မြန်မာနိုင်ငံ၌ မြှုပ်နှံထားသည်ဆိုသော ဗြိတိန်တိုက်လေယာဉ် Spitfire များကို တူးဖော်မည့် အဖွဲ့အနေဖြင့်မြန်မာနိုင်ငံ
ထို့ပြင် ၄င်းအဖွဲ့သည် ရန်ကုန်မြို့  မင်္ဂလာဒုံ လေဆိပ်တွင် အဆင့်မြင့် နည်းပညာသုံး ကရိယာများအသုံးပြု၍ ရှာဖွေခဲ့ရာပင်မ လေယာဉ် ပြေးလမ်း၏ အနောက်ဘက် ပြည်လမ်းဘက်ခြမ်းတွင် လေယာဉ်များ ထည့်ထားသည့် သေတ္တာများ မြှုပ်နှံထားသည့် နေရာအား တွေ့ရှိခဲ့သည်။ ၄င်း တွေ့ရှိရသော လေယာဉ်ထည့်ထားသည့် သေတ္တာများအား စက်ကရိယာများအသုံးပြု၍ တူးဖော်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
မြန်မာပြည်အတွင်း ရန်ကုန်လေဆိပ် အနီးတွင် Spitfire လေယာဉ်၃၆ စီး၊ မြစ်ကြီးနားတွင် ၁၈ စီး၊ မိတ္ထီလာတွင် ၆ စီးတို့ မြှုပ်နှံထားဖွယ် ရှိသည်ဟု လေယာဉ်ရှာဖွေရေး အဖွဲ့က ယူဆထားသည်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်က ဒုတိယကမ္ဘာစစ်တွင်းတွင် ဗြိတိန် လေတပ်မတော်က အားထားရတဲ့ Spitfire တိုက်လေယာဉ်တော်တော် များများကို ဒုတိယကမ္ဘာစစ် ပြီးခါနီးမှာ မြန်မာ့မြေပြင်အောက် လုံလုံခြုံခြုံ သိမ်းဖွက်သွားခဲ့ခြင်းဖြစ်သ
ယခုလက်ရှိအချိန် ကမ္ဘာပေါ် ၌ှSpitfire လေယာဉ် အစီး ၅၀ အောက်သာ ကျန်ရှိတော့မည်ဟု ခန့်မှန်းထားကြပြီး ယခုတူးဖော်မှု များမှ မပျက်စီးဘဲ အကောင်းပတိအတိုင်း တွေ့ရှိရပါကအရေအတွက်မှာ နှစ်ဆဖြစ်လာနိုင်ခြေ ရှိသည်။
တူးဖော်မှုတွင် နိုင်ငံတော် အစိုးရ၊ ရွှေတောင်ပေါ် ကုမ္ပဏီ နှင့် ဗြိတိသျှ အခြေစိုက် DJC ကုမ္ပဏီတို့ ပူးပေါင်း လုပ်ဆောင် ကြမည်ဖြစ်ပြီး လေယာဉ် ရှာဖွေရေးအဖွဲ့ တွင် ဗြိတိသျှ DJC ကုမ္ပဏီ ဥက္ကဋ္ဌ အသက် ၆၂ နှစ်အရွယ် Mr.David J.Cundall ဦးဆောင်သည့် အဖွဲ့ဝင် ၂၁ ဦးပါဝင်ပြီး ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၆ ရက်နေ့ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆ
လေယာဉ်များ ရှာဖွေမှုတွင် အကျိုးအမြတ် ခွဲဝေမှုအနေဖြင့် နိုင်ငံတော် အစိုးရက ၅ဝ ရာခိုင်နှုန်း၊ရွှေတောင် ပေါ် ကုမ္ပဏီ က ၂ဝ ရာခိုင်နှုန်း နှင့် ဗြိတိသျှ DJC ကုမ္ပဏီက၃ဝ ရာခိုင်နှုန်း ဖြင့် သဘော တူညီခဲ့ ကြခြင်း
ဖြစ်သည်။
No comments:
Post a Comment