နေပြည်တော် ဇန်န၀ါရီ ၁၁ ရက်
 ပြည်သူ့လွှတ်တော်
 ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နေ့လည် ၁၂ နာ၇ီ ၃၀ မိနစ်တွင် 
Pacific Council မှ ရင်းနှီမြုပ်နှံမှု ဆိုင်ရာ လုပ်ငန်းရှင် များနှင့် နေပြည်တော် လွှတ်တော် အဆောက်အအုံ ရှိ ( I.12)တွင် တွေ့ဆုံခဲ့ကြောင်းသိရသည်။
 " ရင်းနှီးမြုပ်နှံ မှု အခြေအနေတွေ ကို လာပြီးလေ့လာတာပါ၊အခြေအနေတွေ ဘယ်လို
 ရှိနေပြီလဲ ဆိုတာ သိချင်တဲ့ သဘောပါပဲ၊အားလုံးက အမေရိကန်က  
ကမ္ဘာ့ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တွေချည်းပါပဲ၊ဆက်သွယ်ရေး၊ပြတိုက်လုပ်ငန်း၊မြို့ပြစီမံကိန်းလုပ်ငန်းရှင်တွေ၊ဆောက်လုပ်ရေး
 လုပ်ငန်းရှင်တွေ၊ကမ္ဘာ
 ကျော်(NIKE/OKLEY)စတဲ့ အ၀တ်အထည် 
တံဆိပ်တွေထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေပါ။ "ဟု ၄င်းအဖွဲ့နှင့် လိုက်ပါလာသော 
DR. Miemie Winn Byrd (Associate professor) ကပြောသည်။
 ယင်းအဖွဲ့တွင် လုပ်ငန်းရှင် စုစုပေါင်း ၁၆ ဦးပါဝင်ကြောင်းသိရသည်။
No comments:
Post a Comment