးရသစ်လက်ထက်မှာ တတိယအကြိမ်  တွေ့ဆုံအပြီး နှစ်ဖက် ပူးတွဲ ကြေညာချက်မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ သမ္မတက စဉ်းစားနေတဲ့ကိစ္စ၊ ဧရာဝတီ မြစ်ကြောင်း ထိန်းသိမ်းရေး ပူးပေါင်းဆောင်ရွက်ရေး၊ ဥပဒေပြင်ပ လက်နက်စွဲကိုင် ဆန့်ကျင်သူများ ဥပဒေဘောင်တွင်း ဝင်ရောက်ပြီးထာဝရငြိမ်းချမ်းရေး တည်ဆောက်ပေးဖို့ အစိုးရက ကြိုးပမ်းနေတဲ့ ကိစ္စနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့တရားဥပဒေစိုးမိုးရေးမှာ ပူးတွဲဆောင်ရွက်ဖို့ကိစ္စနဲ့ဆက်လက်ဆွေးနွေးဖို့သဘော တူခဲ့ကြပါ တယ်။
ဝန်ကြီးဦးအောင်ကြည်နဲ့ နှစ်ကြိမ်တွေ့အပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနှစ်ဩဂုတ်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒီနောက် မကြာသေးခင်က သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် ပြန်လွတ်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်အစိုးရလက်ထက် ဆက်ဆံရေး ၀န်ကြီး ဦးအောင်ကြည်ကို ၂၀၀၇ ခုနှစ် အောက်တိုဘာ ၂၅ ကစလို့ ၉ ကြိမ် တွေ့ခဲ့ပေမယ့် သိသာထင်ရှားတဲ့ ရလဒ်တစုံတရာ မထွက်ပေါ်ခဲ့ပါဘူး။